Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 26, 2017

မိုးကျရွှေကိုယ် စနစ်


" ဗဟုသုတ အလို့ငှာ ဖတ်ပါ "

ကျနော် ပုခုံးပေါ်က ရာထူးကိုဒုရဲအုပ် ( စခန်းမှူး ) လို့ခေါ်ပါတယ်

ကျနော် ဒုရဲအုပ် သင်တန်းမတက်ခင်ကဒုရဲအုပ် ( စခန်းမှူး ) ၊တစ်ပွင့် အပြာခံ ရာထူးဟာ
မြို့မစခန်း ( က အဆင့်စခန်း ) တစ်ခုကိုစခန်းမှူးအဖြစ် အုပ်ချုပ်ခွင့် ရှိခဲ့ပါတယ်။
ကျနော်တို့ ဒုရဲအုပ်သင်တန်းဆင်းပြီး ၁ နှစ်လောက်နေတော့
စခန်းမှူး ဆိုတာ ရဲအုပ် ( နှစ်ပွင့် )အဆင့်ကတာဝန်ယူနေပါပြီ။
ဒါပေမယ့် တစ်ပွင့် အပြာခံ ခေါ်တဲ့ ဒုရဲအုပ်စခန်းမှူးရာထူးအဆင့် က ရှိနေဆဲပါ။
လစာ ၁၅ ကျပ်သာတိုးပြီး တစ်ပွင့်လေးအောက်မှာ
အပြာခံ ရဖို့ စာမေးပွဲ အဆင့်ဆင့်ဖြေရပါတယ်။
ဒုရဲအုပ်သင်တန်းဆင်းပြီး ၅ နှစ်ကျော်လောက်ကြာမှ
အပြာခံ စာမေးပွဲ ဖြေဖို့ အခွင့်အရေး ရပါတယ်။
ရေးဖြေ နှုတ်ဖြေ လူတွေ့ အဆင့်ဆင့်ဖြေပြီးမှ
ဒုရဲအုပ် ကနေ ဒုရဲအုပ် ( စခန်းမှူး ) ဖြစ်ခွင့်ရှိပါတယ်။

အဲဒီအချိန်မှာဒုရဲအုပ်သင်တန်းဆင်းဘက် အထူးစုံစမ်းစစ်ဆေးရေး
( စစစ ) သူငယ်ချင်းတွေက ဦးစီးမှူး ( သုံးပွင့် ) တွေတင်ကုန်ကြပါပြီ။

ထိုစဉ်အခ်ျိန်က ရဲ စစ်စစ် ရဲမှူးတစ်ယောက် အနေနဲ့ရဲ လုပ်ငန်းတွေကို သိလွန်း တတ်လွန်းလို့
မင်းကြီး လို့ စတင်ခေါ်ဝေါ်သုံးဆွဲ ပါပြီ။
အရည်အချင်းပြည့်ဝကြတဲ့အတွက်မင်းကြီး လို့ အလေးထား ခေါ်ဝေါ်ကြပါပြီ
ခရိုင်တပ်ဖွဲ့မှူး ဒုတိုင်းတပ်ဖွဲ့မှူး တာဝန်ကိုယူကြပါပြီ။

ရဲ စစ်စစ် ဒုရဲအုပ်တစ်ယောက်အနေနဲ့field promotion မဟုတ်ပဲနဲ့
ရဲအုပ် တစ်ယောက်ဖြစ်ဖို့ ၇ နှစ်လောက်စောင့် ဆိုင်းရပါလိမ့်မယ်။
ရဲမှူး အဆင့်ကိုတော့ ရာထူးကံပါရင်၁၂ နှစ် ၁၅ နှစ် စောင့်ရမှာပါ။

အဲဒီအချိန်မှာပဲတပ်က ဗိုလ်ကြီးအဆင့်က တစ်ဆင့်တိုးပြီးရဲမှာ ရဲမှူး လာဖြစ်တယ်။
ကိုယ့်ထက် အသက်လည်းငယ်ရဲလုပ်ငန်းလည်း မကျွမ်းကျင်ပဲ
ကိုယ့်ရဲ့ အထက်အရာရှိကြီး လာဖြစ်တော့တာပဲစိတ်ဓာတ် ကျစရာအလွန်ကောင်းပါတယ်။

အာဏာရှင်စနစ်ရဲ့အနိုင်ကျင့် ဗိုလ်ကျမှု တစ်ခုပေါ့။
မိုးကျရွှေကိုယ် စီမံကိန်းလေ။တိုင်းပြည်ရဲ့အားနည်းချက်ကို ဖြည့်ဆည်းတာ
မဟုတ်ဘူးဆိုတာတော့ သေချာတယ်။
ဘာလို့လည်းဆိုတော့ပညာရေးမှာ အားနည်းတာ အများအသိ။
ကျောင်းဆရာ ဝင်လုပ်တဲ့တပ်မတော် အရာရှိ တစ်ယောက်မှ မရှိလို့ပဲ။

တပ်မတော်ပြီးရင်ရဲတပ်ဖွ့ဲ့ဟာ အင်အားအကြီးဆုံးလက်နက်ကိုင် တပ်ဖွဲ့ပဲ။
အာဏာရှင်စနစ်ကို မတော်လှန်နှိုင်အောင်စီးနင်းထားတယ် ဆိုရအောင်လည်း
အင်အားတောင့်တင်းတဲ့တပ်မတော် ထောက်လှမ်းရေး တပ်ကြီးတစ်ခုလုံး
ရက်ပိုင်းအတွင်းမှာ ဖြောက်ဖျက် ပြစ်လိုက်နိုင်တာပဲ။

ကိုင်း အခု အာဏာရှင်စနစ် မဟုတ်တော့ဘူး။
မိုးကျရွှေကိုယ် စနစ်ဟာပြည်သူတွေအတွက်ဘယ်ဘက်ကကြည့်ကြည့် မကောင်းဘူးလေ။
ဘယ်အဖွဲ့အစည်းကိုမှ တပ်မတော်အနေနဲ့ဖိနှိပ်ထားစရာ စီးနင်းထားစရာ မလိုတော့ပါဘူး။
တပ်မတော်ကို အကြည်ညိုပျက်စေတဲ့လုပ်ရပ်ကြီးပါ။
သူအဖွဲ့အစည်းနဲ့သူ အမြင့်ဆုံးရာထူးကိုခံစားခွင့် ရှိစေချင်ပါတယ်။

တပ်မတော်ကို ချစ်တယ်
တပ်မတော်ကို လေးစားတယ်
တပ်မတော်ကို ကြည်ညိုတယ်

တပ်မတော်ကို လေးစားမှုပျက်ယွင်းစေမယ့်တပ်မတော်ကို အကြည်ညိုပျက်စေမယ့်
လုပ်ရပ်ကြီးတွေကို မုန်းတယ်။

ပွင့်လင်းမြင်သာတဲ့ it ခေတ်ကြီးမှာကျနော် တွေးသလို တွေးကြမှာပါ
ကျနော်တွေးတာထက် ပိုပြီးတွေးကြမှာပါ။

သိက္ခာရှိတဲ့ မြန်မာပြည်ကြီးဖြစ်တည်မှုကို ကြိုးစားတည်ဆောက်ပေးကြဖို့
ပန်ကြားပါတယ်။
Win Myaing
https://www.facebook.com/photo.php?fbid=726915100826215&set=a.120185904832474.1073741825.100005231950677&type=3&theater