Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 26, 2017

အလှမယ် ဂုဏ်သိက္ခာညှိးနွမ်းစေသည့်အရာများ ကျူးလွန်သည်ဟုဆိုကာ မုံရွာအလှမယ် သရဖူ ပြန်သိမ်းခံရ


အလှမယ် ဂုဏ်သိက္ခာညှိးနွမ်းစေသည့်အရာများ ကျူးလွန်သည်ဟုဆိုကာ မုံရွာအလှမယ် သရဖူ ပြန်သိမ်းခံရ

မုံရွာ၊ ဇူလိုင် ၂၅။
နှင်းမောင်

အလှမယ်တစ်ယောက် ဂုဏ်သိက္ခာညှိုးနွမ်းစေသည့် အကြောင်းအရာများ ကျူးလွန်မှုများရှိခဲ့သောကြောင့် Miss Universe Monywa 2017 အလှမယ်သရဖူကို ပြန်သိမ်းကြောင်း ပွဲစီစဉ်သူ Organization ၏ထုတ်ပြန်ချက်အရ သိရသည်။

Miss Universe Myanmar 2018 အလှမယ်ပြိုင်ပွဲဝင်ရန် တိုင်းနှင့်ပြည်နယ်အသီးသီးမှ ကိုယ်စားပြုအလှမယ်ရွှေးချယ်ရာ Miss Universe Monywa 2017 ပြိုင်ပွဲကို ဇူလိုင် ၁၄ ရက်နေ့က မုံရွာမြို့မြစန္ဒာခန်းမတွင် ပြုလုပ်ခဲ့သည်။

၎င်းပွဲတွင် သုးံနှစ်ဆက်တိုက် မလျော့တမ်း ဇွဲဖြင့် ယှဉ်ပြိုင်ခဲ့သော နောက်ဆုးံခါးနံပတ်ဖြစ်သည့် နံပတ် ၁၆ သဉ္ဇာချမ်းမြေ့က သရဖူဆွတ်ခူးနိုင်ခဲ့သည်။

ယင်းသို့သရဖူ ပိုင်ဆိုင်ပြီး ၇ ရက်အကြာတွင် ရုတ်သိမ်းကြောင်း၊ ဥပဒေအရ အရေးလည်း ယူမည်ဖြစ်ကြောင်း Miss Universe Monywa 2017 Organization က ကြေညာခဲ့ခြင်း ဖြစ်သည်။

ထုတ်ပြန်စာတွင် ဂုဏ်သိက္ခာညှိးနွမ်းစေမှုများကို ကျူးလွန်ခဲ့ကြောင်း အလှမယ်ကိုယ်တိုင် တောင်းပန်ဝန်ခံထားသည်ဟု ဖော်ပြထားသည်။


Miss Universe Monywa 2017 ပြိုင်ပွဲအပြီး နောက်ရက်တွင် မုံရွာစီးပွားရေးတက္ကသိုလ်ကျောင်းသူ ပြိုင်ပွဲဝင်တစ်ဦးဖြစ်သည့် ခါးနံပတ် ၁၄ မသင်းသင်းအောင်(မည်သည့် ဆုမှ မရရှိ) မှ Organization အဖွဲ့မှ တစ်ဦးသည် ၄င်းကို တစ်ဦးတည်း ဟိုတယ်သို့ ခေါ်၍ အလှမယ်ဖြစ်နိုင်ချေ ရှိသောကြောင့် ဒိုင်အဖွဲ့ဝင် ၇ ဦးအတွက် ငွေကျပ်တစ်သိန်းစီ ကန်တော့ရန်၊ Winnerကြေးမယူရန် တို့ကို ပြောဆိုမှုများရှိကြောင်း ပွဲမစမီအချိန်ထိ ဖုန်းဆက် ပြောဆိုမှုများရှိကြောင်း ပြောကြားခဲ့သည့် ဖုန်း အသံဖိုင်များကို မီဒီယာများအား ချပြ ရှင်းလင်းခဲ့သည်။


Organization အဖွဲ့၊ဒိုင်အဖွဲ့ဝင် အချို့နှင့် City Director တို့မှလည်း သတင်းစာရှင်းလင်းပွဲပြန်လုပ်ပြီး ခါးနံပတ် ၁၄ မှ သရဖူရရန် မည်သို့လုပ်ရမည်နည်းမေးမြန်း၍ ၄င်းကဲ့သို့ ပြောဆိုခဲ့ကြောင်း သေချာပေါက်ရရှိရန် ပြောဆိုပေးခြင်းမျိုးမဟုတ်ကြောင်း၊ပြိုင်ပွဲကို ဒိုင်များ၏ အမှတ်စာရင်းအတိုင်းသာ မှန်မှန်ကန်ကန် ရွှေးချယ်ခဲ့ကြောင်းစသဖြင့် ပြောဆိုခဲ့ပြီး နှစ်ဖက် မပြေလည်မှုများလည်း ရှိခဲ့သည်။

“king &Queen မှာ လုပ်တဲ့သတင်းစာရှင်းပွဲမှာတုန်းက Winner ရတဲ့အလှမယ်နောက်ကြောင်းကို record အကုန်ရှိတယ်၊စုံစမ်းထားတယ်ပြောတယ်၊ ခုကျ ဂုဏ်သိက္ခာ ညှိနွမ်းတဲ့ဟာတွေလုပ်လို့ ဆိုပြီး ဆုပြန်သိမ်းတယ်၊ သေချာ မစုံစမ်းပြီးရွှေးပြီးမှ ပြန်ဖြုတ်တာ သူတို့အားနည်းချက်လေ၊Miss Universe Myanmar ပြိုင်ပွဲမှာ မုံရွာကိုယ်စားပြု တစ်ယောက်မှ မပါတော့ဘူးဖြစ်သွားတယ်၊ ဒါဆိုရင် မုံရွာကလုပ်ငန်းရှင်တွေ ဒီပွဲအတွက်စပွန်ဆာတွေ ပေးခဲ့ရတာ၊ကူညီခဲ့ရတာတွေ အလကားပဲ၊ပွင့်လင်းရိုးသားစွာမလုပ်ခဲ့တဲ့ Organization ကြ ဘာလို့ အရေးမယူလဲပေါ့၊”ဟု မုံရွာမြို့ခံလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပေးပြောကြားသည်။

Credit : CentralNewsMyanmar