Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, June 16, 2017

အလုပ်ရှင်ကဖြစ်ဖြစ် ငြင်းပယ်ခံခဲ့ရရင် စိတ်ပျက်မသွားပါနဲ့ Brian Acton ရဲ့ အကြောင်းလေးကို ပြန်သတိရလိုက်ပါ...


၂၀၀၉ ခုနှစ် ဝန်းကျင်လောက်မှာအလုပ်ရှာနေတဲ့ဆော့ဝဲလ် အင်ဂျင်နီယာလူငယ် တစ်ယောက်ကိုဘယ်ကုမ္ပဏီကမှ အလုပ်မခန့်ခဲ့ဘူး

တကယ်တော့ သူ့က Yahoo နဲ့ Apple ကုမ္ပဏီတွေမှာ ၁၀ နှစ်လောက် အတွေ့အကြုံ ရှိခဲ့တဲ့သူလေ

အဲဒီအချိန်က ကြီးမားတဲ့ ဆိုရှယ်မီဒီယာ ကုမ္ပဏီကြီးတွေ ဖြစ်လာမဲ့ ကုမ္ပဏီ ၂ ခု က သူကို ငြင်းပယ်ခဲ့တယ်

အဲဒီ ၂ ခုကTwitter နဲ့ Facebook လေ

အဲလိုနဲ့ သူ့ကိုဘယ်ကုမ္ပဏီကမှ အလုပ်မခံတဲ့အခါ

သူ့ သူငယ်ချင်းတစ်ယောက်နဲ့ ပေါင်းပြီး Application လေးတစ်ခုဖန်တီးခဲ့ပြီး အဲဒါလေးက
မက်ဆေ့ပို့တဲ့ လောကကိုစိုးမိုးယုံသာမက တစ်ကမ္ဘာလုံးကအသုံး ပြုခဲ့ကြတယ်

သူကတခြားသူတော့ မဟုတ်ပါဘူး Whatsapp တည်ထောင်သူ Brian Acton လေ

သတိရဖို့က ၂၀၀၉ မှာFacebook က အလုပ်ခန့်ဖို့ ငြင်းခဲ့တယ်

အဲဒီနှစ်မှာပဲသူက Whatsapp ကိုဖန်တီးခဲ့တယ်

၂၀၁၄ မှာတော့ Facebook က Whatsapp ကို 19 ဘီလီယံဒေါ်လာနဲ့ ဝယ်ခဲ့ပြီးသူလည်း 3.8 ဘီလီယံဒေါ်လာချမ်းသာတဲ့ ဘီလီယံနာ တစ်ယောက် ဖြစ်လာခဲ့တယ်

အကယ်၍ မင်းဟာ ကိုယ့်ရဲ့ ကျောင်းဝင်ခွင့်ဖြစ်ဖြစ် ၊ ကိုယ့်ချစ်သူက ဖြစ်ဖြစ် ၊ အလုပ်သွားလျောက်တဲ့ အလုပ်ရှင်ကဖြစ်ဖြစ် ငြင်းပယ်ခံခဲ့ရရင် စိတ်ပျက်မသွားပါနဲ့

Brian Acton ရဲ့ အကြောင်းလေးကို ပြန်သတိရလိုက်ပါ...

တချို့ ငြင်းပယ်ခံရခြင်းတွေဟာ ဒီထက် ပိုကောင်းတာတွေ ဖြစ်လာဖို့ဆိုတာ မမေ့ပါနဲ့......

ရဲမင်း

(16/6/2017)
https://www.facebook.com/yeminhein?hc_ref=NEWSFEED&fref=nf

No comments:

Post a Comment