Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 17, 2017

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ၃၃.၈၉ ရာခိုင်နှုန်း အောင်မြင်

ကျောင်းသားတစ်ဦး အောင်စာရင်းကြည့်နေစဉ် (ဆင်ဟွာ)
    ရန်ကုန်၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

    ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ တွင်ပြည်နယ် နှင့် တိုင်းဒေသကြီး အလိုက် ဖြေဆိုသူကျောင်းသားပေါင်း ၇၁၆,၁၈၈ ရှိခဲ့ပြီး ၊ ၂၄၂,၇၃၆ အောင်မြင်ခဲ့ရာ၊ ရာခိုင်နှုန်းအားဖြင့် ၃၃.၈၉ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း ပညာရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

စုစုပေါင်း ဂုဏ်ထူးရသူဦးရေ ၅၆,၇၁၈ ယောက်ရှိပြီး၊ ၁ဘာသာ ဂုဏ်ထူးရှင် ၃၆,၁၃၄ ယောက်၊ ၂ဘာသာ ဂုဏ်ထူးရှင် ၈၈၅၉ယောက်၊ ၃ ဘာသာဂုဏ်ထူးရှင် ၅,၃၆၆ ယောက်၊ ၄ဘာသာဂုဏ်ထူးရှင် ၃၆၇၆ယောက်၊ ၅ဘာသာ ဂုဏ်ထူးရှင် ၁၈၇၄ ယောက်၊ ၆ဘာသာ ဂုဏ်ထူးရှင် ၈၀၉ ယောက်ရှိခဲ့သည်။

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် အောင်ချက်နှင့် ဂုဏ်ထူးဦးရေပြ ဇယားအားတွေ့ရစဉ်(ဓာတ်ပုံ- ပညာရေးဝန်ကြီးဌာန)
ဂုဏ်ထူးရ ဘာသာအရေအတွက် အားဖြင့် မြန်မာစာဂုဏ်ထူးရသူ ၃,၇၂၇ ယောက်၊ အင်္ဂလိပ်စာဂုဏ်ထူးရသူ ၃၀၄၅ ယောက်၊ သချာင်္ဂုဏ်ထူးရသူ ၁၀,၄၉၉ ယောက်၊ ဓာတုဗေဒဂုဏ်ထူးရသူ ၁၆,၉၄၂ ယောက်၊ ရူပဗေဒ ဂုဏ်ထူးရသူ ၁၁,၉၀၉ ယောက်၊ ဇီဝဗေဒဂုဏ်ထူးရသူ ၁၉,၄၂၅ ယောက်၊ သမိုင်း ဂုဏ်ထူးရသူ ၁၉၉၀ ယောက်၊ ပထဝီဝင် ဘာသာရပ်တွင် ဂုဏ်ထူးရသူ ၄,၉၉၄ ယောက်၊ ဘောဂဗေဒဂုဏ်ထူးရသူ ၂၆,၃၄၇ ယောက် ရှိကြောင်း ပညာရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

၂၀၁၆ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ တွင် ဖြေဆိုသူဦးရေ ၆၃၆,၂၃၇ ယောက်ရှိပြီး၊ အောင်မြင်သူ ဦးရေ ၁၉၀,၃၉၀ ဦးရှိခဲ့ရာ အောင်ချက် ၂၉.၉၂ ရာခိုင်နှုန်းအောင်မြင်ခဲ့သည်။ 

(Xinhua)
http://www.xinhuamyanmar.com

No comments:

Post a Comment