Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, June 16, 2017

မိုးညှင်းမီးရထား သံလမ်းကူးတွင် ၁၂ဘီးကား ရပ်တန့်ပိတ်ဆို့နေမှုကြောင့် အမှုဖွင့်ခံရ



ကျချင်ပြည်နယ် မိုးညှင်းမြို့ နားခါမြောက်ရပ်ကွက်ရှိ ဇေယျသုခဘုန်းကြီးကျောင်းရှေ့ သံလမ်းပေါ်တွင်၁၂ဘီး ကုန်တင်ကားတစ်စီး ရပ်တန့်ကာ ပိတ်ဆို့နေမှုကြောင့် အမှုဖွင့် အရေးယူထားကြောင် မိုးညှင်းမြို့မရဲစခန်းမှ သိရသည်။

နဘား-မြစ်ကြီးနား ခေါက်ပြန်ရထားသည် မိုးညှင်းဘူတာမှ မြစ်ကြီးနားဘက်သို့ ထွက်ခွာ လာစဉ် ဇွန်လ ၁၆ရက်နေ့ မနက် ၉နာရီ၄၀အချိန်၌ ရထားသံလမ်းမိုင်တိုင် အမှတ်(၆၃၄/၆-၇)ကြား တရားမ၀င် သံလမ်းကူးနေရာမှသံလမ်း၏ အရှေ့မှအနောက်ဘက်သို့၁၂ဘီးကုန်တင်ကားတစ်စီးလမ်းဖြတ်ကူးခဲ့ရာ အဆိုပါ ကားဝမ်းပိုက်အောက်ရှိ လေအိုးနှင့်သံလမ်းတို့ ချိတ်မိပြီး ရပ်တန့်နေ ခဲ့ကြောင်းသိရသည်။


 အဆိုပါ ဖြစ်စဉ်တွင် မိုးညှင်းမြို့  မြို့မရပ်ကွက်နေ အသက်၂၂နှစ်ရှိ အောင်ပြည့်စုံဆွေ ဆိုသူမောင်နှင်ခဲ့သော K-6051 NISSAN UD အပြာရောင်(၁၂)ဘီးကား၏ ရပ်တန့်မှုကြောင့် ခေါက်ပြန်ရထားမှာ မိနစ်(၅၀)ခန့် ရပ်တန့်စောင့်ဆိုင်းခဲ့ရကြောင်း သိရသည်။

 မြန်မာ့မီးရထားအား ခရီးစဉ်နောက်ကျစေသဖြင့် ကုန်တင်ကားအား စည်းကမ်းမဲ့မောင်နင်လာသူ အောင်ပြည့်စုံဆွေ အား(ပ)၁၀၀ ရထားပို့ဆောင်ရေးလုပ်ငန်း ပုဒ်မ-၈၅ဖြင့် မြန်မာ့မီးရထားသံလမ်းဌာနမှ တရားလိုပြုလုပ်ကာ ဖမ်းဆီးအရေးယူထားကြောင်း မိုးညှင်းမြို့မရဲစခန်းမှ သိရသည်

ထွန်းထွန်း
Myitkyina News Journal
https://www.facebook.com/myitkyinanewsjournal.mm

No comments:

Post a Comment