CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, June 21, 2017
အိမ်ရှင်မှ အိမ်အကူအမျိုးသမီးအား အလိုမတူပဲ သားမယား ပြုကျင့်မှု့ ဖြစ်ပွား
တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့ စံချိန်မီရပ်ကွက်၊ ရွှေညောင်ပင်လမ်း၊ ကျူးကျော်နေ၊ ဦးခင်မောင်ဦးနှင့်ဇနီး ဒေါ်နုနုလှိုင်တို့ နေအိမ်တွင်၊ လွန်ခဲ့သော (၁၀)ရက်ခန့် က၊ မထွေးထွေး(ခ)ပါးပါးဝ(၁၈)နှစ် ကွနှီးကျေးရွာ နေသူသည် အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့ သူဖြစ်ပြီး ဦးခင်မောင်ဦး လင်မယားမှာ အိမ် ရှေ့ခန်းတွင် အိပ်ကြပြီး၊ မထွေးထွေး(ခ)ပါးပါး မှာ နေအိမ် အခန်းတွင်း အိပ်ကြပါသည်။
(18-6-2017) ရက်နေ့ ည(၁၂)နာရီ အချိန်ခန့်တွင် မထွေးထွေး(ခ)ပါးပါးသည် နေအိမ် အိပ်ခန်းတွင်း အိပ်ပျော်နေစဉ်၊ ဦးခင်မောင်ဦးမှ မထွေးထွေး(ခ)ပါးပါး၏ ထမိန်အားဆွဲလှန်၍ လန့်နိုးပြီး ကြည့်လိုက်ရာအိမ်ရှေ့ခန်း မီးရောင်ကြောင့်၊ ဦးခင်မောင်ဦး ဖြစ်နေကြောင်းသိရပြီး၊ မထွေးထွေး(ခ)ပါးပါးမှ အော်ဟစ်ရန်ပြုစဉ် ဦးခင်မောင်ဦး မှ ပါးစပ်အားအတင်းပိတ်ပြီး၊ (၁၅) မိနစ်ခန့် ကြာ၊ အလိုမတူပဲ သားမယားပြုကျင့်ခဲ့ပါသည်။
(19-6-2017)ရက်နေ့ည(၁၁)နာရီအချိန်ခန့် တွင်လည်း မထွေးထွေး (ခ)ပါးပါး အိမ်ခန်းတွင်း အိပ်ပျော် နေစဉ် ဦးခင်မောင်ဦးမှ သားမယားပြုကျင့်ရန် ၎င်း၏ ခြင်ထောင် အတွင်းသို့ ဝင်လာရာ ဘာလာလုပ်တာလဲဟု ပြော သောကြောင့်၊ ၎င်းညတွင် သားမယားပြုကျင့်ခြင်းမခံရပါ။
(20-6-2017)ရက်နေ့နံနက်(၁၁)နာရီ အချိန်ခန့်တွင်၊ နေအိမ်၌ မထွေးထွေး(ခ)ပါးပါး တစ်ယောက်ထဲရှိနေစဉ်၊ ဦးခင်မောင်ဦးမှ နင့်ကိုချစ်တယ်ပြောပြီး၊ ရင်သားများကိုကိုင်၍ ဖက်နမ်းခဲ့သောကြောင့်၊ ရုန်းကန်ပြီး ထွက်ပြေးလာခဲ့ရာ၊ ယခင်အလုပ်လုပ်ခဲ့ဖူးသော၊ ဒေါ်ခင်သက်မူ မဟာသုခလမ်း၊ ရွှေကုန်းရပ်ကွက်၊ ကျောက်တန်းမြို့ နေသူထံ သွားရောက် အကျိုးအကြောင်း ပြောပြပြီး အကူအညီ တောင်းခံ၍၊ ကျောက်တန်းမြို့မရဲစခန်းသို့ မထွေးထွေး(ခ)ပါးပါး ကိုယ်တိုင် လာရောက် အမှုဖွင့် တိုင်ကြား၍ ကျောက်တန်းမြို့မ ရဲစခန်းမှူးဒုရဲမှူး ကျော်ဆွေ မှ (ပ)၄၀၄/၂၀၁၇၊ပုဒ်-၃၇၆၊ အရအမှုဖွင့်ပြီး၊ တရားခံ ဦးခင်မောင်ဦး(၅၁)နှစ်အား ဖမ်းဆီးစစ်ဆေးပြီး၊ အမှု့အား ဥပဒေနှင့်အညီ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
နိုးတူး / NoTwoKyauktan
အိမ်ရှင်မှ အိမ်အကူအမျိုးသမီးအား အလိုမတူပဲ သားမယား ပြုကျင့်မှု့ ဖြစ်ပွား
Reviewed by MP4 YoU
on
June 21, 2017
Rating: 5
Reviewed by MP4 YoU
on
June 21, 2017
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment