Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, June 9, 2017

အဒူလာကိန်းအကြမ်းဖက်ခေါင်းဆောင်၏ သက်တော်စောင့်ကို ပစ္စတို တစ်လက်၊ လုပ်သေနတ် ၄ လက်နှင့် အတူဘင်္ဂလာတွင် ဖမ်းမိ



နိရဉ္စရာ၊ ဇွန် ၉

ရခိုင်ပြည်နယ် နယ်စပ်တစ်လျှောက်နှင့် ဘင်္ဂလာဘက်ခြမ်းတွင် လူသတ်မှု၊ ဓါးပြတိုက်မှုများကို မကြာခဏ ကျူးလွန်နေသူ အဒူလာကိန်း၏ သက်တော်စောင့် တစ်ဦးကို လက်နက်များနှင့် အတူ ဇွန်လ ၈ ရက်နေ့ ညနေ ၇ နာရီ တွင် ဘင်္ဂလာဒေ့ရှ် အထူး မူခင်းနှိမ်နှင်းရေးတပ်ဖွဲ့ (RAB) က ဖမ်းဆီးမိခဲ့သည်ဟု ကော့စ်ဘင်္ဂလာသတင်းတွင် ဖော်ပြထားသည်။

အမှတ် (၇) အထူး မူခင်းနှိမ်နှင်းရေးတပ်ဖွဲ့ (RAB) မှ ဘင်္ဂလာဒေ့ရှ် နိုင်ငံ ကော့စ်ဘဇားခရိုင် တက်ကနက် မြို့နယ် ဥက္ကဋ္ဌရုံးနားတွင် အဒူလာကိန်း၏ သက်တော်စောင့်ဖြစ်သူ နူရ်အာဖ်ဆဲ (၂၂) အား လက်နက် စုစုပေါင်း ၅ လက်နှင့် အတူ ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

ဖမ်းမိသည့် လက်နက်များတွင် နိုင်ငံခြားလုပ် ပစ္စတိုတစ်လက်၊ လုပ်သေနတ် အတို ၄ လက်နှင့် ကျည်ဆံ ၁၀ တောင့်နှင့် အတူ ဖမ်းမိခဲ့သည်ဟု ဆိုသည်။

ယခုအခါ နုရ်အာဖ်ဆဲအား တက်ကနက်မြို့မှ ကော့စ်ဘဇားမြို့သို့ ယူဆောင်လာပြီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သတင်းတွင် ဖော်ပြထားသည်။

အဒူလာကိန်းအဖွဲ့၏ လက်ချက်ဖြင့် မြန်မာနှင့် ဘင်္ဂလာဒေ့ရှ်နယ်စပ်တွင် လူအများအပြား သေဆုံးခဲ့ရပြီး အဒူလာကိန်းကို နှစ်နိုင်ငံစလုံးက အလိုရှိနေကြောင်း သိရှိရသည်။

Narinjara
https://www.facebook.com/Narinjara

No comments:

Post a Comment