Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 1, 2017

၂၀၀၂ ခုနှစ် နိုင်ငံတော်ပုန်ကန်မှုနှင့် စကြာအောင်ပွင့်ခေါင်

 
၂၀၀၂ ခုနှစ် နိုင်ငံတော်ပုန်ကန်မှုနှင့် စကြာအောင်ပွင့်ခေါင်
စိုင်းလမင်း, Popular News Journal

• ဦးနေဝင်း၏ ကျန်းမာရေးအတွက်သာ ယတြာနှင့် ကူညီမှုများပြုလုပ်ပေးခဲ့ခြင်း ဖြစ်သော်လည်း နိုင်ငံတော်ပုန်ကန်မှု တွင် ပါဝင်သည်ဟုစွပ်စွဲကာ အဖမ်းခံခဲ့ရဟု စကြာအောင်ပွင့်ခေါင် ထုတ်ဖော်

ဦးနေဝင်း၏ ကျန်းမာရေးအတွက် ၄င်း၏ မြေးများက လာ ရောက်မေးမြန်းခဲ့ရာ တတ်ကျွမ်းသည့် ပညာရပ်ဖြင့် ကူညီခဲ့ ပြီး နောက်ပိုင်း ရင်းနှီးပတ်သက်ခဲ့ရာ မှ နိုင်ငံတော်ပုန်ကန်မှုတွင် ပါဝင်သည်ဟု စွပ်စွဲကာ အဖမ်းခံခဲ့ရခြင်းဖြစ်သည်ဟု ၂၀၁၃ ခုနှစ်က ပြန်လည်လွတ်မြောက်လာသော ကိုမျိုးမြင့် အောင် (အမှန်ဟော မနောမယ စကြာအောင်ပွင့်ခေါင်) က ထုတ်ဖော်လိုက်သည်။

၎င်းအား ၂ဝဝ၂ ခုနှစ် ၃ လပိုင်းတွင် ထောက်လှမ်းရေး ၂၆ မှ ဗိုလ်ကြီး ကျော်ကျော်ထွန်းက လာရောက်ခေါ် သွားခဲ့ပြီး ဦးနေဝင်းမြေးများနှင့် ပတ် သက်ပြီး နိုင်ငံတော်ပုန် ကန်မှု၊ အာဏာ သိမ်းမှုများဖြစ်ခဲ့ရာ ပါဝင်ပတ်သက် နေသည်ဟု ပြောခဲ့ကြောင်း ၄င်းကဆိုသည်။

”မဟုတ်ဘူး။ ကျွန်တော့်ကို ဒီနေ့ထိလည်း နိုင်ငံတော်ပုန်ကန် မှု၊ ယတြာချေပါလို့ တစ်ခါမှ မမေးဖူးဘူး။ ကျော်နေဝင်း ပါးစပ် ကကို ကျွန်တော်က (ကျော်နေဝင်း) စိတ်တိုတတ်တယ်။ နိုင်ငံရေး လုပ်လို့ရမှာ မဟုတ်ဘူး။ ကျွန်တော်က စီးပွားရေးပဲ လုပ်မယ်လို့ ပြောဖူးတယ်။ ဒီကိစ္စတွေ ကျွန်တော် လည်း မသိဘူး။ ယတြာတွေ ဘာတွေချေပေးတာ ကလည်း သူတို့အဖိုး ကျန်းမာရေး၊ လုပ်ငန်းတွေ တိုးတက်ဖို့ ဒီသဘောယတြာပဲ ပေးတယ်”ဟု ဆရာအောင်ပွင့်ခေါင်က ထိုစဉ်က သူပြန် လည် ဖြေရှင်းခဲ့ပုံကို ပြောသည်။

ထိုသို့ မေးမြန်းပြီး နှစ်ရက် အကြာတွင် အောင်သပြေ စစ် ကြောရေးစခန်း၊ ထို မှ အင်းစိန်သို့ပို့ခဲ့ကြောင်းနှင့် သုံးလခန့် အကြာ ထောက်လှမ်းရေး များ ရောက် လာပြီး တရားခံ လုပ်မလား၊ သက်သေ လုပ်မလား ဟု မေးမြန်းခဲ့ကြောင်း ၄င်း က ဆိုသည်။

”သက်သေ လုပ်ပေးလို့ရှိရင် ကျွန်တော်တို့နဲ့ ပူးပေါင်းပါ။ တရားခံဆိုရင်သိ တယ်မဟုတ်လားတဲ့။ အဲဒီတော့ ဘာ သက်သေလုပ်ရမှာလဲ ပြန်မေးတော့ ဒီအချက် ဒီအချက်တွေ ထွက်ပေးတဲ့။ လွတ်ရင်ပိုကောင်းတာပေါ့လို့ ပြောတယ်။ ကျွန်တော် အနန္တငါးပါးထဲမှာ ယုံကြည်ကိုးစားနေတာ။ ဒီလိုဖြစ် မှ ပြောဆိုပြီးတော့ ကျွန်တော့်သားတပည့် တွေ ကြိုးစင် တက်ခံရမယ့်ဟာမျိုး မလုပ် နိုင်ဘူး။ ကျွန်တော့်ဆီ သူတို့ အဖိုး ကျန်းမာရေးနဲ့လာတယ်။ နိုင်ငံတော် ပုန်ကန်မှု နဲ့ မပတ်သက်ရင် ထွက်မယ်။ ခုနကမဆိုင်တဲ့ဟာတွေတော့ မထွက်နိုင်ဘူးလို့ ပြောခဲ့တယ်”ဟု သူကပြောသည်။

သို့ရာတွင် ”ဒါပေမဲ့ အစိုးရသက်သေဖြစ်သွားတယ်”ဟု ၄င်းကပြောသည်။ ၄င်း၏ယတြာနှင့် အစီအရင်များအရ ဦးနေဝင်း ကျန်းမာရေးပြန် လည်ကောင်း မွန်ခဲ့ပြီးနောက် မြေးများက ကျေးဇူးဆပ်သည့်အနေဖြင့် လှူတန်းနိုင်ရန် တစ်လ လျှင်သုံးသိန်း၊ ကားကောင်းတစ်စီးနှင့် ဖုန်းတစ်လုံးပေးခဲ့ကြကြောင်း နှင့် သူ့အမည်ပေါက်နှင့် ထိုကားမှာ အမှုဖြစ်စဉ်က သိမ်းထားခဲ့ရာ ယခုတိုင် ပြန်မရသေးဟု ဆိုသည်။

ထို့ပြင်၎င်းအား တရားစွဲဆိုနိုင် ရန်အတွက် ပြုလုပ်ကြရာတွင် ၄င်းနေထိုင် ရာ ရပ်ကွက်၌ ဆယ်အိမ်မှူး၊ ရာအိမ်မှူး နှင့် ရပ်ကွက်ပြည်သူတို့ ပြဿနာဖြစ်ခဲ့ဖူးပြီး ထိုစဉ်က ရပ်ကွက်မှ မြို့နယ်သို့ တိုင် စာပို့ခဲ့ကြောင်း၊ ထိုစာကို သူ့ထံသို့ တပည့် တစ်ယောက်က ယူလာ၍ ဤအတိုင်း ထားလိုက်ကြောင်းနှင့် ၄င်းအား လာ ရောက် ဖမ်းစဉ်တွင်ထို စာကို ယူသွားကြ ကြောင်း ပြောသည်။

”၅(ည)တပ်ပြီး ရဝတ ဥက္ကဋ္ဌကို မဟုတ်မမှန်တိုင်တယ်ဆိုပြီး အဘ ဘိုး ဘိုးအောင် ၊ အဘဘိုးမင်းခေါင်ဓာတ်ပုံ တွေတွေ့တယ် ဆိုပြီး နောက်တံ ဆိပ်တွေ ငါး၊ ကျား၊ ယပ်တောင်၊ ဓားနှစ်လက်နဲ့ ဒေါင်းတံဆိပ်အဲဒါတွေနဲ့ ၁၇/(၂ဝ)နဲ့ ၇ နှစ် ၇နှစ် ၁၄နှစ်လုပ်ပြီး ၂၁ နှစ်ချလိုက် တာ”ဟု သူကဆိုပါ သည်။ ထိုတံဆိပ်များ မှာ အေးနေဝင်းက ကုမ္ပဏီတံဆိပ်ပြုလုပ်ရန် သင့်မသင့် အကြံလာတောင်းသည့် အရာများသာ ဖြစ်ပြီး နိုင်ငံတော်ပုန်ကန် မှုနှင့် မသက်ဆိုင်ကြောင်း ၄င်းက ပြော ပါသေးသည်။

”ကျော်နေဝင်းတို့နဲ့ပတ်သက်ပြီး တော့ ထောင်ကျတယ်။ သူတို့ယုံကြည် ကိုးကွယ်တယ်။ သုံးသိန်း၊ ကားနဲ့ဖုန်းပေး တယ်။ နောက်ပြည်ပ ဘီဘီစီ၊ အာရ် အက်ဖ်အေ တို့က ဦးနေဝင်းကို ဘာငြိုးတယ် မသိဘူး။ လှူတာ တစ်မတ်ကို တစ်ကျပ်ဖြစ်အောင် လုပ်တော့ ကျွန်တော် ထောင်ကျရတာ”ဟု ဆရာအောင်ပွင့် ခေါင်က ဆိုပါသည်။

စိုင်းလမင်း
November 20, 2013

Popular News Journal မှကူးယူဖော်ပြပါသည်။ 
 

 

 

 

No comments:

Post a Comment