Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 18, 2017

တင်​မိုးခိုင်​ ဆုံးပြီတဲ့ ။


တင်​မိုးခိုင်
---------------

တင်​မိုးခိုင်​ ဆုံးပြီတဲ့ ။
သူ့အ​ကြောင်း​ရေးဖို့ အချက်​အလက်​​တွေ စု​နေတာ ၊ စိတ်​တိုင်းကျ မရ​သေးလို့ ။
လွန်​ခဲ့တဲ့ ၂ ရက်​ ၊ ၃ ရက်​က စိတ်​ထဲမှာ သူ့သီချင်း​တွေ ညည်း​နေမိ​သေးတယ်​ ။ အထူးသဖြင့်​ စိုးပိုင်​နဲ့စုံတွဲ .. `` ချစ်​ရင်​ သတ္တိရှိတယ်​ ´´ သီချင်း​ပေါ့ ။ပရိသတ်​​တွေ ​ကျေနပ်​နှစ်​ခြိုက်​ခဲ့တဲ့ စတီရီယို​ခေတ်​ဦး ​တေးတစ်​ပုဒ်​ပါ ။

တင်​မိုးခိုင်​ဟာ စတီရီယို​ခေတ်​ မစတင်​မီ ၊ မြန်​မာ့အသံ local talent ​ခေတ်​ကတည်းက အစွမ်းပြခဲ့သူလို့ သိရပါတယ်​ ။ ​အော်​စတင်​ ၊ ဘိုဘိုဟန်​ ၊ ဗစ်​တာခင်​ညို ၊ နွဲ့ယဉ်​ဝင်းတို့နဲ့ တစ်​​ခေတ်​တည်း​လောက်​ပါ ။ Marie Connway ဆိုတဲ့ ဗိုလ်​နာမည်​နဲ့ ဆိုခဲ့တာပါ ။

စတီရီယို​ခေတ်​ဦး အမျိုးသမီးအဆို​တော်​​တွေထဲမှာ ပုလဲ ၊ ခင်​နုရီ ၊ တင်​မိုးခိုင်​ ၊ ​ကေဂျာနူးတို့က အ​စောဆုံးဆိုခဲ့တဲ့ ကြယ်​ပွင့်​​တွေလို့ ထင်​ပါတယ်​ ။ သူတို့​နောက်​မှာမှ ချိုပြုံး ၊ နွဲ့ယဉ်​ဝင်းတို့ ဖြစ်​ပါလိမ့်​မယ်​ ။ နွဲ့ယဉ်​ဝင်းက ဂျင်​မီဂျက်​ရဲ့ အရှိကို အရှိအတိုင်း စီးရီးကျမှ စတီရီယိုသီချင်း​တွေ စဆိုဖြစ်​ပါတယ်​ ။

သူက ​အောင်​ကိုလတ်​နဲ့ အိမ်​​ထောင်​ကျတယ်​ ။ ​အောင်​ကိုလတ်​ ချစ်​​ရေးဆိုပုံကလည်း ရုပ်​ရှင်​ဆန်​တယ်​ ။တစ်​ညသား မိုး​တွေရွာ​နေချိန်​မှာ တင်​မိုးခိုင်​ဆီကို ​အောင်​ကိုလတ်​က ဖုန်းဆက်​တယ်​ ။ ခဏလာချင်​တယ်​​ပေါ့ ။ တင်​မိုးခိုင်​က `` လာမလို့လား ၊ မိုး​တွေရွာ​နေတယ်​ ၊ ​မှောင်​လည်း ​မှောင်​​နေပြီ ´´ လို့ ​ပြောတယ်​ ။ ခဏ​နေ​တော့ ​အောင်​ကိုလတ်​ ​ရောက်​ချလာတယ်​ ။ အိမ်​​ရှေ့ဆင်​ဝင်​​အောက်​မှာပဲ `` I love u ´´ လို့ မင်းသားက ဗိုလ်​လို​ပြောတယ်​ ။သည်​လိုနဲ့ ချစ်​သူ​တွေဖြစ်​ကာ သူတို့လက်​တွဲဖြစ်​ခဲ့ကြပါတယ်​ ။
အောင်​ကိုလတ်​က ​ချော​တော့ အပျို​တွေ ဝိုင်းဝိုင်းလည်​ပါတယ်​ ။ တင်​မိုးခိုင်​က တစ်​ခါတ​လေ ဖုန်းထဲက​နေ ​မော်​ဒယ်​လ်​အသံနဲ့ ` ဆရာရှိလား ´ ... ၊ တစ်​ခါတ​လေ ` ဦးလတ်​လား .. ´ ​မေးတတ်​တယ်​ ။ ဟိုက သိတယ်​ ။ ​အောင်​ကိုလတ်​က အလုပ်​များတဲ့အခါ စိတ်​တိုတဲ့အသံနဲ့ `` ကဲ ... ​ပြော ၊ ဘာလဲ ´´ ​မေးရင်​ `` အဲဒီ ​ပြော ၊ ဘာလဲကြီးကို မကြိုက်​ဘူး ´´ တဲ့ ၊ စိတ်​​ကောက်​ပါတယ်​ ။ ပြီးရင်​​တော့လည်း ​ကျေနပ်​သွားကြတာပါပဲ ။

တင်​မိုးခိုင်​ ၊ ​ကေဂျာနူး ၊ နွဲ့ယဉ်​ဝင်း ၃ ဦး​ပေါင်း တစ်​​ခေတ်​ ဖြစ်​ခဲ့​သေးတယ်​လို့လည်း ကြားဖူးတယ်​ ။ စင်​​ပေါ်မှာ သူတို့ ၃ ဦး အင်္ဂလိပ်​သီချင်း​တွေ ဆိုကြတာပါ ။ ၃ ​ယောက်​လုံးက အင်္ဂလိပ်​စာ ကျွမ်းသူ​တွေ ၊ ကွန်​ဗင့်​​ကျောင်းထွက်​​တွေမို့ ​အော်​ရီဂျင်​နယ်​သီချင်း​တွေဆိုရတာ အာ​တွေ့ကြမှာပါပဲ ။ နား​ထောင်​လို့လည်း ​ကောင်းမှာပါ ။

သူက မြန်​မာ့အသံ ဝန်​ထမ်းလည်း ဖြစ်​ပါတယ်​ ။ အင်္ဂလိပ်​ပိုင်း အစီအစဉ်​​ကြေညာသူ ဖြစ်​ခဲ့ပါတယ်​ ။ ဟိုတုန်းက သူ အ​နောင်​ဇာလုပ်​တာ မကြာမကြာ ကြားဖူးပါတယ်​ ။ အထူးသဖြင့်​ 31st December မှာ အင်္ဂလိပ်​ပိုင်း အစီအစဉ်​ဝန်​ထမ်း​တွေ သူတို့အကြိုက်​ဆုံး မူရင်း​တေး​တွေကို ​ရွေးလွှင့်​​ပေးတဲ့အခါ စကား​ပြောခန်း​တွေ ပါပါတယ်​ ။ ဗိုလ်​လို ​ပြောကြတာပါ ။ ကိုညီညီ ၊ တင်​မိုးခိုင်​တို့က ပင်​တိုင်​ တင်​ဆက်​ရပါတယ်​ ။ ( Ko Nyi Nyi ဆိုတာ ချစ်​မဝံ့ရဲသီချင်းနဲ့ နာမည်​ကြီးသူလို့ ထင်​ပါတယ်​ ။ )

၁၉၈၀ ​လောက်​က ဘတ်​စကား​ပေါ်က​နေ တင်​မိုးခိုင်​ကို မြင်​လိုက်​ဖူးတယ်​ ။ သူက မြန်​မာ့အသံ​ရှေ့က စိုက်​ပျိုး​ရေးမှတ်​တိုင်​က​နေ လိပ်​ခုံးဖက်​ကို ကူးမလို့ ကားရှင်းချိန်​ ရပ်​​စောင့်​​နေတယ်​ ထင်​ပါတယ်​ ။အရပ်​အ​မောင်း အ​နေ​တော်​ပါပဲ ။ ကိုယ်​လုံးကိုယ်​ထည်​​တော့ နည်းနည်း ​သေးသွယ်​မယ်​ ထင်​ပါတယ်​ ။

အောင်​ကိုလတ်​ ဂျပန်​ကိုထွက်​​တော့ က​လေး ၂ ​ယောက်​အတွက်​ သူတစ်​​ယောက်​တည်း ရုန်းရရှာတယ်​ ။ ဟိုဂုရုကြီးက တကယ့်​အားတစ်​စ်​ ။ မန်းနီးဝါလား မဟုတ်​​တော့ အသပြာထက်​ အနုပညာကို ပိုလိုက်​စားတယ်​ ။ ဓာတ်​ပုံပညာ ​လေ့လာတယ်​ ။တင်​မိုးခိုင်​က အင်္ဂလိပ်​စာ ကျူရှင်​ပြရင်း စားဝတ်​​နေ​ရေး ​ဖြေရှင်းရတယ်​ ။ သူက ကျန်းမာ​ရေးလည်း သိပ်​မ​ကောင်းဘူး​ပြောတယ်​ ။ နှလုံး​ရောဂါ ရှိတယ်​ဆိုလားပဲ ။

သူ့အ​ကြောင်းကို သည့်​ထက်​မက ​ရေးဖွဲ့ချင်​ပါတယ်​ ။ အချက်​အလက်​​တွေက စိတ်​တိုင်းကျ မရ​သေးလို့ ​လော​လောဆယ်​ ၊ အ​ရေး​ပေါ် သည်​​လောက်​ပဲ ​ရေးဖွဲ့လွမ်းဆွတ်​လိုက်​ရပါတယ်​ ။

အန်​တီတင်​မိုးခိုင်​ ​ကောင်းရာဘုံဘဝ ​ရောက်​ပါ​စေ ။ ။

ref : သရဖူ မဂ္ဂဇင်း
Maung Maung Nee




No comments:

Post a Comment