Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, June 30, 2017

ရုရှားက ဗစ်တာလီ ဘစ်ဒက်ရှ်နဲ့ သုဝဏ္ဏ မိုးလုံလေလုံကွင်းမှာ မကျေပွဲ ပြန်လည် ထိုးသတ်မယ့် မြန်မာ့ စပါးအုံး အောင်လအန်ဆန်


မြန်မာ့မြေပေါ်က အောင်လအန်ဆန်းရဲ့ လက်ဝှေ့ပွဲ
တိုက်ရိုက်တင်ဆက်သည်။ 



မြန်မာ့စပါးကြီးမြွေ အနိုင်ရခဲ့တဲ့  ONE CHAIRMANSHIP

အောင်လအန်ဆန်းဟာ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲမှာ ရုရှားက ဗစ်တာလီ ဘစ်ဒက်ရှ် ကို ၅ချီအပြီးမှာဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ရပြီးရွှေခါးပတ်ရရှိခဲ့ကာ မြန်မာနိုင်ငံအတွက် ပထမဆုံးကမ္ဘာ့ချန်ပီယံဘွဲ့ကိုဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

ပထမအကြိမ်ထိုးစဉ်ကရှုံးနိမ့်ထားခဲ့တဲ့အောင်လဟာ ဒီတစ်ကြိမ်မှာတော့ နည်းစနစ်ပြောင်းလဲပြီး ထိုးသတ်ခဲ့ပါတယ်။သူကျွမ်းကျင်တဲ့ အချုပ်အစား အထိုးနည်းစနစ်နဲ့ ပြိုင်ဘက်ကို ယှဉ်ပြိုင်လာခဲ့တာပါ။ဒီပွဲမှာတော့ ဘစ်ဒက်ရှ်ဟာ ချုပ်ဖို့ကိုသာဦးစားပေးခဲ့တဲ့အတွက် အောင်လရဲ့ ထိုးချက်တွေအောက်မှာ ရှုံးနိမ့်ခဲ့တာပါ။

အနိုင်ရခဲ့တဲ့အောင်လကတော့ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့တာဟာ သူ့ကြိုးစားမှုတွေအပြင် သူ့ရဲ့ အသင်းဖော်တွေ နဲ့ မြန်မာနိုင်ငံသားတွေကြောင့်ဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။နောက်ပြီးတော့ သူဟာချန်ပီယံဖြစ်ခဲ့တဲ့အတွက်လည်း တခြားသူတွေကိုပြန်လည်စိန်ခေါ်ခဲ့ပါတယ်။

DVB


အောင်လအန်ဆန်
အသက် - ၃၂
အရပ် - ၆ ပေ ၁ လက်မ
ကိုယ် အလေးချိန် - ၁၈၅ ပေါင်
မနက်ဖြန်ဆိုရင် ရုရှားက ဗစ်တာလီ ဘစ်ဒက်ရှ်နဲ့ သုဝဏ္ဏ မိုးလုံလေလုံကွင်းမှာ မကျေပွဲ ပြန်လည် ထိုးသတ်မယ့် မြန်မာ့ စပါးအုံး အောင်လအန်ဆန်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ကြည့်ရအောင်ပါ။
အသက် ၃၂၊ အရပ် ၆ ပေ ၁ လက်မ၊ ကိုယ် အလေးချိန် ၁၈၅ ပေါင် ရှိတဲ့ အောင်လအန်ဆန်ဟာ မစ်ဒယ်ဝိတ်တန်းမှာ ထိုးသတ် သူဖြစ်ပါတယ်။
ထိုးသတ်နည်းပေါင်းစုံကို ခွင့်ပြုတဲ့ One Championship ပွဲတွေမှာ မြစ်ကြီးနားဇာတိ ကချင်နွယ်ဖွား အောင်လအန်ဆန်ဟာ ၁၉ ပွဲနိုင်၊ ၁ဝ ပွဲရှုံးထားပါတယ်။
နိုင်ငံတကာ ဇာတ်ခုံပေါ်မှာ မြန်မာ ဆိုတဲ့ နာမည်ကို ဆောင်ကြဉ်းပေးတဲ့ လက်ရှိ ခေတ်ပြိုင် တွေထဲ အောင်လအန်ဆန် အပါအဝင်မို့ မြန်မာ နိုင်ငံသားတွေရဲ့ အကြီးအကျယ် အားပေးမှု ရရှိထားသူပါ။
အင်ဒိုနီးရှား ပွဲတုန်းက ပြင်ဆင်ချိန် ရက် အနည်းငယ်ပဲ ရခဲ့ပေမယ့် ပွဲမရှောင်ခဲ့ပဲ ကမ္ဘာ့ ချန်ပီယံ ဗစ်တာလီနဲ့ ၅ ချီပြည့် ထိုးသတ်ခဲ့သူမို့ အောင်လအန်ဆန်ကို ရဲရင့်တဲ့ နှလုံးသားမျိုး ရှိသူလို့ အများက လေးစား ခဲ့ပါတယ်။
အခုတော့ သူ့ကို ချစ်ကြတဲ့ မြန်မာ ပရိသတ်တွေရှေ့ အောင်လအန်ဆန်ဟာ ဗစ်တာလီနဲ့ မကျေပွဲ ပြန်ထိုးသတ်တော့မှာ ဖြစ်ပါတယ်။
BBC

No comments:

Post a Comment