Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, June 23, 2017

ရန်ကုန် ဟိုတယ်မှာ ဇွဲနေ၀င်းနှင့် တစ်ညတာ


‘ရန်ကုန် ဟိုတယ်မှာ ဇွဲနေ၀င်းနှင့် တစ်ညတာ”

On Jun 23, 2017
 723  0
















သတင်းအမှန်ဖြစ်ပါသည်

ဂိုလ်ရှယ်လေး

Credit to Maha Mingyi



ရန်ကုန်မြို့ကြီးဝန်းကျင်တစ်ခုလုံး တဝုန်းဝုန်းနှင့် မိုးရွာနေ၏…

ညနေ (၆နာရီ ၄၀) ဟိုတယ်တွင်းသို့ အနက်ရောင် ကားတစ်စီး အရိန်နှင့် မောင်းဝင်လာသည်။

ဟိုတယ်မန်နေဂျာမှ ဝန်ထမ်းများ နားနေခန်းသို့ ဟိုတယ်ဝန်ထမ်းအားလုံး (၁၆) ယောက်ကို ခေါ်လိုက်၍ အရေးပေါ်ပြောစရာရှိသည်ဟု အကြောင်းပြခဲ့သည်။

သို့သော် ဟိုတယ်၏ (၃)ထပ်မြောက် စူပါဖန်စီ ( Super Fancy ) ဟုခေါ်သော ရေအေး ရေနွေး ချိုးခန်းအပြင် ၄၈ လက်္မ ဖန်သားပြင်ပြားပြားနက်နက်တီဗွီ နှစ်လုံးနှင့် အင်တာနက် အပါဝင် ဆာရောင်းဆောင်း တပ်ဆင်ထားသော အခန်းအမှတ် (၁၆) အား သန့်ရှင်းရေးလုပ်ပေးနေကြသော သူများ ကျန်နေခဲ့သည့်အပြင် အထူးစူပါ ခန်းများအား လိုက်လံ၍ အစားသောက်ထည့်ပေးနေရသော ဆားဗစ် များလည်း ရောက်မလာသေး၍ ဟိုတယ်မန်နေဂျာကြီး အတော်ကြီးကိုပင် ဒေါပွကာ လက်နှစ်ဖက်လုံးဖြင့် သူ၏ ခေါင်းကို ကြမ်းကြမ်းကြီးပင် ကုတ်လေသည်။

ဟိုတယ်ဝန်ထမ်းများအားလုံး နားနေခန်းမှ ကျန်နေသူများအားစောင့်နေကြရင် တီးတီးတွတ်တွတ်ပြောကြလေသည်မှာ “တခုခုတော့ တခုခုပဲ…ဒီလောက် အသဲသန်ဖြစ်နေတာဆိုရင် လူကြီး တယောက် ယောက်က အတိုမလေးနဲ့ လာတည်းမယ့်ပုံတော့ ရှိတယ်” ဟုပင်ဖြစ်သည်။


ရန်ကုန်ဟိုတယ်သည် စစ်ဗိုလ်ချုပ်အချို့ ဝန်ကြီး အချို့နှင့် ခရိုနီတချို့တို့ကလည်း မကြာမကြာ အိမ်ကမယားအား ငြီးငွေ့၍ သွေးနုသားနုလေးများဖြင့် လာရောက်၍ လန်းဆန်းကြသော နေရာလည်း ဖြစ်သည်။

လွန်ခဲ့သည့် နှစ် (၂၀၁၃) ဒီဇင်ဘာလကြီးမှာပင် ညကြီးမင်းကြီး လမ်းတခြမ်းသာခင်းတတ်သော လွှတ်တော်အမတ်ကြီး ဆံပင်အတုတပ်ပြီး ညကြီးသန်းခေါင်း မျက်မှန် ထူထူ နက်နက်ဖြင့် လုံးပေါက်လှတိုနံ့နံ့လေးတယောက်နှင့် လာတည်းဘူးသော အတွေ့ကြုံကို ဟော်တယ် ဝန်ထမ်းအချို့က ရရှိထားခဲ့ဘူးသည်။ ထိုအချိန်က ယခုလောက်ပင် တင်းတင်းကြပ်ကြပ်ဖြင့် မန်မဲကာ ဝန်ထမ်းများအား ယခု နားနေခန်းသို့ ဝင်ရောက်ခိုင်းခြင်းမ၇ှိပဲ မျက်ရိပ်မျက်ကဲမျှလောက်ဖြင့်သာ ပြသ၍ ရှောင်ခိုင်းခဲ့ဘူးသည်။

 ယခုမှာတော့ နားနေခန်းတွင်းသို့ မရောက်လာသူများ ဘာတွေလုပ်နေကြသလဲဆိုသော အမူရာမှာ ကျီးကန်းတောင်းမှောက် မျောက်ဆပ်ပြာဖမ်းသလိုမျိုး ဖြစ်နေသည်။ ဒီတခါပို၍ အရေးကြီးပုံပေါ်နေသည်။ ပို၍ ထူးခြားသော ဟန်ပန်များ ဖြစ်နေသည်မှာ အံ့စရာဟု စိတ်ထဲမှ ဝန်ထမ်းအချို့ မကြေမနပ်ဖြစ်နေကြသည်။

 သိပ်မကြာ နောက်ထပ် ၁၀ မိနစ်လောက်မျှကြာသောအခါ ဟိုတယ်မန်နေဂျာမှ ဒီနေ့တော့လူလဲ ကောင်းကောင်းမစုံဘူး ခေါ်လိုက်ရင် ဒီအတိုင်းပဲ ဟိုလူ့ကို စောင့် သည်လူ့ကိုစောင့်နေရတာနဲ့ ပြောစရာတွေ မပြောဖြစ်တာက များခဲ့ပြီး မနက်ဖြန်မှ အားလုံးကို ဟိုတယ်အရေးပေါ် စည်းကမ်းနဲ့ပတ်သက်လို့ ပြောတော့မယ် ဟုဆိုကာ ကိုယ့်အလုပ်ကိုယ်သွားလုပ်ကြဆိုသဖြင့် နားနေခန်းမှ ပြန်ထွက်လာခဲ့ကြရသည်။

ညသန်းခေါင်ကျော် (၂)နာရီလောက်တွင် အခန်း(၁၆)မှ (ခြောက်သိန်း) တန်သော သြစတေးလျှဝိုင်အရက်အား အထူးမှာလာသည်။ ဒေါ်လာနှင့် ဆိုလျှင် အမေရိကန်ဒေါ်လာ (ခြောက်ရာကျော် ခုနှစ်ရာ)နီးပါးလောက် ဖြစ်မည်ထင်သည် ။


အဆိုပါ ဝိုင်အား ဟိုတယ်ဝန်ထမ်းများ အတော်တန် မထိရဲကြပါ….မတော်တဆ ကျကွဲသွားလျင် (၃)လစာလောက် တပြားမှမရပဲ ကျွန်လုံးလုံးဖြစ်ရလေမည်။ သို့ကြောင့် ဟိုတယ်မန်နေဂျာကြီးကိုယ်တိုင် သူနှစ်သက်သော အကူတယောက်ဖြင့် သွားရောက်ကာ ပို့ရသည်။

 သိပ်မကြာပါ အခန်း(၁၆) မှပင် အိပ်ယာခင်းများမကြိုက်၍ ညကြီးသန်းခေါင် ဖြစ်နေလင့်ကစားလဲခိုင်းရန်ပြောလာလေသည်။ ဒီတခါ ဟိုတယ်မန်နေဂျာကြီး ချွေးဇောပြန်လေပြီး…အကြောင်းမှာ သူမလုပ်တတ်သော အလုပ်ဖြစ်နေ၍ သန်းရှင်းရေးနှင့် အထူးခန်းဒီဇိုင်းဝန်းထမ်းကိုစေလွှတ်လိုက်ရတော့သည်…သူဖုံးထားချင်သမျှလည်း အားလုံးပေါ်တော် မူခဲ့လေသည်။

တိုင်းပြည်အား (၂၆) နှစ်ကြား ဖိနှပ်သတ်ဖြတ်၍ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက် စားမကုန်အောင် ခိုးခဲ့လေသော သုတ်သာန်ရောက် အာဏာရှင် ဦးနေဝင်း၏ အငယ်ဆုံး မြေးကလေး ဇွဲနေဝင်းတည်းခိုနေသော အခန်းဖြစ်နေသည်။ သူတယောက်ထဲမဟုတ်ပါ ၊ အဖိုး၏ ချေရာအား ထပ်ချပ်မကွာ ထပ်တူ ချနင်း နေပုံတော့ ရှိလေသည်။ သူ၏ ဘေးတွင် ရင်ဟိုက်ဟိုက် ညဝတ် ပိုသား အဖြူနုနုဖြင့် မှီနေသူမှာ ယနေ့ပြုပြင်ပြောင်းလဲရေးခေတ်အား ခါးစောင်းတင်ထားသော မော်ဒယ် သန္တာလှိုင်ဖြစ်နေသည်။

နှစ်ယောက်လုံးရီဝေနေကြသည်။ တွန်းတိုက်ပွတ်သတ်နေသည်။ အချစ်မှာ မျက်စေ့မရှိဟု ကြားဘူးသော်ငြား ယခု အရှက်ပါမရှိ ဖြစ်နေသည်။ ဟော်တယ်ဝန်ထမ်းတချို့လဲ ရှက်ကိုး ရှက်ကန်းဖြစ်ရသဖြင့် သွက်သွက်ကလေး လုပ်ငန်းဆောင်ရွက်ကာ ပြန်ထွက်ခဲ့ကြသည်။ သို့သော ် သူတို့ကမည်မျှ တည်းခိုပြီး မည်သို့ ဂဂျီဂဂျောင်ကျမည်ကိုတော့ ရင်ထိပ်ထိပ်ဖြင့် ဟိုတယ်မန်နေဂျာကြီးကိုယ်တိုင်ပင် ကြောင်းကျနေပုံပင်ရသည်။

ထိုနေ့ မိုးလင်းသွားသည်..ဝန်ထမ်းများ အချိန်လဲလှယ်၍ပြန်ကြသည်.. သို့သော ် အခန်း(၁၆) သတင်းကိုတော့ နေခင်း ဝန်ထမ်းများအား ညဆိုင်း ဝန်ထမ်းများအချို့က ဖေါက်သယ်ဈေးနှင့် ရသေလာက် မှီသလောက် ရောင်းခဲ့ကြသည်။ နေခင်း ဝန်ထမ်းများ အဆိုရ အခန်း(၁၆)မှ အဖိုးကြီးမြေးနှင့် မော်ဒယ်မတို့ မျက်မှန်နက်များဖြင့် ကတိုက်ကရိုက်ဆင်းလာပြီး နေခင်း (၁၁)နာ၇ီတွင် အမေ၇ိကန်ထုတ ်ဇိမ်ခံ လင်းကွန်း နဗီဂေတာ (Lincoln Navigator) ကားအမျိုးစားဖြင့် ပြန်ထွက်သွားကြသည်။

ဟိုတယ်သန့်ရှင်းရေးသမားများ အခန်း(၁၆)သို့ သွားရောက်၍ ရှင်းလင်းရသည်။



အမှိုက်ပုံးအတွင်းမှ ကွန်ဒွန် (၃) ခုတွေ့သည် အိပ်ယာခင်း တော်တော်ကြီး ကြေနေသည်။ ဝိုင်အရက်ပုလင်း တစက်မျှလောက်မကျန်အောင် လျှာချွန်ချွန်ဖြင့် ပုလင်းထဲသို့တိုင် ထိုးသွင်း၍ နှစ်ယောက်သား အတူ စုပ်ကြလျှက်ကြ သွားခဲ့ပုံပေါ်သည်။ စေတနာတော့အလွန်ကောင်းပုံရသည် စားပွဲပေါ်တွင် မြန်မာငွေ (၅) သိန်း ဝန်ထမ်းများအတွက် ဘောက်ဆူးထားခဲ့သည်။ ဟိုတယ် မန်နေဂျာကြီးမှာ အားလုံး သိမ်းလိုက်သည်။



သို့သော် စာရေးသူ စဉ်းစားမိသည်..မော်ဒယ်သန္တာလှိုင်နှင့်



အာဏာရှင်ဦးနေဝင်း၏ မြေးအကြီးဆုံး အေးနေဝင်းတို့ ထောင်မကျခင်ကပင်



တိတ်တိတ်ပုန်း မီးခွက်မှုတ်နေခဲ့ဘူးသည်။ အေးနေဝင်းထောင်မှပြန်ထွက်လာသော



အခါ နှစ်ဦးသား အလွမ်းသယ်၍ ရှစ်မိုင်ခြံကြီးထဲတွင်



(၄)ရက်မျှ ချွေထွက်ကျလေဘူးသည်။ ယခု ဘာကြောင့် အငယ်ဆုံးညီလေးက

အကိုကြီး၏ အသီးကို ခူးစားခဲ့ရသနည်း..
ထို့အပြင် ထောင်ကထွက်လာသည်ကပင် ယနေ့ထိဘာအလုပ်မှမလုပ်ကြသော
အဆိုပါ အာဏာရှင် ဦးနေဝင်း၏ မြေးများအဖို့ အလွန်များပြားသော ငွေများဖြင့်
ယခုကဲ့သို့ မေယ်ဒယ်မလေးများနှင့် လိုက်လံ ဇိမ်ခံနေသော ငွေကြေးများ

ဘယ်ကရသနည်း ဘယ်သူက ပေးထားသနည်း ဘယ်လိုဘာကြောင့်
သုံးနိုင် ဖြုံန်းနိုင်နေသနည်း….သနည်း…သနည်း …ဟုပင်

စာဖတ်သူများကို ကျေးဇူးတင်ပါသည်

သတင်းအမှန်ဖြစ်ပါသည်



ဂိုလ်ရှယ်လေး

Credit to Maha Mingyi

No comments:

Post a Comment