Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 4, 2017

ကညွတ်ကွင်းတွင် ဖဲဝိုင်းဝင်ဖမ်း ငွေကျပ် (၉၄၀၀)နှင့် အမျိုးသမီး ၂ ဦး ဖမ်းမိ

ကညွတ်ကွင်းတွင် အမျိုးသမီးများပါဝင်တဲ့ ဖဲဝိုင်းအားဝင်ဖမ်း
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ကညွတ်ကွင်းနယ်မြေရဲစခန်းအပိုင်မှာ ဇွန်(၃) ရက် ညနေ (၅) နာရီခွဲခန့်က ဖဲရိုက်လောင်းကစားနေတဲ့ နေအိမ်တစ်လုံးကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ (၂)ဦးကို ဖမ်းဆိးရမိပြီး (၈)ဦးထွက်ပြေးသွား ကြောင်းနဲ့ အဲဒီဖဲဝိုင်းမှာ အမျိုးသမီးခြောက်ဦး ပါဝင်ပက်သက်နေတယ်လို့ ရဲမှတ်တမ်းဖော်ပြချက်အရ သိရပါတယ်။


 ဖြစ်စဉ်မှာ ရေပြာကျေးရွာနေ မဖြူနုရဲ့ နေအိမ်မှာ ဖဲရိုက် လောင်းကစားနေကြောင်းသတင်းအရ ကညွတ်ကွင်းနယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေဟာ အုပ်ချုပ်ရေးမှူးနဲ့သက်သေတွေနဲ့အတူ နေအိမ်အတွင်း ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှာ ဖဲရိုက်လောင်းကစားနေကြသူ (၁၀)ဦးအနက် (၈)ဦးဟာ ထွက်ပြေးသွားခဲ့ပြီး နေအိမ်အတွင်းမှအပြာရောင် ဖဲချပ် (၄၉)ချပ်၊ အနီရောင်ဖဲချပ် (၁၈) ချပ်၊ ငွေစက္ကူရောရာကျပ် (၉၄၀၀)၊ ပိုက်ဖျာ(၂)ချပ် တာပေါ်လင်စတစ်စနဲ့ ဖမ်းမိသူ ကျော်မင်းအောင်လက်ထဲမှာ ကိုင်ဆောင်ထားတဲ့ ဖဲချပ်(၂)ချပ်တို့ကို ရှာဖွေစစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

 ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျော်မင်းအောင်၊ မဖြူနုနဲ့ ထွက်ပြေး တိမ်းရှောင်သွားသူ (၈)ဦးတို့ကို ကညွတ်ကွင်းနယ်မြေရဲစခန်းက (ပ)၁၄၆/၂၀၁၇လောင်းကစားဥပဒေပုဒ်မ၁၃(က)/၁၄(က)နဲ့ အမှုဖွင့်လှစ်ထားပြီးထွက်ပြေးတရားခံတွေ ဖမ်းဆီးရမိရေးဆောင်ရွက် နေကြောင်းသိရပါတယ်။ ဒီသတင်းကို ဖြိုးကိုလင်း(ညောင်ဝိုင်း) ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb

No comments:

Post a Comment