Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 4, 2017

တာချီလိတ်မှာ ထိုင်းအမျိုးသမီး ၃ ဦးကိုဖမ်းမိ


( ဖမ်းဆီးရမိခဲ့တဲ့ ထိုင်းအမျိုးသမီး ၃ ဦးကို တွေ့ရစဉ် ) Photo: Aung Moe Myint/ RFA
ထိုင်းနိုင်ငံမှာ လူသတ်မှုနဲ့ ဆက်စပ်ပြီး ရဲကအလိုရှိနေတဲ့ ထိုင်းအမျိုးသမီး ၃ ဦးကို မနေ့ညနေပိုင်း ဇွန်လ ၃ ရက်နေ့ က တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်မှာ ဖမ်းဆီးရမိခဲ့ပြီး ထိုင်းနိုင်ငံ တာဝန်ရှိသူတွေထံကို ည ၉ နာရီကျော်မှာ ထိုင်း မြန်မာ နယ်ခြားကော်မတီကနေတဆင့် လွဲပြောင်းပေးခဲ့ပါတယ်။

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းက ခွန်ကန်မြို့နယ်က ကာရာအိုကေဆိုင်က အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ပြီး မြန်မာနိုင်ငံဖက်ခြမ်း တာချီလိတ်မြို့ကို ထွက်ပြေးတိမ်းရှောင်လာကြတာ ဖြစ်ပါတယ်။

ထိုင်းအမျိုးသမီး သုံးဦးကို ထိုင်းမြန်မာနယ်ခြားကော်မတီကတဆင့် ဖမ်းဆီးပေးဖို့ တရားဝင် အကူအညီ တောင်းခံ လာခဲ့ပြီးနောက် စုံစမ်းရှာဖွေခဲ့ရာက ဇွန်လ ၃ ရက်နေ့ မနေ့ညနေ ၆ နာရီက ဖမ်းဆီးမိခဲ့တာ ဖြစ်တယ်လို့ တာချီလိတ်ခရိုင်အုပ်ချူပ်ရေးမှူး ဦးတင်ဝင်းရွှေ က RFA ကို ပြောဆိုပါတယ်။

"သူတို့ဆီကနေ ၂၉ ရက်နေ့မှာ ကျနော်တို့ TBC ကနေ အကြောင်းကြားလာတာပေါ့ လူသတ်မှုဖြစ်တဲ့ပုဂ္ဂိုလ်က ဒီဖက်ထဲကို ရောက်လာတယ်လို့သူတို့ဖက်ကနေ သတင်းပေးတဲ့ အတွက်ကြောင့်မိုလို့ ကျနော်တို့ဖက်ကနေပြီးတော့ အမှန်တကယ်မိနိုင်ဖို့အတွက်ကို ကျနော်တို့ ကြိုးစားပါတယ်။ အဖွဲ့ သုံးဖွဲ့ခွဲပါတယ်။ မနေ့ကပေါ့နော် မနေ့က ညနေဇောင်းလောက်မှာ သတင်းရလို့ အိမ်တစ်အိမ်မှာ ဒေသခံတွေသတင်းပေးလို့ ကျနော်တို့ဆီက ထိုင်းစကား ရှမ်းစကား တတ်တဲ့ ရဲမေလေးတစ်ယောက် ကနေပြီးတော့ သွားကြည့်တယ် ထိုင်းစကားနဲ့ ပြောကြည့်တယ် အဲ့အဆိုပါ လူသုံးယောက်ဖြစ်နေတယ် ဖြစ်တဲ့အခါကြတော့ ကျနော်တို့ဆီက ခရိုင်ရဲမှူး အပါအ၀င် အဖွဲ့တွေကနေသွားရောက်ပြီးတော့ လက်ရဖမ်းပါတယ် ၆ နာရီမှာ မိပါတယ်။ မိပြီးတော့မှ လိုအပ်တဲ့ အချက်အလက်တွေ ကျနော်တို့ တောင်းပြီးတော့မှ နှစ်နိုင်ငံ ချစ်ကြည်ရေးအရ ဒီလူများဟာ ထိုင်းနိုင်ငံမှာ ကျူးလွန်တဲ့အတွက်ကြောင့်မို့ ထိုင်းဖက်ကို ကျနော်တို့ ပြန်ပြီးတော့ မြန်မာစံတော်ချိန် ည ၉ နာရီနဲ့ ၁၀ မိနစ်မှာ TBC ကတဆင့် ကျနော်တို့ ချစ်ကြည်ရေး တံတားပေါ်မှာပဲ ထိုင်းနိုင်ငံ တာဝန်ရှိသူများကို လွဲပေးခဲ့ပါတယ်ခင်ဗျ၊ ဒီလိုဖြစ်စဉ်ကတော့ ကျနော်တို့ဆီမှာ ဒါ ပထမဆုံး အကြိမ်ပေါ့နော်"

လူသတ်မှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ အဲ့ဒီအမျိုးသမီးသုံးဦးကတော့ အသက် ၂၄ နှစ်အရွယ် ပရီအော ၊ အသက် ၂၅ နှစ်အရွယ် အန်း နဲ့ အသက် ၂၈ နှစ်အရွယ် ဂျေး တို့ဖြစ်ကြပြီး သူတို့သုံးဦးဟာ မေလ ၂၃ ရက်နေ့က ကာရာအိုကေဆိုင်မှာ အလုပ်လုပ်နေတဲ့ အသက် ၂၂ နှစ်အရွယ် နောင့်အန် ဆိုတဲ့အမျိုးသမီးကို သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

သူတို့ဟာ ထိုင်းနိုင်ငံမှာ မူးယစ်ဆေးဝါး လက်ကြီးဖြန့်ဖြူးသူတွေ ဖြစ်ပြီး အသတ်ခံရသူအမျိုးသမီးက ရဲတပ်ဖွဲ့ကို သတင်းပေးခဲ့တာလို့လည်း ထိုင်းသတင်းတွေမှာ ရေးသားကြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

No comments:

Post a Comment