Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 20, 2017

ဘုရားဇောင်းတန်းပေါ်တွင် ၁၂ အရွယ်ကျောင်းသူလေး အားအဓမ္မပြုကျင့်တဲ့ မြို့သစ်ရာအိမ်မှူးကို တလိုင်းစု အုပ်ချုပ်ရေးအဖွဲ့မှ ဖမ်းဆီးရမိ


တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၊ တလိုင်းစုရပ်ကွက် ၊ ၀တ်တိုက်ကျောင်းရဲ့ ဘုရားဇောင်းတန်းမှာ အရွယ်မရောက်သေးသည့် ၁၂ နှစ်အရွယ်ကျောင်းသူလေးအား အဓမ္မပြုကျင့်နေသည့် မြို့သစ်ရပ်ကွက် ရာအိမ်မှူးဆိုသူကို ဇွန်လ ၂၀ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရတယ်။

မြိတ်မြို့၊မြိတ်တောင်နယ်မြေ၊ မြို့သစ် ( ၃ ) ရပ်ကွက် မှ ရာအိမ်မှူး ဥာဏ်မြင့်ဆိုသူက တလိုင်းစုရပ်ကွက် မှာရှိတဲ့ ၀တ်တိုက်ကျောင်းက ဗူးဘုရားပေါ်ကို ကျောင်းသူလေးအားခေါ်ယူလာကာအဓမ္မပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။


မြို့သစ် အထက (ခွဲ ) ကျောင်းတွင်ပညာသင် ယူနေသည့် ၅ တန်းကျောင်းသူလေး မ------ ( ၁၂ )နှစ်ဆိုသူမှာ ဇွန်လ ၂၀ ရက်နေ့နံနက် ၁၀ နာရီ က အထက(ခွဲ) မူကြိုကျောင်းမှာရှိတဲ့ဝမ်းကွဲမောင် လေးထံထမင်းဗူးပို့ပြီးအပြန်တွင် အဆိုပါအဖြစ်အပျက်နှင့်ကြုံတွေ့ခဲ့ရတယ်လို့သိရပါတယ်။

မ------မှာ ညနေအတန်းတက်နေရသူဖြစ်ပြီး မနက်ပိုင်းထမင်းဗူးပို့ပြီးအပြန် ကျောင်းရှေ့သို့ မုန့် ၀ယ်စားရန်ထွက်လာစဉ် ဥာဏ်မြင့်မှဆိုင်ကယ်ပေါ်သို့အတင်းခေါ်ယူသွားကာ ဗူးဘုရားစောင်းတန်း သို့ခေါ်ယူသွားခဲ့တယ်လို့သိရတယ်။
“ ကျွန်တော်က ဘုရားမှာနေ့စဉ်ဘုရားပန်းတွေ၊ ဘုရားရေတွေလှဲပေးနေပါတယ်၊ ဒီနေ့မှာ
ကျောင်းသူလေးတစ်ဦးနှင့်လူကြီးပိုင်းတစ်ဦး ဘုရားပေါ်ကို တက်လာတာတွေ့တယ်။

မသင်္ကာစရာဘာမှမတွေ့တော့ ကုသိုလ်အလုပ်ပဲ ဆက်လုပ်နေတယ်။ သိပ်မကြာဘူးလူရိပ်တွေ့လို့ သွားကြည့်လိုက်တာ အဲဒီလူက ကျောင်းသူလေး ကို အဓမ္မပြုကျင့်နေတာတွေ့လိုက်ရတယ် ကျောင်းသူ လေးက အတင်းရုန်းကန်နေတော့ကျွန်တော်လည်း ဖမ်းဆီတုတ်နှောင်လိုက်တယ် ”” လို့ တလိုင်းစု ဆယ်အိမ်မှူး ဦးဆန်နီကဆိုပါတယ်။

မိန်းကလေးအား အဓမ္မပြုကျင့်နေသူကို တုတ်နှောင်ထားပြီးနောက် တလိုင်းစုအုပ်ချုပ်
ရေးမှူးကိုခေါ်ယူခဲ့ရာ အုပ်ချုပ်ရေးမှူးက လာရောက်စစ်ဆေးခဲ့ကြောင်း သိရပါတယ်။
““ကျွန်တော်ရောက်လာတော့အဲဒီအဓမ္မကျင့်တဲ့သူက မြို့သစ်ရာအိမ်မှူးဆိုတာသိလိုက်ရတယ်။ မိန်းကလေးကို မေးကြည့်တော့သူ့ကို ဆိုင်ကယ်ပေါ် အတင်းခေါ်တင်ပြီးဒီနေရာကို ခေါ်လာတယ်ဆိုပြီး ပြောပြပါတယ်။ အကြောင်းစုံကိုမေးမြန်းနေတဲ့အချိန် မှာပဲ ရဲတပ်ဖွဲ့ဝင်တွေရောက်လာတော့ ရဲကိုအပ်နှံပေးလိုက်ပါတယ်။ ဒီအမှုကို ကျွန်တော်ကိုယ်တိုင် တရားလိုလုပ်ပြီး အမှုဖွင့် ထားတယ်”” လို့ တလိုင်းစု အုပ်ချုပ်ရေးမှူး ဦးမင်းမင်းလှိုင်(၄၀)နှစ် မှပြော ကြားခဲ့ပါတယ်။
အဆိုပါ မြို့သစ် ( ၃ ) ရပ်ကွက်မှရာအိမ်မှူးဆိုသူ ဥာဏ်မြင့်မှာ ယခင်ကလည်းကျောင်းသူလေးများကို ဗူးဘုရားသို့ ခေါ်လာနေသည်ကိုတွေ့ရှိရကြောင်း မျက်မြင်များက ပြောကြားခဲ့သည်။

ဥာဏ်မြင့်ဆိုသူအား ဆက်လက်စစ်ဆေးနေဆဲဖြစ်ပြီး ယခင်ကပြစ်မှုများ ရှိ/မရှိကို စစ်ဆေး
ဦးမည်ဖြစ်ကြောင်း မြို့မရဲစခန်းမှူးမှဆိုသည်။


အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီးအရွယ်မရောက်သေးသည့် ကျောင်းသူလေးအား အဓမ္မပြုကျင့်သူ ဥာဏ်မြင့် ဆိုသူအား မြိတ်မြို့ မ ရဲ စခန်းမှ ( ပ )၁၂၇၁ / ၂၀၁၇ ၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သိရပါတယ်။

မြတ်ထွဋ် (မြိတ်)
Myat Htut - Myeik (FB)

No comments:

Post a Comment