စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် အမိန့်ဖြင့် ဝမ်ပေါင်ဦးပိုင် ရက်အကန့်သတ်မရှိ.နားရပြီ
စစ်ကိုင်းတိုင်း ဒေသကြီးဝန်ကြီးချုပ်ဒေါက်တာ မြင့်နိုင် အမိန့်ဖြင့်ဝမ်ပေါင် ကုမ္ပဏီ
အတွက်ကျောက်ထုတ်လုပ်နေသော နေရာအားတားမြစ်မိန့် ထုတ်ပြန်သောကြောင့်
လက်ပတောင်းဒေသ မိုးကြိုးပြင် အလယ်ရွာ အနီးဖွင့်ထားသော သပိတ်စခန်းအား
ဒေသခံများက ရုပ်သိမ်းလိုက်ကြောင်း၊လက်ပံတောင်းတောင်ဘက်ပြီးခဲ့သည့်ရက်ပိုင်း
က ပြဿနာဖြစ်ခဲ့သောကျောက် ထုတ်လုပ်သည့် နေရာကိုစစ်ကိုင်းတိုင်းဒေသကြီး
ဝန်ကြီးချုပ်ဒေါက်တာ မြင့်နိုင်၏ အမိန့်ဖြင့်ကျောက်ထုတ်လုပ်ခွင့် ပိတ်လိုက်ပြီဖြစ်
ပါသည်။
(လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ရဲ့ တာဝန်အရ - ဘက်ဂျက် ခွဲဝေမှု မညီမျှ
တဲ့ ကိစ္စ၊အစိုးရကို ပြည်သူလူထု အထင်လွဲမှားစေမည့် ဘက်ဂျက် ရေးဆွဲထားမှု
စတာတွေကို လွှတ်တော်တွင်းကနေ ဝေဖန် ထောက်ပြသလိုဝန်ကြီးချုပ်ရဲ့ ပြည်သူ့
အတွက် ဆောင်ရွက်မှုတွေကို ပြည်သူလူထုသိစေဖို့ ဆောင်ရွက်ပေးနေပါတယ်။)
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တာဝန်များကို ယုံကြည်ချက် ရပ်တည်ချက်
ခိုင်မာစွာဖြင့် ကျေပြွန်အောင် ထမ်းဆောင်နေပါကြောင်း မဲဆန္ဒရှင်ပြည်သူလူထုသို့
လေးစားစွာ တင်ပြအပ်ပါသည်။
စုမြတ်ထက်
(စစ်ကိုင်းမြို့နယ်)
Posted-Thinn Thinn Oo
Photo-Ko Phoe Zaw.


No comments:
Post a Comment