Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 4, 2017

ဘဲငန်းတွေထံမှ အတုယူစရာ သင်ခန်းစာများ


ဘဲငန်းတွေထံမှ အတုယူစရာ သင်ခန်းစာများ
++++++++++++++++++++++++++
မနေ့က စိတ်ဝင်စားစရာ ဘဲငန်းတွေရဲ့ အကြောင်းဖတ်ရတယ်။ ဘဲငန်းတွေဟာ ပျံသန်းရင် V (ဗီ) ပုံသဏ္ဌာန် အုပ်စုလိုက် ပျံကြတယ်တဲ့။ သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်အရ အဲလို V ပုံသဏ္ဌာန် ပျံသန်းရင် တစ်ကောင်ချင်းစီပျံတာထက် ၇၁% မြန်မြန် ပိုပျံနိုင်တယ်တဲ့။

ဘဲငန်းတွေဟာ ပျံသန်းနေရင်း V ပုံသဏ္ဌာန်ကနေ ပြောင်းသွားတာနဲ့ သူတို့ကသိတယ်တဲ့။ လေဖိအားကြောင့် ချက်ချင်းပျံရတာ ခက်သွားပြီး တစ်ကောင်ချင်းပျံသလို ဖြစ်သွားတဲ့ အတွက် ပိုအားစိုက်ရတယ်။ ဒါကြောင့် ချက်ချင်း V ပုံသဏ္ဌာန် ပြန်ပြောင်းကြတယ်တဲ့။

V ပုံသဏ္ဌာန်ပျံသန်းရာမှာ ရှေ့ဆုံးက ဘဲငန်းက ခေါင်းဆောင်ဖြစ်ပြီး လေဖိအားကြောင့် သူက အားပိုစိုက်ရတယ်။ ပထမ ဘဲငန်းရဲ့ နောက်က ကောင်တွေက ဒုတိယခေါင်းဆောင် ဘဲငန်းတွေတဲ့။ ရှေ့က ခေါင်းဆောင် ပျံသန်းရင် မောပန်းလာလို့ဖြစ်ဖြစ် အတောင်ညောင်းလာလို့ဖြစ်ဖြစ် သူတို့က ရှေ့ကိုတက်ပြီး ခေါင်းဆောင် နေရာယူကြရတယ်။

V ပုံသဏ္ဌာန်ပျံသန်းတဲ့ အတွက် တကောင်က တောင်ပံခတ်နေရင် သူ့ ဘေးက တကောင် ခဏတဖြုတ် သူ့ရဲ့ လေဟုန်ယူပြီး နားလို့ရတယ်တဲ့။ ဘဲငန်းအုပ်ထဲမှာ နောက်ဖက်က Honk Goose လည်းပါတယ်တဲ့။ သူကတော့ တိုက်တွန်းနိုးဆော်တဲ့ ဘဲငန်းတဲ့ ဒီကောင်က ကျတော့ အမြဲဟွန်းတီး သလိုပဲ နောက်က အော်ပြီး အားပေးနေတယ်တဲ့.. ။".... ဟေ့ကောင်တွေ ပျံကြ ငါတို့ရောက်ခါနီးပြီ။ ငါတို့ အဖွဲ့ဟာ တကယ်စည်းလုံးတဲ့ အဖွဲ့။ ငါတို့ပျံတာ တကယ်ကို ညီညာပြီး အရမ်းကြည့်လို့ကောင်းတယ် စသည်ဖြင့် တခြားငှက်တွေ အားရှိအောင် အမြဲ ပြောပေးနေတယ်တဲ့။ ပြောရရင် cheer leader ပုံစံမျိုးပေါ့။

နောက်ပြီး အဲ့ဒီ Honk Goose ရဲ့ တာဝန်က ပျံသန်းနေတဲ့ ငှက်အုပ်စုထဲက တကောင်ကောင် သေနတ်မှန်ပြီး ပြုတ်ကျလို့ ဖြစ်ဖြစ် နေမကောင်းဖြစ်ပြီး ပြုတ်ကျလို့ဖြစ်ဖြစ် တခြား ဘဲငန်းတွေကို အသိပေးရတယ်တဲ့။ အဲလို တကောင်ကောင် ပြုတ်ကျသွားရင် ဘဲငန်း ၂ ကောင်က ပြုတ်ကျသွားတဲ့ ဘဲငန်းနောက် လိုက်သွားကြတယ်။ ပြီးရင် အဲဒီ ပြုတ်ကျသွားတဲ့ ဘဲငန်း နေကောင်းလာသည် အထိပြုစု ဆောင့်ရှောက်ကျတယ်တဲ့။ အကယ်၍ သေတော့မယ်ဆိုလည်း သေသည်အထိစောင့်နေပေးတယ်။ ပြီးမှာ နောက်ထပ် ပျံသန်းလာတဲ့ ဘဲငန်းအုပ်ကိုစောင့်ပြီး သူတို့နဲ့ အတူလိုက်ပါ ပျံသန်းကြတယ်တဲ့..။

အဲဒီလေ့လာတွေ့ရှိချက်ကနေ တိုက်လေယာဉ်တွေဟာ ခရီးဝေးပျံသန်းရရင် ဘဲငန်းတွေလို V ပုံသဏ္ဌာန်ပျံသန်းကြတယ်တဲ့။

ဖတ်နေရင်းကနေ ဘဲငန်းတွေဟာ အရမ်းကို စည်းလုံးတဲ့ သတ္တဝါတွေ မှန်းသိလာရတယ်။ ဘဲငန်းတွေဆီကနေ ကျနော်တို့လူတွေ သင်ယူစရာ အများအပြားရှိတယ်။

ဘဲငန်းတွေကို အတုယူပြီး အဖွဲ့အစည်းတစ်ခုဖြစ်ဖြစ် ၊ ကုမ္ပဏီ တစ်ခုဖြစ်ဖြစ် ယုတ်ဆွအဆုံး မိသားစုတစ်စုဖြစ်ဖြစ် စည်းစည်းလုံးလုံး ရှိမယ်ဆိုရင် အဲ့ဒီ အစုအဖွဲ့ဟာ လျှင်မြန်စွာတိုးတက်လာနိုင်မယ်။

ရှင်းလင်းပြတ်သားပြီး တူညီတဲ့ ဦးတည်ရာ ရည်မှန်းချက် တစ်ခုရှိမယ်။ အဲဒီဦးတည်ရာကို ခေါင်းဆောင်ရဲ့ တာဝန်ယူမှု ၊ ဦးဆောင်မှု ၊ နဲ့ အရောက်သွားမယ်။ အဲဒီခေါင်းဆောင်နေရာကို လိုအပ်ရင် အစားထိုးဝင်ရောက်မဲ့ ခေါင်းဆောင်တွေရှိမယ်။ ကိုယ့်အဖွဲ့အစည်းကို စိတ်မပျက်စေပဲ ပိုမိုခွန်အားဖြစ်စေမဲ့ စကားတွေ အားပေးစကားပြောပြီး တွန်းအားပေးမဲ့ Honk Goose လို cheer leader တွေရှိမယ်။

နောက်ပြီး ကိုယ့်အဖွဲ့အစည်းအတွင်းက အားနည်းသူ အခက်အခဲရှိသူကို ကူညီစောင့်ရှောက်ပေးမဲ့ Helping Goose သူတွေများလာမယ်ဆိုရင် အဲဒီအဖွဲ့အစည်းဟာ လျှင်မြန်စွာတိုးတက်လာနိုင်ပါတယ်တဲ့။

ဒီဘဲငန်းတွေရဲ့ Team Work လုပ်ဆောင်မှုတွေကို အဖွဲ့အစည်းတစ်ခုဖြစ်ဖြစ် ၊ ကုမ္ပဏီ တစ်ခုဖြစ်ဖြစ် ယုတ်ဆွအဆုံး မိသားစုတစ်စုဖြစ်ဖြစ် အတုယူ ကျင့်သုံးနိုင်ပါကြောင်း ဖတ်မိသမျှ ထပ်ဆင့် ဝေငှရလိုက်ပါတယ်....။

Teamwork - A lesson from the Geese ကိုဆီလျှော်အောင် ပြန်ဆိုပါသည်။

ရဲမင်း (3/6/2017)






No comments:

Post a Comment