Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 25, 2017

ကျောက်စိမ်းတုံးနှင့် ကျောက်ဖြတ်စများ သယ်ဆောင်လာသည့် ယာဉ်နှစ်စီးအားရေပူအမြဲတမ်းစစ်ဆေးရေးစခန်းတွင် သိမ်းဆည်းရမိ



ရန်ကုန် ဇွန် ၂၄

တရားမဝင်ကုန်စည်များ တားဆီး ထိန်းချုပ်ရေးအတွက် ရေပူအမြဲတမ်း စစ်ဆေးရေးစခန်းနှင့် မရမ်းချောင် အမြဲတမ်းစစ်ဆေးရေး စခန်းတို့ကို ဖွင့်လှစ် ဆောင်ရွက်လျက်ရှိရာ ဇွန် ၂၃ ရက်က မန္တလေးမှ မူဆယ်သို့ သွားရောက်မည့် ယာဉ်နှစ်စီးပေါ် တွင် သိုဝှက်သယ်ဆောင်လာသော ကျောက်စိမ်းဟုယူဆရသည့် ကျောက် တုံးများနှင့် ကျောက်ဖြတ်စများကို ရေပူအမြဲတမ်း စစ်ဆေးရေးစခန်း ပူးပေါင်းစစ်ဆေးရေးအဖွဲ့များက စစ် ဆေးတွေ့ရှိ သိမ်းဆည်းခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

တရားမဝင်ကုန်စည်များ တားဆီး ထိန်းချုပ်ရေးအတွက် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက စစ်ဆေးဆောင် ရွက်လျက်ရှိရာ ဇွန် ၂၃ ရက်တွင် ရေပူ အမြဲတမ်းစစ်ဆေးရးစခန်း ပူးပေါင်း စစ်ဆေးရေးအဖွဲ့က မန္တလေးမှ မူဆယ်သို့ သွားရောက်မည့်Ford Rangerယာဉ်နှင့် Mazda ယာဉ် ပေါ်တွင် သိုဝှက်သယ်ဆောင်လာ သော ကျောက်စိမ်းဟုယူဆရသည့် ကျောက်တုံးများနှင့် ကျောက်ဖြတ်စ များ (1754 Kg) နှင့် သယ်ဆောင် လာသည့် ယာဉ်နှစ်စီးအပါအဝင် ခန့်မှန်းတန်ဖိုးကျပ် ၁၃ဝ ဒသမ ၇ဝ သန်းခန့်ကို တွေ့ရှိ၍ သိမ်းဆည်းခဲ့ ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

အဆိုပါ ဇွန် ၂၃ ရက်က ရေပူ အမြဲတမ်းစစ်ဆေးရေး စခန်းတွင် တရားမဝင် ကုန်စည်တားဆီးနိုင်ခဲ့မှု လေးမှု (ခန့်မှန်းတန်ဖိုးကျပ် ၁၃ဝ ဒသမ ၇ဝ သန်းခန့်)၊ မရမ်းချောင် အမြဲတမ်း စစ်ဆေးရေးစခန်းတွင် တရားမဝင်ကုန်စည်များ တားဆီးနိုင် မှုသုံးမှု (ခန့်မှန်းတန်ဖိုးကျပ် ၁ဝ ဒသမ ၇ သန်းခန့်) စုစုပေါင်းတားဆီးမှု ခုနစ်မှု (ခန့်မှန်းတန်ဖိုးကျပ် ၁၄၁ ဒသမ ၄ဝ သန်းခန့်)အား သိမ်းဆည်းရမိခဲ့ ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

No comments:

Post a Comment