Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, June 23, 2017

အရက္ေသစာေသာက္စားမူးယစ္ၿပီး ဆူပူရမ္းကားသူအဆိုေတာ္ႏွစ္ဦး တို႔ စီးနင္းေမာင္းႏွင္ေသာ ေမာ္ေတာ္ယာဥ္ေပၚမွ ရဲဒင္းလက္နက္ေတြ႕ရွိ သျဖင့္ ဒဂံုၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူ

 အရက္ေသစာေသာက္စားမူးယစ္ၿပီး ဆူပူရမ္းကားသူအဆိုေတာ္ႏွစ္ဦး
တို႔ စီးနင္းေမာင္းႏွင္ေသာ ေမာ္ေတာ္ယာဥ္ေပၚမွ ရဲဒင္းလက္နက္ေတြ႕ရွိ
သျဖင့္ ဒဂံုၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူ

ရန္ကုန္၊ ဇြန္ ၂၃

ဇြန္လ ၂၂ ရက္ေန႔ ည ၉ နာရီ အခ်ိန္တြင္ လူမႈကြန္ရက္အင္တာနက္
စာမ်က္ႏွာေပၚ၌ “ အဆိုေတာ္ေတြတဲ့၊ ၾကည့္ေကာင္းေအာင္လုပ္ၾကပါဦး၊
ဦး၀ိစာရလမ္းႏွင့္ ေရႊတိဂံုဘုရားလမ္းေထာင့္မွာ အဆိုေတာ္ ထူးအယ္လင္း
ႏွင့္ေကာ္ဘရာတို႔ ေသာင္းက်န္းၾကတယ္၊ ျဖစ္တာက taxi ႏွင့္ကားခ်င္း
ညိၿပီး taxi ေရွ႕ကားပိတ္ရပ္ ကားေပၚ က taxi သမားက မဆင္းေတာ့
ထူးအယ္လင္းက ပုဆိန္နဲ႔ မွန္ကိုခဲြတယ္။(ကိုယ္တိုင္ေတာ့မေတြ႕ဘူး
ေတြ႕တဲ့သူ ကေျပာတာ) ကားသမားဆင္းလာေတာ့ ေကာ္ဘရာက
ေအးေဆးေျပာတုန္း ထူးအယ္လင္းက၀င္းထိုးတယ္။ ကားေပၚမွာ
ပါလာတဲ့ေကာင္မေလးက ဆင္းၿပီး ထိုင္ကန္ေတာ့ ေတာင္းပန္တာကိုပါ
ထူးအယ္လင္းက ထိုးလိုက္တယ္။ ေဘးနားကၾကည့္ေနတဲ့ ရပ္ကြက္က
လူေတြေတာင္ ေဒါသထြက္ၿပီး ထူးအယ္လင္းတို႔ကားကို ခဲနဲ႕၀ိုင္းထု
လူကိုပါထိုးမလို႔လုပ္ၾကတာ ရပ္ကြက္ကလူႀကီးေတြတားေနလို႔သက္
သာယာရသြားတယ္။ အဲဒါေတာင္ ထူးအယ္လင္းက ပတ္ဆဲေနေသးတယ္။
ရဲေတြေရာက္လာေတာ့ သူတို႔ကို ရဲကားနဲ႔ေခၚသြားတယ္။ေဘးမွာ ၾကည့္ေန
တဲ့လူေတြအကုန္လံုး ထူးအယ္လင္း ရဲကားထဲ၀င္ေတာ့ လက္ခုတ္၀ိုင္းတီး
ၿပီး ဥပေဒအတိုင္းျဖစ္ပါ ေစလို႔ ၀ိုင္းေအာ္ၾကတယ္။ ဒီေလာက္ရပ္ကြက္
ေရွ႕ ေသာင္းက်န္းရမ္းကားသြားတဲ့ သူေတြကို ဘာနဲ႕အေရးယူမွာလဲ
ရပ္ကြက္ကေစာင့္ၾကည့္ေမးပါတယ္။ ခုည ၉ နာရီခဲြေလာက္မွာျဖစ္သြား
တာ။ဒဂံုၿမိဳ႕နယ္ရဲစခန္းမွာ ထူးအယ္လင္းေရာ၊ ေကာ္ဘရာေရာရွိေနမွာပါ
သတင္းသမားေတြအတြက္ ရဲစခန္းကို ဖုန္းဆက္လို႔ရပါတယ္။ အမွန္တရား
အတိုင္းျဖစ္ၾကပါေစ” စသည့္ျဖင့္ ေရးသားေဖာ္ျပလာခဲ့သည္ကို ေတြ႕ရွိ
ရပါသည္။

၎သတင္းႏွင့္ပတ္သက္၍ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖဲြ႕မွဴးရံုးတြင္
ဖြင့္လွစ္ထားေသာ 199 Call Center မွ ဒဂံုၿမိဳ႕မရဲစခန္းသို႔ သတင္းခ်ျပခဲ့ၿပီး
ရွင္းလင္းေဆာင္ရြက္ေစခဲ့ရာ ယင္းေန႔ ည ၉နာရီ ၂၀ မိနစ္ခန္႔အခ်ိန္တြင္
ဒဂံုၿမိဳ႕မရဲစခန္းမွ လွည့္ကင္းမီတန္းယာဥ္တာ၀န္က် ရဲအုပ္ ပီတာေအာင္ပါ
တပ္ဖဲြ႕၀င္မ်ားက သတင္းပါေနရာသို႔ သြားေရာက္ၾကည့္ရႈစစ္ေဆးခဲ့ရာ
တကၠစီအငွားယာဥ္ကို မေတြ႕ရွိရဘဲ ယာဥ္အမွတ္ 4C---- SOLUNA
VIOS ေငြမင္ေရာင္ကားႏွင့္အတူ အရက္ေသစာေသာက္စားကာဆူပူ
ရမ္းကားေနသူ စိုးလိႈင္ရွိန္(ခ)ထူးအယ္လင္း၊ (၄၈)ႏွစ္ႏွင့္ ေနလင္သင္း
(ခ)ေကာ္ဘရာ၊ (၃၅)ႏွစ္တို႔ႏွစ္ဦးေတြ႕ရွိရသျဖင့္ ၎တို႔ စီးနင္းအသံုးျပဳ
ေသာ 4C---- SOLUNA VIOS ေငြမင္ေရာင္ေမာ္ေတာ္ယာဥ္အား
စစ္ေဆးရာ ယာဥ္၏ေရွ႕ခန္း ထိုင္ခံုႏွစ္ခုၾကား၌ ေရႊအိုေရာင္ လက္ကိုင္ရိုး
တြင္ အနက္ေရာင္ရာဘာရိုးစြပ္လ်က္ အရိုးအသြား ၁၉ လက္မခန္႔ရွိ ရဲဒင္း
တစ္လက္အား ေတြ႕ရွိသိမ္းဆည္းရမိခဲ့သျဖင့္ ၎တို႔ႏွစ္ဦးအားထိန္းသိမ္း
ကာ ဒဂံုၿမိဳ႕မရဲစခန္းသို႔ ေခၚယူစစ္ေမးခဲ့ၿပီး ဒဂံုၿမိဳ႕မရဲစခန္း(ပ)၁၀၃/၂၀၁၇၊
ရန္ကုန္ရဲအက္ဥပေဒပုဒ္မ ၃၀ (က)ျဖင့္ အမႈဖြင့္အေရးယူေဆာင္ရြက္ခဲ့
ပါသည္။

ျပစ္မႈက်ဴးလြန္သူႏွစ္ဦးအား အေရးယူထားသည့္ ရန္ကုန္ရဲအက္ဥပေဒ
ပုဒ္မ-၃၀၊ ပိုဒ္ခဲြ(က)ပါ ျပဌာန္းခ်က္္မွာ- ေဘးအႏၱရာယ္ျဖစ္ေစႏိုင္ေသာ
(သို႔မဟုတ္)ျပစ္မႈက်ဴးလြန္ရန္အသံုးျပဳႏိုင္ေသာ လက္နက္တစ္စံုတစ္ရာ
ႏွင့္ေတြ႕ရွိ၍ ေမးျမန္းရာတြင္ ထိုသို႔ေသာ လက္နက္တို႔ကိုမည္သည့္
အေၾကာင္းေၾကာင့္ ကိုင္ေဆာင္သယ္ယူ လာရေၾကာင္း ေက်နပ္လက္ခံ
ႏိုင္ေလာက္ေသာ အေၾကာင္းမျပ၊ မေျပာႏိုင္သူဟု ျပဌာန္းထားၿပီး
မည္သည့္ရဲ အရာရွိကမဆို ၀ရမ္းမပါဘဲဖမ္းဆီးႏိုင္ကာ ျပစ္ဒဏ္ (၃)လ
အထိခ်မွတ္ႏိုင္ပါသည္။

အဆိုပါျဖစ္စဥ္ျဖစ္ပြားခဲ့သည့္ Taxi အငွားယာဥ္မွာ အခင္းျဖစ္ေနရာတြင္မ
ေတြ႕ရွိရဘဲ ျဖစ္စဥ္ႏွင့္စပ္လ်ဥ္း၍ ရဲစခန္းသို႔တိုင္ၾကားခဲ့ျခင္းမရွိေသး
ေသာ္လည္း ရဲတပ္ဖဲြ႕အေနျဖင့္ ရမ္းကားသူအဆိုေတာ္ႏွစ္ဦးအား
ဒဂံုၿမိဳ႕မရဲစခန္းတြင္အမႈဖြင့္ အေရးယူေဆာင္ရြက္ထားေၾကာင္း
အသိေပးေဖာ္ျပအပ္ပါသည္။

(Unicode)

အရက်သေစာသောက်စားမူးယစ်ပြီး ဆူပူရမ်းကားသူအဆိုတော်နှစ်ဦး
တို့ စီးနင်းမောင်းနှင်သော မော်တော်ယာဉ်ပေါ်မှ ရဲဒင်းလက်နက်တွေ့ရှိ
သဖြင့် ဒဂုံမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ

ရန်ကုန်၊ ဇွန် ၂၃

ဇွန်လ ၂၂ ရက်နေ့ ည ၉ နာရီ အချိန်တွင် လူမှုကွန်ရက်အင်တာနက်
စာမျက်နှာပေါ်၌ “ အဆိုတော်တွေတဲ့၊ ကြည့်ကောင်းအောင်လုပ်ကြပါဦး၊
ဦးဝိစာရလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်မှာ အဆိုတော် ထူးအယ်လင်း
နှင့်ကော်ဘရာတို့ သောင်းကျန်းကြတယ်၊ ဖြစ်တာက taxi နှင့်ကားချင်း
ညိပြီး taxi ရှေ့ကားပိတ်ရပ် ကားပေါ် က taxi သမားက မဆင်းတော့
ထူးအယ်လင်းက ပုဆိန်နဲ့ မှန်ကိုခွဲတယ်။(ကိုယ်တိုင်တော့မတွေ့ဘူး
တွေ့တဲ့သူ ကပြောတာ) ကားသမားဆင်းလာတော့ ကော်ဘရာက
အေးဆေးပြောတုန်း ထူးအယ်လင်းကဝင်းထိုးတယ်။ ကားပေါ်မှာ
ပါလာတဲ့ကောင်မလေးက ဆင်းပြီး ထိုင်ကန်တော့ တောင်းပန်တာကိုပါ
ထူးအယ်လင်းက ထိုးလိုက်တယ်။ ဘေးနားကကြည့်နေတဲ့ ရပ်ကွက်က
လူတွေတောင် ဒေါသထွက်ပြီး ထူးအယ်လင်းတို့ကားကို ခဲနဲ့ဝိုင်းထု
လူကိုပါထိုးမလို့လုပ်ကြတာ ရပ်ကွက်ကလူကြီးတွေတားနေလို့သက်
သာယာရသွားတယ်။ အဲဒါတောင် ထူးအယ်လင်းက ပတ်ဆဲနေသေးတယ်။
ရဲတွေရောက်လာတော့ သူတို့ကို ရဲကားနဲ့ခေါ်သွားတယ်။ဘေးမှာ ကြည့်နေ
တဲ့လူတွေအကုန်လုံး ထူးအယ်လင်း ရဲကားထဲဝင်တော့ လက်ခုတ်ဝိုင်းတီး
ပြီး ဥပဒေအတိုင်းဖြစ်ပါ စေလို့ ဝိုင်းအော်ကြတယ်။ ဒီလောက်ရပ်ကွက်
ရှေ့ သောင်းကျန်းရမ်းကားသွားတဲ့ သူတွေကို ဘာနဲ့အရေးယူမှာလဲ
ရပ်ကွက်ကစောင့်ကြည့်မေးပါတယ်။ ခုည ၉ နာရီခွဲလောက်မှာဖြစ်သွား
တာ။ဒဂုံမြို့နယ်ရဲစခန်းမှာ ထူးအယ်လင်းရော၊ ကော်ဘရာရောရှိနေမှာပါ
သတင်းသမားတွေအတွက် ရဲစခန်းကို ဖုန်းဆက်လို့ရပါတယ်။ အမှန်တရား
အတိုင်းဖြစ်ကြပါစေ” စသည့်ဖြင့် ရေးသားဖော်ပြလာခဲ့သည်ကို တွေ့ရှိ
ရပါသည်။

၎င်းသတင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးတွင်
ဖွင့်လှစ်ထားသော 199 Call Center မှ ဒဂုံမြို့မရဲစခန်းသို့ သတင်းချပြခဲ့ပြီး
ရှင်းလင်းဆောင်ရွက်စေခဲ့ရာ ယင်းနေ့ ည ၉နာရီ ၂၀ မိနစ်ခန့်အချိန်တွင်
ဒဂုံမြို့မရဲစခန်းမှ လှည့်ကင်းမီတန်းယာဉ်တာဝန်ကျ ရဲအုပ် ပီတာအောင်ပါ
တပ်ဖွဲ့ဝင်များက သတင်းပါနေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ
တက္ကစီအငှားယာဉ်ကို မတွေ့ရှိရဘဲ ယာဉ်အမှတ် 4C---- SOLUNA
VIOS ငွေမင်ရောင်ကားနှင့်အတူ အရက်သေစာသောက်စားကာဆူပူ
ရမ်းကားနေသူ စိုးလှိုင်ရှိန်(ခ)ထူးအယ်လင်း၊ (၄၈)နှစ်နှင့် နေလင်သင်း
(ခ)ကော်ဘရာ၊ (၃၅)နှစ်တို့နှစ်ဦးတွေ့ရှိရသဖြင့် ၎င်းတို့ စီးနင်းအသုံးပြု
သော 4C---- SOLUNA VIOS ငွေမင်ရောင်မော်တော်ယာဉ်အား
စစ်ဆေးရာ ယာဉ်၏ရှေ့ခန်း ထိုင်ခုံနှစ်ခုကြား၌ ရွှေအိုရောင် လက်ကိုင်ရိုး
တွင် အနက်ရောင်ရာဘာရိုးစွပ်လျက် အရိုးအသွား ၁၉ လက်မခန့်ရှိ ရဲဒင်း
တစ်လက်အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့နှစ်ဦးအားထိန်းသိမ်း
ကာ ဒဂုံမြို့မရဲစခန်းသို့ ခေါ်ယူစစ်မေးခဲ့ပြီး ဒဂုံမြို့မရဲစခန်း(ပ)၁၀၃/၂၀၁၇၊
ရန်ကုန်ရဲအက်ဥပဒေပုဒ်မ ၃၀ (က)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့
ပါသည်။

ပြစ်မှုကျူးလွန်သူနှစ်ဦးအား အရေးယူထားသည့် ရန်ကုန်ရဲအက်ဥပဒေ
ပုဒ်မ-၃၀၊ ပိုဒ်ခွဲ(က)ပါ ပြဌာန်းချက်မှာ- ဘေးအန္တရာယ်ဖြစ်စေနိုင်သော
(သို့မဟုတ်)ပြစ်မှုကျူးလွန်ရန်အသုံးပြုနိုင်သော လက်နက်တစ်စုံတစ်ရာ
နှင့်တွေ့ရှိ၍ မေးမြန်းရာတွင် ထိုသို့သော လက်နက်တို့ကိုမည်သည့်
အကြောင်းကြောင့် ကိုင်ဆောင်သယ်ယူ လာရကြောင်း ကျေနပ်လက်ခံ
နိုင်လောက်သော အကြောင်းမပြ၊ မပြောနိုင်သူဟု ပြဌာန်းထားပြီး
မည်သည့်ရဲ အရာရှိကမဆို ဝရမ်းမပါဘဲဖမ်းဆီးနိုင်ကာ ပြစ်ဒဏ် (၃)လ
အထိချမှတ်နိုင်ပါသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့သည့် Taxi အငှားယာဉ်မှာ အခင်းဖြစ်နေရာတွင်မ
တွေ့ရှိရဘဲ ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ရဲစခန်းသို့တိုင်ကြားခဲ့ခြင်းမရှိသေး
သော်လည်း ရဲတပ်ဖွဲ့အနေဖြင့် ရမ်းကားသူအဆိုတော်နှစ်ဦးအား
ဒဂုံမြို့မရဲစခန်းတွင်အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း
အသိပေးဖော်ပြအပ်ပါသည်။
Yangon Police



No comments:

Post a Comment