Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 5, 2017

အိမ်အကူမိန်းကလေးအား ဒဏ်ရာများရရှိအောင် ညှင်းပန်းနှိပ်စက်သူများကို အမှုဖွင့်အရေးယူ


အိမ်အကူမိန်းကလေးအား ဒဏ်ရာများရရှိအောင်
ညှင်းပန်းနှိပ်စက်သူများကို အမှုဖွင့်အရေးယူ
---------- --------- ---------
ရန်ကုန်၊ ဇွန် ၅

ဒဂုံမြို့သစ်(ဆိကမ်း)မြို့နယ်၊ (၉၄)ရပ်ကွက်နေ ရာအိမ်မှူးတာဝန်ထမ်း
ဆောင်သူ ဦးမျိုးတင့်နိုင်သည် ဇွန်လ ၃ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်
တွင် နေအိမ်၌ရှိနေစဉ် ၎င်းရပ်ကွက်၊ အေ(၆)လမ်း၊ တိုက်(၁၁)၊ အခန်း
(၄၀၂)တွင် နေထိုင်သူ အိမ်ရှင်များမှ အိမ်အကူအမျိုးသမီးအား ညှင်းပန်း
နှိပ်စက်နေကြောင်း သိရှိရသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးထံအကြောင်း
ကြားပြီးနောက် ဇွန်လ ၄ ရက်နေ့ ညနေ ၄နာရီခွဲအချိန်ခန့်တွင် အဆိုပါ
နေအိမ်တိုက်ခန်းသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရန်ရှင်း၊ ရာအိမ်မှူး
ဒေါ်ရီရီချို ရပ်မိရပ်ဖများနှင့်အတူ စစ်ဆေးရာ အိမ်ရှင်ဖြစ်သူ ထွန်းထွန်း၊
(၃၃)နှစ်နှင့် ၎င်း၏ဇနီးဖြစ်သူ မမြတ်နိုးသူ၊ (၃၂)နှစ်နှင့် အိမ်အကူ မ-----
တို့အားတွေ့ရှိရခဲ့ရပါသည်။

ပူးပေါင်းအဖွဲ့မှ အိမ်အကူမိန်ကလေးအား ကြည့်ရှုစစ်ဆေးရာ ၎င်းတွင်
ရင်ဘတ်၊ ကျောကုန်း၊ ၀ဲ/ယာလက်မောင်း၊ ၀ဲ/ယာပေါင်တို့တွင် မီးအပူ
လောင်ဒဏ်ရာများ၊ ဦးခေါင်းနှင့် ၀ဲ/ယာခြေထောက်တို့တွင် ဖူးရောင်
ဒဏ်ရာများတွေ့ရှိရသဖြင့် ဒဏ်ရာများနှင့်ပတ်သက်၍မေးမြန်းရာ
အိမ်ရှင်ဖြစ်သူ ထွန်းထွန်းနှင့်ဇနီး မမြတ်နိုးသူတို့နှစ်ဦးမှမီးပူဖြင့်ကပ်ခြင်း၊
ရေနွေးပူဖြင့်လောင်းခြင်းနှင့် တုတ်ဖြင့်ရိုက်နှက်ခြင်းတို့ကြောင့်ရရှိ
သောဒဏ်ရာများဖြစ်ကြောင်း စိစစ်တွေ့ရှိခဲ့ရပါသည်။

ယင်းကဲ့သို့ အိမ်အကူမိန်းကလေးအား ညှင်ပန်းနှိပ်စက်သူ ထွန်းထွန်းနှင့်
မမြတ်နိုးသူတို့နှစ်ဦးကို ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့မရဲစခန်း(ပ)၆၆၀/၂၀၁၇၊
ရာဇသတ်ကြီးပုဒ်မ၃၂၆/၃၂၅/၁၁၄ဖြင့် အရေးယူဆောင်ရွက်ခဲ့ပါသည်။

၎င်းပြင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက မြို့နယ်
လူမှုဝန်ထမ်းဦးစီးဌာနသို့ ကလေးသူငယ်ဥပဒေဖြင့် အရေးယူနိုင်ရေး
ဆက်သွယ်ဆောင်ရွက်လျက်ရှိသည့်အပြင် လူကူန်ကူးမှုတားဆီး
ကာကွယ်ရေးဥပဒေပါပြဌာန်းချက်များနှင့်ငြိစွန်းမှုရှိ/မရှိ အမှတ်(၆)
လူကူန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲတပ်ဖွဲ့ဝင်များနှင့်
ပူးပေါင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းနှင့် ဥပဒေပါပြဌာန်းချက်များနှင့်
ညှိစွန်းမှုရှိပါက သက်ဆိုင်ရာဥပဒေများဖြင့် ဆက်လက်အရေးယူဆောင်ရွက်
သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

Credit- Yangon police










No comments:

Post a Comment