Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 3, 2017

YBS ကားတွေကို ကားအသစ်တွေနဲ့လဲမည်


( ရန်ကုန်မြို့တွင်ပြေးဆွဲနေသော YBS ယာဉ်ကိုတွေ့ရစဉ် )Photo: Aung Thain Kha/RFA
YBS ယာဉ် အစီးရေ ၂၀၀၀ ကျော်လောက်ကို မေလကုန်လောက်မှာ ကားသစ်တွေနဲ့ လဲလှယ်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောပါတယ်။

လက်ရှိပြေးဆွဲနေတဲ့ ကားဟောင်းတွေကို အစိုးရနဲ့ ကုမ္ပဏီတွေ ဝယ်ယူထားတဲ့ ကားသစ်တွေနဲ့လဲလှယ်သွားမှာဖြစ်တယ် လို့ ဒေါက်တာမောင်အောင်က ပြောပါတယ်။

"မေလကုန်ဆိုရင် ၂၅၀၀ လောက်ရောက်မယ် အစိုးရ၀ယ်တာကလဲ မေလကုန်ရောက်မယ် ကုမ္ပဏီတွေက ၀ယ်ထားတဲ့အစီးရေ တစ်ထောင်ကျော်လောက်ကလဲ မေလကုန်ရောက်မယ်။ အသစ်လဲဖို့က အစီးရေ လေးထောင်ကျော်ရှိတော့ နောက် ထပ် နှစ်ထောင်လောက်လိုသေးတာပေါ့"

ယာဉ်လမ်းကြောင်းပြေးဆွဲမှုတွေကိုလည်း တစ်ဆင့်ထဲနဲ့ ရန်ကုန်မြို့တွင်းရောက်နိုင်တဲ့ လမ်းကြောင်းမျိုး ပြေးဆွဲနိုင်အောင် လေ့လာဆန်းစစ်မှုတွေဆောင်ရွက်နေပြီး ယဉ်လိုင်းတွေ ထပ်တိုးပြေးဆွဲပေးသွားမယ်လို့ ပြောပါတယ်။

ယာဉ်နောက်လိုက်တွေ ငွေကြေးကောက်ခံတဲ့စနစ်ကို ရုတ်သိမ်းပြီး ကတ်စနစ်နဲ့ ငွေပေးချေနိုင်ဖို့ကိုလည်း လုပ်ဆောင်နေပြီး နည်းပညာပိုင်းဆိုင်ရာတွေဖြစ်တဲ့အတွက် အချိန်အတိအကျ ပြောလို့တော့မရသေးဘူးလို့ ပြောပါတယ်။

YBS ယာဉ်တွေကို စီမံချက်ယာဉ်တွေနဲ့ စောင့်ကြည့်ဖမ်းဆီးအရေးယူထားတဲ့ ယာဉ်အမှုပေါင်း ၃၉၀၀ ကျော်ရှိပြီး တိုင်ကြားတဲ့အမှုပေါင်း ၁၄၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၁၆ ရက်နေ့က အရင် မထသစနစ်ကနေ YBS စနစ်ကို စတင်ပြောင်းလဲလိုက်တာဖြစ်ပြီး အဲဒီစနစ်အပေါ် လွှတ်တော်ကိုယ်စား လှယ်တွေနဲ့ ပြည်သူတွေက ဝေဖန်မှုတွေ ရှိနေပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

No comments:

Post a Comment