Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 8, 2017

သက်ငယ် မုဒိန်းကျူးလွန်ခံရသူ(victim)သမီးငယ်လေးအား ဖေးကူကြပါစို့


" ကလေးသူငယ်လေးများ ဘဝသနားစရာပါ
သက်ငယ်မုဒိန်း ပြင်းပြင်းထန်ထန် ရှုပ်ချပါတယ် ထိထိရောက်ရောက် အရေးယူပေးစေချင်ပါသည်။
==============================
CREDIT ဒေါက်တာရဲထွန်းဇော်
တတ်နိင်သမျှ အလှုငွေ ထည့်ဝင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
==============================
သက်ငယ် မုဒိန်းကျူးလွန်ခံရသူ(victim)သမီးငယ်လေးအား ဖေးကူကြပါစို့"
*******************************************
အခုတလော သက်ငယ်မုဒိန်းမှုတွေ ခပ်စိပ်စိပ်ကြားလာရသည်။
မုဒိန်းကောင်များသည်
လျော့ရဲလာသောတရားဥပဒေကို အသုံးချကာ
ပြန်လည်ခုခံနိုင်စွမ်းနည်းပါးသည့် ကလေးငယ်များကို သားကောင်အဖြစ်ရွေးချယ်လာကြသည်။
ကျူးလွန်ကြသည်။
ယခုလည်း သက်ငယ်မုဒိန်းမှု ဖြစ်ပြန်ပြီ။
မကွေးတိုင်း၊ အထက်မင်းလှမြို့နယ် အတွင်းရှိ မယ်ဇလီတောကျေးရွာတွင် ၂၀၁၇ မေလ (၁)ရက်နေ့ကဖြစ်ပွားခဲ့သည်။
နွမ်းပါးလှသည့် မိဘနှစ်ပါးမှ အငယ်ဆုံးသမီးလေး
အသက် ငါးနှစ်မပြည့်သေးသူ မ--- အား
တစ်ရွာတည်းသား အောင်သောင်း(၄၂)နှစ် ဆိုသူမှ မုန့်ဖိုးပေးမည်ဟု ဖျားယောင်း၍ ၎င်းအိမ်ပေါ်သို့ခေါ်ကာ မဖွယ်မရာ ကျူးလွန်သည်။
သမီးလေး မ--- ၏ ဘောင်းဘီကိုချွတ် ၊ မိန်းမအင်္ဂါကို တံတွေးဆွတ်ပွတ်ကာ ထိုးသွင်းရန်ကြိုးပမ်းသည်။
သမီးလေး မ--- ခဗျာ မအင်္ဂါမှ သွေးထွက်၊ နာကျင်လွန်း၍ အော်ဟစ်ငိုယိုကာ မိခင်ထံ ပြန်ပြေးပြီးပြောမှ မိခင်က သိတော့သည်။ အထက်မင်းလှမြို့မရဲစခန်းသို့ ချက်ချင်းတိုင်တန်းခဲ့သည်။
တရားခံ အောင်သောင်းအား ရဲတပ်ဖွဲ့မှ ထိုနေ့တွင်ပင် ဖမ်းဆီးကာ
(ပ) ၁၂၈/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ ဖြင့် ဖမ်းဆီးအရေးယူခဲ့သည်။
..............................................................................
မုဒိန်းမှုတစ်ခု၏ ဒဏ်ရာဒဏ်ချက်သည် ပြင်းထန်လှသည်။
သက်ငယ်မုဒိန်းမှုဖြစ်တော့ ပိုဆိုးပေသည်။
မိဘက ဆင်းရဲသည်။
သားသမီးက လေးယောက်ရှိသည်။
ကျူးလွန်ခံရသူ သမီးလေး ၏ မိခင်နှင့် ဖခင်တို့မှာ နေ့စဉ် မျက်ရည်နှင့်မျက်ခွက် ။
သမီးလေးကို တစိမ့်စိမ့်ကြည့်ကာ ရင်ထုမနာဖြစ်နေကြသည်။
သမီးလေး၏ ရှေ့ရေးအတွက် တွေးတွေးပြီးငိုကြသည်။
တရားလွှတ်တော်ရှေ့နေ အန်တီ ဒေါ်ခင်မြမူမှ အခမဲ့ရှေ့နေလိုက်ပေးမည်ဖြစ်သော်လည်း သူတို့မိသားစုခဗျာ
အမှုကိုရုံးထုတ်လျှင် မင်းလှမြို့နှင့် မိုင်ခြောက်ဆယ်ကျော်ဝေးသော ခရိုင်တရားရုံးရှိရာ သရက်မြို့သို့ သွားရမည့် စားရိတ်ကလည်း မရှိရှာ။
သူမတို့မိသားစုခဗျာ ကြံရာမရဖြစ်ကာ ဒီနေ့မှ မိမိထံဆက်သွယ် အကူအညီတောင်းခံလာသည်။
ဒီကြားထဲ
သမီးလေးက ညည မအိပ်တော့။
သွေးလန့်ကာ ကယောင်ခြောက်ခြားပြောတတ်လာသည်။
မိန်းမကိုယ်က နာသည်။ စပ်သည်ဟု ပြောပြောနေသည်။
မိဘနှစ်ပါး ခဗျာ သမီးလေးကို ဘောင်းဘီချွတ်ကာ ယပ်ခပ်ပေးနေရသည်။
လူတစ်ယောက်ယောက် ဘေးနားကပ်လာလျှင်ကို သမီးလေး လန့်နေတတ်သည်။
စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာသည်။
ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာထက် ပိုဆိုးတာ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေ။
ဒီဒဏ်ရာတွေကို လူမမယ် ကလေးတွေမရစေချင်။
ငိုယိုပြောပြနေသော မိခင်ဖြစ်သူ စကားများကို နားထောင်ရင်း မိမိ မျက်ရည်ဝဲလာရသည်။
သားသမီးချင်း ကိုယ်ချင်းစာသည်။
ဒီနေရာမှာ မိမိသမီးလေးသာဆိုရင် ဆိုတဲ့ ကိုယ်ချင်းစာမှုဖြင့် အမှုအတွက် အစစအရာရာ ကူညီပေးမည်ဟု ပြတ်ပြတ်သားသား ပြောခဲ့သည်။
ငွေကြေး ၊ရုပ်ပိုင်း ၊ စိတ်ပိုင်းဆိုင်ရာများ ချို့တဲ့နေရှာသော သက်ငယ်မုဒိန်းမှု၏ သားကောင် သမီးလေးအတွက် မိတ်ဆွေများလည်း တတ်နိုင်သလောက် အကူအညီပေးကြပါရန် အကူအညီတောင်းခံအပ်ပါသည်။
ဒေါက်တာ ရဲထွန်းဇော်
၇/ပခန(နိုင်)၂၂၇၀၈၃
အထက်မင်းလှမြို့ ။
၀၉၄၄၀၂၂၄၇၆၆
ဒေါ်ခင်မြမူ
တရားလွှတ်တော်ရှေ့နေ
အထက်မင်းလှမြို့ ။
၀၉၄၀၁၅၂၂၈၅၄
ကိုထွန်းထွန်း
ထွန်းထွန်းဆေးဆိုင်
မေတ္တာလမ်း
မကွေးမြို့။
၀၉၄၀၁၆၁၅၃၉၂
ကိုမိုး
ဖြိုးဖြိုးကြွယ်ဆေးဆိုင်
အထက(၁)လမ်း
မကွေးမြို့။
၀၉၇၆၅၃၄၁၆၄၁




No comments:

Post a Comment