Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 20, 2017

မင်းမှာ အီးမေးရှိလား

အလုပ်လက်မဲ့ ဖြစ်နေတဲ့ လူငယ်တစ်ယောက်ဟာ ကုမ္ပဏီကြီး တစ်ခုမှာ ရုံးစေ (ရုံးပြာတာ) အလုပ်လိုနေတယ် ကြားတာနှင့်သွားပြီး လျှောက်ပါတယ်။ အလုပ်ရှင်က သူ့ကို အင်တာဗျူးတယ်။ ပြီးတော့ စမ်းသပ်တဲ့အနေနဲ့ ရုံးကြမ်းပြင်ကို သန့်ရှင်းခိုင်းတယ်။ ပြီးတော့ သူ့လုပ်ပုံ ကိုင်ပုံ ကြိုက်တာနဲ့ မင်းကို အလုပ်ခန့်လိုက်ပြီ။

မင်းမှာ အီးမေးရှိလား မင်းရဲ့  အီးမေး ပေးပါ။ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ဖြေ့ဖို့ပို့လိုက်မယ် ဆိုတော့ လူငယ်က ကျနော်မှာ အီးမေးမရှိပါဘူး ခင်ဗျာလို့ ပြန်ဖြေတယ်။

အလုပ်ရှင်က မင်းမှာ အီးမေး မရှိရင် ဒီလိုခေတ်ကြီးထဲမှာ ဘယ်လိုရပ်တည်မလဲ။ ရပ်တည်လို့မရရင် အလုပ်လည်း မရနိုင်ဘူး။ အီးမေးမရှိရင် မင်းကို မခန့်နိုင်ဘူး ဆိုပြီး ငြင်းလိုက်တယ်။

လူငယ်လေးဟာ စိတ်ပျက်အားငယ်စွာနဲ့ ရုံးခန်းက ထွက်လာတယ်။ ကိုယ်အိပ်ထဲစမ်းကြည့် တော့လည်း ဒေါ်လာ ၁၀ သာ ကျန်တော့တယ်။ အဲလိုနဲ့ စိတ်ပျက်စွာ လမ်းလျောက်လာရင်း အကြံတစ်ခုရတယ်။ ပြီးတော့ စူပါ မားကက် သွားပြီး အဲဒီ ၁၀ ဒေါ်လာနဲ့ ခရမ်းချည်သီး ၁၀ ကီလို ဝယ်လိုက်တယ်။ ပြီးတော့ တအိမ်ဝင် တအိမ်ထွက် လိုက်ရောင်းတယ်။ ၂ နာရီ အတွင်းမှာပဲ။ ခရမ်းချည်သီး ၁၀ ကီလိုကုန်သွားပြီး ဒေါ်လာ ၂၀ ရလာတယ်။

အဲလိုနဲ့ တနေကုန် ခရမ်းချည်သီး ဝယ်ရောင်းလုပ်ရင်းနဲ့ ညနေစောင်း အိမ်ပြန်တဲ့ အချိန်မှာ ဒေါ်လာ ၆၀ ပိုက်မိနေပါပြီ။ အဲဒါနဲ့ လူငယ်ဟာ အားတက်သွားပြီး နောက်နေ့မှာ စောစောထပြီး အဲလိုပဲ ဝယ်ရောင်းလုပ်တယ်။ သူရဲ့ ဝင်ငွေတွေဟာ ၂ ဆ ကနေ ၃ ဆတိုးလာပြီး ရက်အနည်းငယ်အကြာမှာ တွန်းလှည်း တစ်စီး ဝယ်နိုင်လာတယ်။

တွန်းလှည်းနဲ့ တင်ရောင်းနိုင်တဲ့ အတွက် သူ့လုပ်ငန်းဟာ ပိုမိုတွင်ကျယ်လာပြီး တခြား ဟင်းသီး ဟင်းရွက် တွေပါ အစုံတင်ရောင်းတော့တယ်။ အဲလိုနဲ့ လအနည်းငယ် အကြာမှာ ထရပ်ကား အဟောင်း တစ်စီး ဝယ်ယူခဲ့ပြီး အဲဒီ ထရပ်ကားနောက်မှာ တခြား ကုန်ခြောက်တွေပါရောင်းတဲ့ နယ်လှည့် ကုန်ခြောက်ဆိုင်လေး စဖွင့်ခဲ့တယ်။

၅ နှစ်အကြာမှာတော့ သူ့ကုမ္ပဏီဟာ သူတို့ ပြည်နယ်မှာ အကြီးဆုံး လက်လီ ရောင်းချတဲ့ ကုမ္ပဏီကြီး ဖြစ်နေပြီ။

သူဟာ ကုန်စုံဆိုင် သူဌေးကြီးလည်း ဖြစ်နေပြီ။ ငွေကြေးအတော်အတန် ကြွယ်ဝနေပြီဖြစ်တဲ့ အတွက် သူနဲ့ သူ့မိသားစု အတွက် အသက် အာမခံ ဝယ်ဖို့ စဉ်းစားတယ်။ ပြီးတော့ အာမခံ ကိုယ်စာလှယ်ကို ခေါ်ပြီး အသက်အာမခံ အကြောင်းတွေ ရှင်းပြခိုင်းတယ်။ သူလိုချင်တဲ့ plan တွေကို ရွေးပြီးတဲ့ အချိန်မှာ အာမခံ ကိုယ်စားလှယ်က ကျနော်ကို သူဌေးကြီး အီးမေး ပေးပါဆိုတော့။

သူက ငါ့မှာ အီးမေးမရှိဘူး။ အဲဒါနဲ့ အာမခံ ကိုယ်စားလှည်က အံသြဖို့ကောင်းလိုက်တာ။ သူဌေးမင်းက အီးမေးမရှိလို့သာ ဒီလို ကုန်စုံဆိုင် ကုမ္ပဏီ အမ်ပါယာကြီး ကို ထည်ထောင်နိုင်တာ။ အီးမေးသာ ရှိလို့ကတော့ ဘယ်လောက်ထိတောင် အောင်မြင်နိုင်မယ်ဆိုတာ မခန့်မှန်းနိုင်ဘူး လို့ ပြန်ပြောလိုက်တယ်။

သူဌေးကြီးက အေးငါမှာ အီးမေးသာရှိခဲ့ရင် ဒီလိုဘဝ ရောက်ဖို့ နေနေသာသာ ရုံးစေ (ရုံးပြာတာ) ပဲ ဖြစ်နေတော့မှာပေါ့...လို့ပြန်ဖြေလိုက်တယ်တဲ့....။

အမှန်ပဲလေ.. သူဟာအီးမေးရှိခဲ့ရင် သွားလျောက်တဲ့ အလုပ်က ခန့်လိုက်လို့ ရုံးပြာတာပဲ ဖြစ်နေတော့မှာပေါ့။
အီးမေးမရှိလို့သာ ကိုယ့်ဟာ ကိုယ်ကြိုးစားရင်း ဒီဘဝ ရောက်ခဲ့ရတာပေါ့။

လူတော်တော်များများက အလုပ် တစ်ခုခုကိုစလုပ်ချင်ကြတယ်။ ဒါပေမဲ့ ဆင်ခြေတွေပေးကြတယ်။ ငါ့မှာ အရင်းအနှီး မရှိဘူး။ ငါ့မှာ အဆက်အသွယ်ကောင်း မရှိဘူး။ တွဲလုပ်ရအောင် ယုံကြည်ရတဲ့လူ မရှိဘူး စသည်ဖြင့် ညည်းညူကြတယ်။ ဒါပေမဲ့ အရေးကြီး တဲ့ ကိုယ်က စလုပ်ရမဲ့ ကိစ္စတွေ ဘာတစ်ခုမှ မလုပ်ပဲ ဆင်ခြေထိုင်ပေးနေတာ များတယ်။

ကျနော်တို့ ငယ်ငယ်တုန်းက ကြွက်သေ တစ်ခု အရင်းပြု ဆိုတဲ့ ဘုရားအလောင်း နုစဉ်ဘဝက ဇာတ်နိပတ် တစ်ခု ဖတ်ဖူးတယ်။အမှန်က ဘာမှ အဖိုးမတန်တဲ့ ကြွက်သေကို အရင်းပြုပြီး ကြွယ်ဝချမ်းသာ သွားတဲ့ ပုံပြင်။ အခု ကုန်စုံဆိုင် သူဌေးဟာလည်း လက်ထဲက ၁၀ ဒေါ်လာနဲ့ ရင်းနှီးပြီး ကုမ္ပဏီ ပိုင်ရှင် သူဌေးဖြစ်အောင် လုပ်ခဲ့တာလေ။

ဒါကြောင့် ကိုယ်လုပ်ချင်တဲ့ အလုပ်တွေရှိရင် စလုပ်ပါ။ လုပ်နိုင်တဲ့ နေရာ ကိုယ်မှာရှိတဲ့ ပစ္စည်းနဲ့ စလုပ်ပါ။ ငါမှာ ဘာမရှိလို့ ညာမရှိလို့ ဆိုတဲ့ အကြောင်းပြချက်တွေ ပေးမနေပါနဲ့။ အဓိကက ငါမဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ စိတ်လေး ရှိရင်ပဲ တော်တော်ခရီးရောက်နေပါပြီ။

သူငယ်ချင်း တို့ လည်း ကိုယ်ဖြစ်ချင်တဲ့ ကိုယ့်အိမ်မက်ကို အပေါ်က လူငယ်လေးဥပမာယူပြီး အရောက်လှမ်းနိုင်ကြပါစေ။ ။

Stephen ရေးတဲ့ An Office Boy ဆိုတဲ့ ပုံပြင်လေး ကိုဆီလျှော်အောင် ပြန်ဆိုပါသည်။

ရဲမင်း (20/5/2017)

No comments:

Post a Comment