Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 16, 2017

မော်လမြိုင်မြို့ မုပွန်ရပ်ကွက်တွင် လူသတ်မှုဖြစ်ပွား


မော်လမြိုင်မြို့  ။ မေလ(၁၆)ရက်

မွန်ပြည်နယ် မော်လမြိုင်မြို့ မုပွန်ရပ်ကွက် မီးရထားဝင်းတွင် ၁၅.၅.၂၀၁၇ရက် မေလ ၁၅ရက်နေ့ နေ့လည်(၂)နာရီခွဲအချိန်က မိခင်ဖြစ်သူဒေါ်သိန်းထွေးနှင့် ညီမဖြစ်သူ မစိန်စိန်တို့ကို ညီမဖြစ်သူ၏ခင်ပွန်းခင်စိုးက ပြင်ပမှ အရက်သေစာသောက်စားလာပြီး ဓားနှစ်ချောင်းကိုင်၍ လိုက်ခုတ် ရာကနေ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

 ဓားနှစ်ချောင်းကိုင်၍ လိုက်ခုတ်နေစဉ် မစိန်စိန်၏ အစ်ကိုဖြစ်သူ ဇော်မင်းထွန်းမှ ဝင်ရောက်ဖျန်ဖြေစဉ် ခင်စိုးမှ ဇော်မင်းထွန်းကိုပါ ဓားဖြင့် လိုက်ခုတ်သဖြင့် ဇော်မင်းထွန်းက အလုပ်မှပြန်၍ ပါလာသော သံတူရွင်းဖြင့် ခုခံစဉ် ခင်စိုးမှာ ဦးခေါင်းတွင် ဒဏ်ရာများရရှိသွားပြီး အခင်းဖြစ်ပွားသည့် နေရာ၌ သေဆုံးသွားသည်။

အဆိုပါလူသတ်မှုအား မုပွန်နယ်မြေရဲစခန်းမှ ဇော်မင်းထွန်းကို ဖမ်းဆီး အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

တင်ထွဋ် (မော်လမြိုင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment