Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, May 17, 2017

ရခိုင်ပြည်နယ် ဂွမြို့နယ်တွင် ငါးပူးတင်းစား၍ သားမိသားဖ သုံးဦးသေဆုံး



နိရဉ္စရာ၊ မေ ၁၇

ရခိုင်ပြည်နယ် ဂွမြို့နယ် ရွှေယချိုင်ကျေးရွာတွင် ငါးပူးတင်းစား၍ သားမိသားဖ ၃ ဦး ယနေ့တွင်သေဆုံးသွားကြောင်း ဂွမြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးမှ နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

“ ဟုတ်ပါတယ်။ သားမိသားဖ သုံးယောက်စလုံးသေတာ မှန်ပါတယ် ခင်ဗျား။ အခု ဂွမြို့နယ် ဆေးရုံမှာ ရှိနေပါတယ်။ နာမည်တွေတော့ စစ်ဆေးနေတုန်း ဖြစ်တဲ့ အတွက် မသိရသေးပါဘူး” ဟု ဂွမြို့နယ် ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောသည်။


သေဆုံးသူများထဲတွင် ဖခင်၊ မိခင်နှင့် ကလေး တစ်ဦးတို့ ဖြစ်ကြသည်။

ဒေသခံများပြောကြားချက်အရ ငါးပူးတင်းကို အသားရော၊ ကလီစာကိုပါ စားမိရာမှ အဆိပ်သင့်ပြီး သေဆုံးခြင်း ဖြစ်ကြောင်း၊ ယောင်္ကျားဖြစ်သူမှာ ဂွမြို့နယ် ဆေးရုံသို့ အလာ လမ်းတွင် သေဆုံးပြီး မိခင်နှင့် သားဖြစ်သူမှာ ဆေးရုံရောက်ပြီးမှ သေဆုံးခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

(ဓာတ်ပုံ- ထွန်းထွန်းနိုင် )
Narinjara
https://www.facebook.com/Narinjara

No comments:

Post a Comment