Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 5, 2017

ကိုယ်ဝန်ရှိလို့ ၁၆ နှစ်လောက် အခန်းကျဉ်းထဲပိတ်လှောင်ခံခဲ့ရတဲ့မိန်းကလေး



အားနွဲ့ တဲ့အမျိုးသမီးတွေကိုအနိုင်ကျင့်တဲ့ ဖြစ်စဉ်တွေဟာ ကမ္ဘာအနှံ့ မှာ နေ့စဉ်မရေတွက်နိုင်အောင် ဖြစ်ပွားနေပါတယ်။မြန်မာပြည်မှာလည်း တလောလေးကပဲ မိန်းကလေးတစ်ယောက်ကို သုံးနှစ်လောက် အခန်းထဲပိတ် လှောင်ထားခဲ့တဲ့အကြောင်း မြန်မာရုပ်မြင်သံကြားကထုတ်လွှင့်သွားခဲ့ပါတယ်။

ယဉ်ကျေးတဲ့လူ့ဘောင်အသိုင်းအ၀ိုင်းမှာ အားနွဲ့ တဲ့အမျိုးသမီးနဲ့ကလေးတွေကို အလေးထားပြီး၊ကြင်ကြင်
နာနာ နဲ့ဆက်ဆံကြပါတယ်။ အမျိုးသမီးဆိုတာ လူ့ဘောင်ရဲ့နူးညံ့လှပတဲ့ အဆင်တန်ဆာတစ်ခုအဖြစ်
အလေးအမြတ်ပြုကြပါတယ်။ ယဉ်ကျေးမှုနောက်ကျတဲ့လူ့အသိုင်းအ၀ိုင်းကတော့ အားကြီးသူကအနိုင်ကျင့်တဲ့ ဓလေ့ဆက်လက်ထွန်းကားနေမြဲပါ။ မှားယွင်းတဲ့ထုံးတမ်းဓလေ့တွေကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ မိန်းကလေးတွေ၊ဘ၀ပျက်ခဲ့ရတဲ့မိန်းကလေးတွေ ဟာ မရေတွက်နိုင်အောင်ပါပဲ။

ဘရာဇီးက မိန်းကလေးတစ်ယောက်ဟာ  ၃မီတာပတ်လည်ရှိတဲ့ အခန်းကျဉ်းလေးထဲမှာ ၁၆ နှစ်လောက်
အ၀တ်အစားမဲ့ ပိတ်လှောင်ထားခြင်းခံခဲ့ရပါတယ်။ ဒီလိုပိတ်လှောင်ထားခြင်းခံခဲ့ရတဲ့ ပြစ်မှုက
သူ့မှာကိုယ်ဝန်ရှိခဲ့လို့ပါပဲ။
သူမ အသက် ၂၀ အရွယ်မှာ အမျိုးသားတစ်ယောက်နဲ့ရည်ငံပြီး ကိုယ်ဝန်ရှိခဲ့တာကြောင် သူ့မိသားစုက
အရှက်ရပြီး ၁၆ နှစ်လောက်အခန်းကျဉ်းထဲမှာပိတ်လှောင်ပြစ်ဒဏ်ပေးခဲ့ပါတယ်။
သူနာမည်က မာရီယာလူစီယာ လို့ခေါ်ပါတယ်။ မွေးဖွားလာတဲ့သားလေးကိုလည်း
တခြားမိသားစုတစ်စုကိုပေးလိုက်ကြပါတယ်။


ရဲတွေရဲ့အပြောအရ သူ့ကိုပိတ်လှောင်ထားတဲ့အခန်းမှာ အိမ်သာမရှိဘူးလို့ ဆိုပါတယ်။အခန်းထဲမှာ လျှပ်စစ်မီးလည်းမရှိပဲ တစ်ခုထဲသောအလင်းရောင်ကပြူတင်းပေါက်က၀င်တဲ့အလင်းရောင်ပဲရှိပါတယ်။
ဒီပြူတင်းပေါက်ကလည်း  များသောအားဖြင့်ပိတ်ထားပါတယ်။ သူမကိုကိုယ်လုံးတီးနဲ့တိရိစ္ဆာန်တစ်ကောင်လို ပစ်ထားပြီး တစ်နေ့ကိုနှစ်ခါအစာကျွေး ပါ တယ်။ ရဲတွေက ဘရာဇီးက ဥရူဘူရယ်တာမာ ဆိုတဲ့မြို့ရဲ့အစွန်အဖျားလူသူအရောက်အပေါက်နည်းတဲ့နေရာက သူတို့မိသားစုအိမ်ဝင်းထဲကနေ ခုလိုလူမဆန်စွာပိတ်လှောင်ခံထားရတဲ့ အမျိုးသမီးကိုကယ်ထုတ်ခဲ့ရပါတယ်။

ဒီပြစ်မှုကိုကျူးလွန်ခဲ့တဲ့ မာရီယာရဲ့အကို ဂျိုဒီအမယ်ဒါဘရာဂါ၄၈ နှစ်ကို သူ့ညီမကို မတရားဖမ်းဆီးအကျဉ်းချထားမှု၊ မလျော်ဆက်ဆံမှုတို့နဲ့ဖမ်းဆီးခံရလိုက်ပါတယ်။ သူ့ညီမကို ၁၆ နှစ်လောက်အကျဉ်းချထားတဲ့အမှုအတွက် သူအမြင့်ဆုံးခံရမယ့်ပြစ်ဒဏ်က၈ နှစ်ပဲဖြစ်ပါတယ်။။ သူ့ကိုလှောင်ပိတ်ထားတဲ့ကိစ္စမှာ အဓိက တာဝန်ရှိသူကိုသူတို့ရဲ့ဖခင်ဖြစ်ပြီး သူ့အကိုကဒုတိယပါ။ဒါပေမယ့်ဖခင်ကလေဖြတ်လို့သေဆုံးပြီမို့ သူကိုတော့ တရားမစွဲဆိုနိုင်တော့ပါဘူး။

အမေဖြစ်သူကသူ့သမီးကို ဒီလိုပြစ်ဒဏ်ပေးတာကို သဘောမတူပေမယ့်သူမရဲ့ ခင်ပွန်းနဲ့သားတို့ကို မလွန်ဆန်နိုင်ခဲ့ပါဘူး။ နောက်ဆုံး ဒီစိတ်နဲ့ပဲ စိတ်ထိခိုက်ပြီး အိပ်ယာထဲ လဲအထိဖြစ်သွားခဲ့ရပါတယ်။

ရဲတွေက ဒီလိုလူသူအရောက်အပေါက်နည်းတဲ့ ဒီမိသားစုဝင်းထဲကို အမည်မဖော်လိုသူတစ်ဦးက တိုင်ကြားတဲ့အတွက်သွားရောက်ကယ်ထုတ်ခဲ့ရခြင်းပါ။ အခန်းထဲရောက်ဖို့ သော့လေးခုကိုဖျက်ပြီးဝင်ခဲ့ရပါတယ်။

ရဲပြောခွင့်ရပုဂ္ဂိုလ်က "သူ့ကိုပိတ်လှောင်ထားတဲ့အခန်းက ၃မီတာပတ်လည်အခန်းဖြစ်ပြီး ကြိုးပုခက်တစ်ခုပဲရှိပါတယ်။အနံ့တွေကတော့ နံစော်နေတာပါပဲ။အခန်းထဲမှာ ညစ်ပတ်စိုထိုင်းနေတယ်။ ကျနော်တို့ကိုမြင်တော့အမျိုးသမီးက တဟုန်ထိုးပြေးထွက်လာပြီး ရဲအရာရှိတွေကိုဖက်ထားတယ်"

"ဒီနေရာကလူသူအရောက်အပေါက်နည်းပြီးကားတွေလည်းဖြတ်သန်းသွားလာတဲ့နေရာမဟုတ်တော့
သူဘယ်လောက်ပဲအော်အော် ဘယ်သူမှကြားနိုင်မှာမဟုတ်ဘူးဗျ။ တွေ့စက အရမ်းကိုဖြူဖျော့နေပေမယ့် အခုတော့ ပုံမှန်ကိုယ်အလေးချိန်ပြန်တက်လာပါပြီ။သူ့မှာ စကားကို အတော်ခက်ခက်ခဲခဲပြောရတယ်။စာနဲ့ရေးပြီးတော့ပြောပြပါတယ်"လို့ပြောပါတယ်။

သူရဲ့သားကအခုဆို အသက် ၁၅ နှစ်အရွယ်ရှိပြီးမကြာခင်သားအမိပြန်ဆုံတွေ့ရမယ်လို့ ရဲအရာရှိကပြောပါတယ်။
SZ(Time Ayeyar_တိုင်းဧရာ) ဘာသာပြန်သည်။
http://www.timeayeyar.com/2017/03/blog-post_3685.html
လျှပ်စစ်မရှိတဲ့အခန်း။ဒီအခန်းထဲကိုအလင်းရောင်ဝင်နိုင်တဲ့တစ်ခုထဲသောပြူတင်းပေါက်။ဒီပြူတင်းပေါက်ကိုလည်းအချိန်တိုင်းနီးပါးပိတ်ထားတယ်။

 အမိုးပေါ်က အပေါက်တွေ။မိုးရာသီဆိုဒီနေရာကမိုးရေတွေကျတယ်။

No comments:

Post a Comment