Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 15, 2017

" ငွေတောင်တန်းဆီသို့ သီချင်းတစ်ပုဒ် "

ပထမဆုံး
၁၉၇၀ ကျော်လောက်က ထွက်ရှိခဲ့သော စိုင်းထီးဆိုင် သီဆို
ခဲ့တဲ့ စီးရီးများထဲမှ" ငွေတောင်တန်းဆီသို့ သီချင်းတစ်ပုဒ် " 
သီချင်းကိုပြောချင်ပါတယ်..
ငွေတောင်တန်းဆိုတာ ငွေ သတ္တုတွေ ထွက်ရှိရာ ရှမ်းတောင်
တန်းကို ဆိုလိုခြင်းဖြစ်တယ်..
ရှမ်းတွေဟာ ယဉ်ကျေးမှုအစဉ်အလာမြင့်မားပြီး ပဒေသရာဇ်
စနစ်ထွန်းကားတဲ့ ဒေသဖြစ်တယ်..
ကုန်းဘောင်ခေတ်တုန်းက ရှမ်းစော်ဘွားတွေဟာ မြန်မာဘုရင်
နဲ့ မဟာမိတ်ပေါ့..
ကိုလိုနီခေတ်မှာ အင်္ဂလိပ်တွေက တောင်တန်းဒေသနဲ့ မြေပြန့်
ဒေသကို ခွဲပြီး အုပ်ချုပ်တယ်..
လွတ်လပ်ရေးယူသောအခါ ပင်လယ်ထွက်ပေါက်မရှိသော တောင်တန်းဒေသတွေဟာ မြေပြန့်နဲ့အတူ လွတ်လပ်ရေးအတူ ယူမှ ရမှာလို့ ရှမ်းပညာတတ်လူငယ်တွေ တွေးခေါ်ကြတယ်.
မြန်မာပြည်လွတ်လပ်ရေးအတွက် တောင်တန်းနဲ့ မြေပြန့် ဒေသ နှစ်ဦးစလုံးဟာ ပင်လုံစာချုပ်ချုပ်ဆိုကာ.လွတ်လပ်ရေးကို 
အတူတူယူကြတယ်..
ပင်လုံစာချုပ်ထဲမှာ လွတ်လပ်ရေးယူပြီး ၁၀ နှစ်ပြည့်တဲ့
အခါ ရှမ်းပြည်နယ်က မြန်မာပြည်နဲ့ ခွဲထွက်လိုက ခွဲထွက်
ခွင့်ရှိတယ်လို့ စာချုပ်ထဲမှာ ပါတယ်..
၁၉၄၈ လွတ်လပ်ရေးရပြီး ၁၀ နှစ်အကြာ ၁၉၅၈ တွင်
စစ်တပ်က မလိမ့်တပတ်နဲ့ အာဏာသိမ်းတယ်..အိမ်စောင့်အစိုး ရ ပေါ်ပေါက်လာတယ်..
ပင်လုံစာချုပ်ဟာ မြောင်းထဲ ရောက်သွားပြီး ရှမ်းမျိုးချစ်တွေက လက်နက်စွဲကိုင်တော်လှန်ကြတယ်..
သီချင်းထဲက မင်းသမီးပျိုလေးဆိုတာ မြန်မာပြည်ကို ဆိုလိုတာ
ဖြစ်ပြီး အဝေးရောက်သားဆိုတာ ရှမ်းတော်လှန်ရေးသမားကို ဆိုလိုတာဖြစ်တယ်..
ဆယ်နှစ်နီးပါးစောင့်ခဲ့ကြပြီးမှချစ်တိုင်းလဲ မညားခဲ့ကြရတဲ့ ရှမ်း နဲ့ မြန်မာဟာမြန်မာ ( မင်းသမီးပျိုလေး) အတွက်တော့ ဖြေသာ
လို့ရပေမဲ့ ရှမ်းတွေအတွက်မှာတော့ အပူမီးရတက်ဗျာပွေရပြီ
ပေါ့..
ဆရာစိုင်းခမ်းလိတ်မှာ စိုင်းတုန်ခမ်း ဆိုတဲ့ ရှမ်းနိုင်ငံရေး
ခေါင်းဆောင် အကိုအရင်းတစ်ဦးရှိတယ်..
သူက အင်္ဂလိပ်တွေဆီက မြန်မာပြည်နဲ့တွဲပြီး လွတ်လပ်ရေး
ယူဖို့ ပင်လုံစာချုပ်လက်မှတ်ထိုးခဲ့တဲ့.ရှမ်းပဒေသရာဇ်တွေကို
ရွဲ့ပြီး ပြောလေ့ရှိတာက လွတ်လပ်ရေးရခဲ့တာ ရှမ်းတွေ
အတွက် ငိုကြွေးရဖို့လား ..ပျော်ရွှင်ကြဖို့လား..
ရှမ်းနဲ့ဗမာ ချစ်ခင်ရင်းနှီးလို့ ပူးပေါင်းညားခဲ့ကြရင်လဲ
ရှမ်းပဒေသရာဇ်တွေသာ ပျော်ရွှင်ကြရမှာ ဖြစ်တယ်.
ရှမ်းအများစု ရှမ်းလူထုကတော့ ဆင်းရဲသထက် ဆင်းရဲ
မှာ သေချာတယ်..
အချစ်တစ်ခုတည်းနဲ့ ဗမာကို ယုံပြီးပုံအပ်လို့တော့မဖြစ် ဟု
သူ့ညီ စိုင်းခမ်းလိတ်ကို ပြောခဲ့တာ တေးရေးဆရာရင်ထဲ ပြန်လည်ကြားယောင်မိတယ်လို့ ရေးဖွဲ့ခဲ့တယ်..
ဒီ ပင်လုံစာချုပ်ကို အသက်ပြန်လည်သွင်းရန်.အကြိမ်ကြိမ်
ဆက်ရမဲ့ ဇာတ်လမ်းတွေ ရှိနေမှာပါလို့.သစ္စာဆိုခဲ့တယ်..
တကယ်လည်း
အခုလက်ရှိ ကိုယ်တို့တိုင်းပြည်မှာ အရင်လက်ဟောင်း ပင်လုံ
စာချုပ်အား အသစ်မွမ်းမံပြန်လည်ရေးဆွဲဖို့ ၂၁ ရာစု ပင်လုံစာ
ချုပ်ကို ချုပ်ဆိုနိုင်ရန် ကြိုးစားနေကြပါပြီ..
ပုံက ဆရာစိုင်းခမ်းလိတ်ရဲ့ အကိုဖြစ်သူ
စိုင်းတုန်ခမ်းတို့ စုံတွဲဖြစ်ပါတယ်.
Credit Ba Kyue


No comments:

Post a Comment