Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 16, 2017

ဘဏ်လုယက်မှုက ရတဲ့ သင်ခန်းစာ

သင်လေ့လာထားမှု အပေါ်မှာပဲ အာရုံစိုက်တာကို အသက်မွေးဝမ်းကျောင်းတဲ့ ပရို လို့ခေါ်တယ်
………………………………………………………………………………………………………
တရုပ်နိုင်ငံ ဂွမ်ဇောင်းပြည်နယ် ဘဏ်လုယက်မှု တခုမှာ လုယက်သူတွေက သေနတ်နဲ့ ချိန်ရွယ်ပြီး ဒီလိုအော်ပါတယ် ။
” မလှုပ်နဲ့ ၊ ပိုက်ဆံဆိုတာ နိုင်ငံတော်ပိုင် ပစ္စည်းဖြစ်တယ် ၊ မင်းတို့ ပိုင်တာ ဆိုလို့ မင်းတို့ အသက်ပဲ ရှိတယ် ”
ထိုအချိန်မှာ မလုံမခြုံ အဝတ်အစား ဝတ်ထားတဲ့ အမျိုးသမီးက စားပွဲပေါ် လှဲချလိုက်တဲ့အခါ
လုယက်သူက
” အဝတ်အစားကို လုံလုံခြုံခြုံ ဖုံးထားပါ ၊ ဒါဟာ ဘဏ်လုယက်နေတာဖြစ်တယ် ။ မုဒိန်းကျင့်ဖို့ မဟုတ်ဘူး ”
ဒါကို ပရောဖက်ရှင် လို့ ခေါ်ပါတယ် ။ သင်ရဲ့ အသက်မွေးဝမ်းကျောင်းမှု အပေါ်မှာပဲ အာရုံစိုက်ပါ ။

အတွေ.အကြုံဟာ ဘွဲ.လက်မှတ်တွေထက် ပိုအရေးကြီးတယ်
………………………………………………………………….
ဘဏ်လုယက်သူတွေဟာ အိမ်ပြန်ရောက်တော့ MBA ဘွဲ.ရထားတဲ့ ညီိက မူလတန်းသာ စာသင်ဘူးတဲ့ အကိုဖြစ်သူကို
” အကိုကြီး ၊ ကျွန်တော်တို့ ဘယ်လောက်ရခဲ့သလဲ ပိုက်ဆံတွေ ရေတွက်ရအောင် ”
အကိုဖြစ်သူ ပြန်ပြောလိုက်တာက
” မမိုက်မဲစမ်းပါနဲ့ညီရာ ၊ ငွေတွေက အများကြီးပဲ ငါတို့ ရေတွက်ရင် ၊ အရမ်းကြာလိမ့်မယ် ။ ဒီနေ့ည ရုပ်မြင်သံကြား သတင်းမှာ ငါတို့ ဘဏ်က ဘယ်လောက် လုယက်လာတယ်ဆိုတာ ကြေငြာပါလိမ့်မယ် ”
ဒါကို အတွေ.အကြုံလို့ ခေါ်တယ် ။ ဒီနေ့ခေတ်မှာ ၊ အတွေ.အကြုံဟာ ဘွဲ.လက်မှတ်တွေထက် ပိုအရေးကြီးတယ် ။

မဖြစ်နိုင်တဲ့ အခွင့်အရေးကို မိမိကိုယ်ကျိုးအဖြစ် ပြောင်းလဲပါ
…………………………………………………………………
ဘဏ်လုယက်သူတွေ ဘဏ်က ထွက်ခွါသွားတော့ ဘဏ်မန်နေဂျာက ကြီးကြပ်ရေးမှုးအား ရဲကို အမြန်ဆုံးခေါ်ဖို့ ပြောတယ် ။
ဒါပေမဲ့ ကြီးကြပ်ရေးမူးက
” ခဏနေအုန်း ၊ ကျွန်တော်တို့အတွက် ၁၀ သန်းလောက် ခိုးထားရအောင် ။ ပြီးတော့ ကျွန်တော်တို့ ဘဏ်က အလွဲသုံးစားလုပ်ထားတဲ့ သန်း ၇၀ ပါ ပေါင်းလိုက်ကြစို့ ”
ဒါကို ဒီရေနဲ့အတူ ကူးခတ်ခြင်းလို့ ခေါ်တယ် ။ မဖြစ်နိုင်တဲ့ အခွင့်အရေးကို မိမိကိုယ်ကျိုးအဖြစ် ပြောင်းလဲနိုင်ခြင်း

သင့်ရဲ့ ပျော်ရွှင်မှုဟာ သင့်ရဲ့ အလုပ်ထက် ပိုအရေးကြီးတယ်
………………………………………………………………..
ကြီးကြပ်ရေးမူးက ထပ်ပြောတာက
” ဘဏ်လုယက်သူတွေ လစဉ် ပုံမှန် လာလုရင် သိပ်ကောင်းမှာပဲ ”
ဒါကို ပျင်းရိခြင်းကို ချိုးနှိမ်ခြင်းလို့ ခေါ်တယ် ။ သင့်ရဲ့ ပျော်ရွှင်မှုဟာ သင့်ရဲ့ အလုပ်ထက် ပိုအရေးကြီးတယ် ။

အသိဥာဏ် ဟာ ရွှေလို တန်ဘိုးရှိတယ်
…………………………………………
နောက်တနေ့မှာ ရုပ်မြင်သံကြားသတင်းတွေက ဘဏ်လုယက်သူတွေ ဘဏ်က သန်း ၁၀၀ လုယက်သွားကြောင်း သတင်းကြေငြာကြတယ် ။
လုယက်သူတွေလည်း ငွေတွေကို စတင်ရေတွက်ကြတော့တယ် ။ ဒါပေမဲ့ သူတို့ လုယက်လာတဲ့ ငွေတွေဟာ သန်း ၂၀ ပဲ ရှိတာကိုတွေ.လိုက်ရတယ် ။
ဒီတော့ လုယက်သူတွေဟာ ဒေါသထွက်ပြီး
” ငါတို့မှာတော့ အသက်စွန့်ပြီး အလုပ်လုပ်ခဲ့ပေမဲ့ သန်း ၂၀ ပဲ ရတယ် ၊ ဘဏ်မန်နေဂျာကတော့ လက်ကလေး တချက်လှုပ်တာနဲ့ သန်း ၈၀ ရသွားတယ် ။ ပညာဆိုတာ ခိုးတာထက် ပိုတန်ဘိုး ရှိပါလား ”
ဒါကို အသိဥာဏ် ဟာ ရွှေလို တန်ဘိုးရှိတယ် လို့ခေါ်တယ်။

ဘဏ်မန်နေဂျာလည်း စတော့ ရှယ်ယာ ဈေးကွက်မှာ ရူံးခဲ့တဲ့ ငွေတွေ ဘဏ် ဓားပြ တိုက်မှုကနေ ပြန်ရလိုက်လို့ ပြုံးပျော်နေတယ် ။
ဒါကို အခွင့်အရေး ဖန်တီးခြင်းလို့ခေါ်တယ် ။
………………………………………………
ဒါဆို ဒီအဖြစ်အပျက်မှာ ဘယ်သူက တကယ့် သူခိုးလဲ

ရဲသူရိန်မင်း

No comments:

Post a Comment