Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 8, 2017

လွန်ခဲ့သော သုံးရက်ခန့်က ရဲစခန်းတွင် လူပျောက်မှုတိုင်ချက်ဖွင့်ထားသော ကလေးငယ်၏အလောင်း လယ်ကွင်းအတွင်း တွေ့ရှိ

 
လွန်ခဲ့သော သုံးရက်ခန့်က ရဲစခန်းတွင် လူပျောက်မှုတိုင်ချက်ဖွင့်ထားသော ကလေးငယ်၏အလောင်း လယ်ကွင်းအတွင်း တွေ့ရှိ
•••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••

8.5.2017 ရက်နေ့ ညနေ ၆း၃၀ အချိန်ခန့်က ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ် ထားဝယ်.ရန်ကုန် အဝေးပြေးလမ်း၏ အရှေ့ဖက်လယ်ကွင်းအတွင်း လွန်ခဲ့သောရက်အနည်းငယ်က သေဆုံးခဲ့သည်ဟု ယူဆရသော ပုပ်ပွနေသည့် အသက်လေးနှစ်အရွယ် ယောင်္ကျားလေးတစ်ဦး၏ အလောင်းအား တွေ့ရှိရသဖြင့် နယ်မြေခံရဲစခန်းမှ သေမှုသေခင်းဖွင့်လှစ်စစ်ဆေးလျက်ရှိပြီး ဇမ္ဗူသီရိ အရေးပေါ်လူနာ ကူညီသယ်ဆောင်ရေးအဖွဲ့မှ အထောက်အကူပြုယာဉ်ဖြင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးသို့ သယ်ယူပို့ဆောင်ပေးခဲ့ပါသည်။
..
အဆိုပါကလေးငယ်မှာ အိမ်ရှေ့ပြင်ရပ်တွင် တည်ရှိသော ကုမ္ပဏီတစ်ခုမှ ဝန်ထမ်းမိသားစုဝင်တစ်ဦးဖြစ်ပြီး လွန်ခဲ့သောသုံးရက်ခန့်က ထားဝယ်ရဲစခန်းတွင် လူပျောက်မှု တိုင်တန်းထားသော ကလေးငယ်ဖြစ်ကြောင်း သိရှိရပါသည်။
..
ဟိန်းအာကာ 
 

No comments:

Post a Comment