Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 19, 2017

အမျိုးသားဒီမီုကရေစီအဖွဲ့ချုပ် နာယက စိုးရိမ်စရာ အခြေအနေကနေ လွတ်မြောက်လာပြီလို့ ပြည်ထောင်စုဝန်ကြီးဆို

 
အမျိုးသားဒီမီုကရေစီအဖွဲ့ချုပ် နာယက စိုးရိမ်စရာ အခြေအနေကနေ လွတ်မြောက်လာပြီလို့ ပြည်ထောင်စုဝန်ကြီးဆို
********************************************
လက်ရှိ ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဌာနမှာ တက်ရောက်ဆေးကုသမှု ခံယူနေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲချုပ် နာယက ဦးတင်ဦးရဲ့ ကျန်းမာရေးအခြေအနေ ဟာ စိုးရိမ်စရာအခြေအနေက လွတ်မြောက်လာပြီး ပြန်လည်ကောင်းမွန်လာပြီ ဖြစ်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။ မေလ(၁၉)ရက် (ဒီနေ့) နေ့လည် (၁၂)နာရီခွဲလောက်က လာရောက် ကြည့်ရှုပြီး အပြန်မှာ ပြောကြားလိုက်တာပါ။လက်ရှိမှာ နာယက ဦးတင်ဦးရဲ့ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး အမျိုးမျိုးပြောဆိုမှုတွေရှိနေတာကြောင့် သတင်းအမှန်တွေ သိရှိဖို့ မကြာခင် ရန်ကုန်ဆေးရုံကြီးက ထုတ်ပြန်ပေးသွားဖို့ရှိတယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာ အေးကိုကိုက ပြောပါတယ်။ ဒါ့အပြင် နာယကဦးတင်ဦးကို ဒီနေ့မနက်ပိုင်းမှာ နိုင်ငံတော်သမ္မတ-၂ ဦးဟင်နရီဗန်ထီးယူ ရဲ့ ဇနီးကလည်း လာရောက်ကြည့်ရှုခဲ့ပါသေးတယ်။
 
သတင်း- ရဲထက်ကျော် (5 Plus News)
ဓာတ်ပုံ - တင်ထက် (5 Plus News)

No comments:

Post a Comment