Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 9, 2017

စစ်တိုင်းမှူးအချို့ကို ပြောင်းရွှေ့ခြင်း ပြုလုပ်



နေပြည်တော်၊ မေ ၉။

ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးအပါအ၀င် တပ်မတော်မှ စစ်တိုင်းမှူးအချို့ကို ပြောင်းရွှေ့ခြင်းများ ပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်မျိုးဇော်သိန်းအား ကစထ(၅)သို့ ကစထမှူးဖြစ်လည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှူးဖြစ်လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဖုန်းမြတ်ကို အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးအဖြစ်လည်းကောင်း၊ အမှတ်(၉၉) ခြေမြန်တပ်မမှ တပ်မမှူးဗိုလ်မှူးချုပ်ခင်လှိုင်အား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်လည်းကောင်း ပြောင်းရွှေ့ခြင်း ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း(၁၀)မှ ဗိုလ်မှူးချုပ် သိုက်စိုးကိုလည်း တွဲဖက်စစ်ထောက်ချုပ်အဖြစ် ခန့်အပ်ခဲ့သည်ဟု သိရသည်။

ထို့ပြင် ဒကစမှူးအချို့ကို တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းများ၏ ကျောင်းအုပ်ကြီးအဖြစ်သို့လည်းကောင်း၊ ခြေမြန်တပ်မ ဒုတပ်မှူးတစ်ဦးကို ဒကစမှူးအဖြစ်သို့လည်း ပြောင်းရွှေ့ရာထူးတိုးမြင့်ပေးခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ-တပ်မတော်စစ်သမိုင်းပြတိုက်
Central News Myanmar
https://www.facebook.com/CNMyanmar/

No comments:

Post a Comment