Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 9, 2017

ဖမ်းဆီးခံ သစ်မှောင်ခိုသမားတွေ ကို လက်နက်ကိုင်အဖွဲ့က ပြန်ခေါ် ထုတ်

ခုတ်ယူထားသော သစ်လုံးများပုံ Photo: RFA
ကယားပြည်နယ် ဖရူဆိုမြို့နယ်မှာ  သစ်တောဦးစီးဌာနက ဖမ်းဆီးထားတဲ့ တရားမဝင်သစ်တင်ကားနဲ့ ယာဉ်မောင်း ၊ ယာဉ်နောက်လိုက်ကို ဒေသခံလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ပြန်လည်ခေါ်ဆောင် သွားခဲ့တယ်လို့ ကယားပြည် နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ် က ပြောပါတယ်။

တရားမဝင် သစ်တင်ကားကို ဖမ်းဆီးထားချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့က လက်နက် အပြည့်အစုံ နဲ့ ရောက်ရှိလာပြီး ယာဉ်မောင်း၊ယာဉ်နောက်လိုက်တွေကို ကားတွေနဲ့ အတူပြန်လည် ခေါ်ဆောင်သွားတယ်လို့ ၀န်ကြီး ဦးတီရယ်ကပြောပါတယ်။

"ရွာသားတစ်ယောက်က သတင်းပို့တယ်၊ သွားတွေ့တော့ ကားရပ်တယ်၊ သစ်တောက ၆ ယောက် ကားဒရိုင် ဘာတွေ စပယ်ယာတွေကလည်း ကားက ၃ စီးဆိုတော့ ၆ ယောက် တွေ့တဲ့အခါကြတော့ သူတို့ဖုန်းဆက် လိုက်တယ်၊ ဖုန်းဆက်လိုက်တော့ တောင်ထဲက ဖိုးဝှီးတစ်စီးနဲ့လက်နက်ကိုင် အပြည့်အစုံ နဲ့ တံဆိပ်တော့ မသိဘူး ချောင်ပိတ်ပြီးတော့မှ သစ်တောကလူတွေ သစ်ကိုပဲယူ ကားနဲ့လူမပေးနိုင်ဘူး အဲ့လိုပဲပြောပြီး သစ်ကိုတော့လမ်းမှာပဲပုံချလိုက်တယ်၊ ဘယ်လိုမှ သစ်တောရုံး ရဲစခန်းရုံးပေးမမောင်း ဘူး၊ သူတို့ဘာသူ တို့ပြောပြီး ကားတွေ လူတွေယူပြီးပြန်သွားတယ်"

ဒီကိစ္စနှင့်ပတ်သက်ပြီး ပြည်ထောင်စုအစိုးရထိ တိုင်ကြားထားတယ်လို့ ဝန်ကြီးကပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့က မာခရောရှေ့နဲ့ လောဂျာကျေးရွာအကြားမှာ သစ်တင်ကားသုံးစီးကို သစ်တောဝန် ထမ်းတွေက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲဒီ သစ်တင်ကားသုံးစီးမှာ ကျွန်းသစ်နဲ့ အင်သစ် စုစုပေါင်း ကိုးတန်ကျော်နဲ့အတူ ယာဉ်မောင်း၊ ယာဉ်နောက် လိုက် ခြောက်ဦးပါရှိတာဖြစ်ပါတယ်။

ကယားပြည်နယ်မှာ တရားမဝင် သစ်ခိုးထုတ်တာတွေရှိနေပြီး  လက်ရှိ အန်အယ်လ်ဒီအစိုးရတာ ဝန်ယူတဲ့ကာလ အတွင်း တရားမဝင်သစ်တန်ချိန် ၇၀၀ ကျော် ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment