Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 19, 2017

ရေစီးသန်နေသည့် တောင်ကျချောင်းအတွင်း ဖြတ်ကူးခဲ့သည့် မြန်မာနိုင်ငံသားများ ရေနစ်သေဆုံး


၁၉-၅-၂၀၁၇

ယခုရက်ပိုင်းအတွင်း ထိုင်းမြန်မာ နယ်စပ်တလျောက် မိုးအဆက်မပြတ် ရွာသွန်းနေရာမှာ မဲဆောက်မြို့ နယ် မယ်လမ ကျေးရွာအတွင်း က ရေစီးသန်နေတဲ့ ချောင်းကို ၁၈-၅-၂၀၁၇ နေ့ က ဖြတ်ကူးကြတဲ့ မြန်မာအလုပ်သမား ၁၀ ဦး ရေစီးထဲမျောပါသွားခဲ့ကြောင်း သိရပါတယ်။

မြန်မာအလုပ်သမား(၈)ဦးကိုတော့ ထိုင်းကယ်ဆယ်ရေးအဖွဲ့ နဲ့  မြန်မာနိုင်ငံသားတွေ စုပေါင်းပြီး ရှာဖွေကယ်တင်နိုင်ခဲ့ပြီး သားအမိနှစ်ဦးမှာ ရေနစ်သေဆုံးခဲ့တယ်လို့  သိရပါတယ်။

သေဆုံးသူအမျိုးသမီး မာဦး အသက် (၃၈) နှစ်ရဲ့  အလောင်းကို ဒီကနေ့ မေလ ၁၉ ရက်နေ့ မနက်ပိုင်း ချောင်းအတွင်းမှာတွေ့ ရှိခဲ့ကြပေမယ့် ကုန်ပေါ်ဆွဲတင်လို့  မရဘဲဖြစ်နေခဲ့ပါတယ်။


မိခင်ဖြစ်သူဟာ သမီးကိုလိုက်ကယ်ရင်း သူပါသေဆုံးခဲ့ရလို့ သားသမီးဇောနဲ့ စိုးရိမ်စိတ်ကြောင့် ခုလို ကုန်းပေါ်ကိုဆွဲတင်လို့ မရတာဖြစ်တယ်။ သမီးဖြစ်သူကို တွေအောင်ရှာပေးကြဘို့  နောက်ဆုံး သံဃာတော်တွေ လာရောက်ပြီး ဘာသာရေးဆိုင်ရာ ဆုတောင်းပြီး ဆုတောင်းပြီး မှ ရေပေါ်ဆွဲတင်လို့ ရခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖေါ်ပြထားပါတယ်။

သမီးဖြစ်သူ စူးမော် အသက် (၁၄)နှစ်ရဲ့ အလောင်းကိုတော့ ဆက်လက်ရှာဖွေ နေကြဆဲဖြစ်ပါတယ်။

SAW
credit Manager online
Social Action for Children and Women - SAW

No comments:

Post a Comment