Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 8, 2017

သမီးဖြစ်သူ ရေထဲမျောသွားသဖြင့် လိုက်ဆယ်ရာက မိခင်ပါ ရေနစ်သေဆုံး



နေပြည်တော်၊ မေ ၈

၂၀၁၇ ခုနှစ်၊ မေလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ရွှေကွေ့ကျေးရွာအနီး ကင်းတပ်လက်ယာတူးမြောင်းအတွင်း၌ လူနှစ်ဦးရေနစ်သေဆုံးကြောင်း သတင်းအရ ရေဦးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့သည်။

 စစ်ဆေးချက်အရ သေဆုံးသူများမှာ တန့်ဆည်မြို့နယ်၊ ပေကုန်းကျေးရွာနေ မဌေးကြွယ် (၃၂)နှစ်နှင့် သမီးဖြစ်သူ မသိမ့်သိမ့်ဝင်း(၃)နှစ်တို့ဖြစ်ပြီး တူးမြောင်းအတွင်းရေဆင်းချိုးရာ မသိမ့်သိမ့်ဝင်းမှာ ရေထဲမျောပါသွားသဖြင့် မဌေးကြွယ် က လိုက်လံဆယ်ယူစဉ် နှစ်ဦးစလုံးရေနစ် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရ၍ ရေဦးမြို့မရဲစခန်း၌ သေမှုသေခင်းအမှတ်စဉ်(၃/၂၀၁၇)ဖြင့် ရေးဖွင့်စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်

No comments:

Post a Comment