Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 9, 2017

ညီမဖြစ်သူ၏ယောက်ျားက အလိုမတူဘဲ သားမယားပြုကျင့်



မြို့သစ် မေ ၉

မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ် တလင်းကုန်း ကျေးရွာနေ အမျိုးသမီးတစ်ဦးအား အတူနေညီမဖြစ်သူ၏ ယောကျာ်း ကအလိုမတူဘဲသားမယား ပြုကျင့် ခဲ့သည်ဆိုကာ မေလ ၈ ရက်နေ့ ယမန်နေ့တွင် တိုင် ကြားအမှုဖွင့်ခဲ့ကြောင်း မြို့သစ်မြို့မ ရဲစခန်းမှသိရသည်။

 ဖြစ်စဉ်မှာ တလင်းကုန်းကျေးရွာနေ မ--- (၄၁နှစ်)သည် ယခုလ ၃ရက် ည ၈ နာရီက ၄င်း၏သမီး ဖြစ်သူ မဇင်မာငြိမ်း၊တစ်အိမ်တည်းနေညီမ ဖြစ်သူ မအေးခိုင်နှင့် မအေးခိုင်၏ ခင်ပွန်းဖြစ်သူဝင်းစိုး(၃၂နှစ်)တို့နေ အိမ်အပေါ်ထပ်၌ အတူထိုင်နေစဉ် ဝင်းစိုးက အရက်မူးပြီး မအေးခိုင် နှင့် မဇင်မာငြိမ်းတို့အား ရွာဦး ဘုန်းကြီးကျောင်းသို့ ကြက်သွား တောင်းခိုင်းပြီး ကြက်ပါမလာလျှင် ပြန်မလာနဲ့ဟုပြော၍ မအေးခိုင်နှင့် မဇင်မာငြိမ်းတို့နေအိမ်မှ ထွက်သွား ပြီး ခဏအကြာတွင် ဝင်းစိုးက မ--- ၏ လက်ကို အတင်းဆွဲ၍ နေအိမ်အိပ်ခန်းအတွင်းသို့ အတင်း အဓမ္မဆွဲခေါ်ကာအလိုမတူဘဲ သား မယားပြုကျင့်ပြီးဝင်းစိုးကမ--- အား''မည်သူ့ကိုမျှပြန်မပြောရန် ပြန်ပြောလျှင်သတ်ပစ်မည်''ဟုပြော ဆိုကာအိပ်ရာအနီးမှ ဓားမြှောင်အား ဆွဲထုတ်ပြခဲ့ခြင်းဖြစ်ကြောင်းတရား လို၏တိုင်ကြားချက်အရသိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အလို မတူဘဲသားမယားပြုကျင့်သူဝင်းစိုး အား အရေးယူပေးရန် မ--- က ယခုလ ၇ရက်တွင်တရားလိုပြု တိုင်ကြားခဲ့ကာ မြို့သစ်မြို့နယ်မြို့မ ရဲစခန်းမှ(ပ)၁၄ဝ/၂ဝ၁၇၊ရာဇသတ် ကြီးပုဒ်မ၃၇၆ဖြင့်အမှုဖွင့်ထားသည်။

နွယ်နွယ်(မကွေး)
The Union Daily
https://www.facebook.com/uniondaily.net/

No comments:

Post a Comment