Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 16, 2017

ဦးဦးနဲ့သမီး လာနေတော့မယ်တဲ့…



သမီးရေ လူတကာငေးမောအားကျလောက်တဲ့ Single Mother ဖြစ်စေရမယ် …

မုဒိန်းအကျင့်​ခံရပြီး ကိုယ်​၀န်​၂ လလွယ်​ထားရတဲ့
၇ တန်း​ကျောင်းသူ​လေးနဲ့ ဖုန်း​ပြောခဲ့တယ်​..
သူ့ဘက်​က ဖုန်းကို စပီကာဖွင့်​ခိုင်းလိုက်​ပြီး သူရယ်​ သူ့အ​မေရယ်​ကို
ကျွန်​​တော်​ အား​ပေးစကား​တွေ​ပြောခဲ့ပါတယ်​..

ပထမမှာ​တော့ ငိုယို​နေ​ပေမယ့်​ ကျွန်​​တော်​အား​ပေးစကား​တွေ
နာရီဝက်​​လောက်​​ပြောအပြီးမှာ က​လေးမ​လေးဆီက
"ဦးဦးနဲ့ သမီးလာ​နေ​တော့မယ်​​ " ဆိုပြီး အားတတ်​လာတဲ့
အသံကြည်​ကြည်​လွင်​လွင်​​လေး ထွက်​လာတယ်​..

ကိုယ့်​မှာ​လေ သမီး​လေးရဲ့ ရွင်​မြူးသွားတဲ့ အဲဒီ အသံ
"ဦးဦးနဲ့ သမီးလာ​နေ​တော့မယ်​"ဆိုတာ​လေးကို ထပ်​ခါထပ်​ခါ
ကြား​ယောင်​ပြီးပီတိဖြစ်​လွန်းလို့ ​တော်​​တော်​နဲ့ကို အိပ်​လို့မ​ပျော်​ဘူး..

အိမ်​ထဲကအိမ်​ပြင်​ မထွက်​ရဲဘဲ အားငယ်​​နေရှာတဲ့ သမီး​လေးကို
တစ်​ပတ်​​လောက်​အတွင်း ကျွန်​​တော်​ သွား​ခေါ်မယ်​..
ပတ်​၀န်းကျင်​အသစ်​မှာ သူလွတ်​လပ်​စွာ ရဲရင့်​စွာ
ရှင်​သန်​ကြီးပြင်းလာ​စေရမယ်​..
ဒီတစ်​နှစ်​​တော့ က​လေး​မွေးဖို့ သူ ​ကျောင်းနားရမယ်​..
နောက်​နှစ်​ ၈ တန်းကို ​ကျောင်း​ကောင်း​ကောင်း မှာထားမယ်​..
၉ တန်း ၁၀ တန်း ​ရောက်​ရင်​ ​ဘော်​ဒါ​ကောင်း​ကောင်း မှာထားမယ်​..
တက္ကသိုလ်​တတ်​ရင်​ ကိုယ့်​သမီးကို အလှဆုံးပြင်​​ပေးမယ်​..
သမီးကို ဘွဲ့ရတဲ့အထိ ကျွန်​​တော်​ တာဝန်​ယူကြိုးစား​ပေးမယ်​..

သမီးကို ဘယ်​လိုပြုစုပျိုး​ထောင်​​ပေးမလည်းဆိုတာ
တိကျ ခိုင်မာတဲ့ plan ကျွန်​​တော့်​မှာရှိတယ်..
သမီးဟာ လူတကာ​ငေး​မောအားကျရတဲ့ Single Mother
တစ်​​ယောက်​ဖြစ်​​စေရမယ်​..

သမီး​လေးဟာလည်း အသက်​ ၇၀ ​ကျော်​ကြီးရဲ့
မုဒိန်းကျင့်​တာကို ခံခဲ့ရသူပဲ..
(သက်​ငယ်​မုဒိန်းမှု​တွေကြည့်​လိုက်​ရင်
အဖိုးကြီး​တွေကျူးလွန်​တာများတယ်​..လွန်​ခဲ့တဲ့ ရက်​​တွေကလည်း
ကျွန်​​တော်​ ပို့စ်​တင်​ဖူးပါတယ်​..)

ဒီမိုးကုန်​တာနဲ့ မြန်​မာတစ်​နိုင်​ငံလုံးကိုပတ်​ပြီး ကျွန်​​တော်
Sex Education ​ဟော​ပြောပွဲ​တွေလုပ်​ဖို့ စီစဉ်​ထားတယ်​..
သက်​ငယ်​မုဒိန်းကို ​သေဒဏ်​​ပေးတာ မ​ပေးတာ ၊
စာသင်​​ကျောင်း​မှာ sex edu သင်​ခန်းစာထည့်​တာ မထည့်​တာ
စတာ​တွေက အစိုးရလုပ်​ရမယ့်​အပိုင်းဖြစ်​ပါတယ်​..

ကျွန်​​တော်​က​တော့ ကမ်း​ခြေတစ်​​လျောက်
ကြယ်​ငါး​ကောက်​သူလို ကိုယ်​နိုင်​သ​လောက်​​လေး
မြန်​မာနိုင်​ငံ​နေရာအနှံ့ ​ဟော​ပြောပွဲ​တွေ လိုက်​လုပ်​ပြီ
Sex Edu လိုက်​​ပေးမယ်​..
(သွားလာရခက်​တဲ့ ​တောင်ေ​ပါ်​​ဒေသ​တွေ ၊ 
ကျေးလက်​​တောရွာ​တွေ ၊ ဧရာဝတီတိုင်း ၊
မြတ်​ကျွန်းစု စတဲ့​နေရာ​တွေကို အဓိကထားမယ်​..)
ကိုယ်​နဲ့ ကြုံဆုံလာတဲ့ ကံဆိုးသူ ညီ​မ​လေး​တွေ
သမီး​လေး​တွေကို ကယ်​တင်​မယ်​..
လင်​​ကောင်​မ​ပေါ်ဘဲ က​လေး​မွေးသူ Single Mother ​တွေကို
ပတ်​၀န်းကျင်​က ​လေးစားတဲ့စိတ်​ဓာတ်​ Mind Set တစ်​ခု
မြန်​မာနိုင်​ငံမှာ ထွန်းကားလာ​စေရမယ်​..

ကိုယ်​လုပ်​​နေတဲ့ ဒီ ပရဟိတ အ​ပေါ်မှာ ပထမဆုံးအကြိမ်
ကျေနပ်​မိတဲ့ ​နေ့ပါပဲ..

"ဦးဦးနဲ့ သမီး လာ​နေ​တော့မယ်​..."
......................................
ကိုစိုးထိုက်​(ဖဒို)
09976867917
Source: ကိုစိုးထိုက်​(ဖဒို)ဖေ့စ်ဘွတ်


No comments:

Post a Comment