Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 20, 2017

အမြန်လမ်းပေါ်ကားတွေဘာကြောင့်မှောက်သလဲ


အမြန်လမ်းပေါ်ကားတွေဘာကြောင့်မှောက်သလဲဆိုတဲ့မေးခွန်းရဲ့အဖြေတစွန်းတစ ယနေ့သိလိုက်ရ ပါတယ်။

ကနေ့ကျနော်kluger 2004လေးကို100km/hနဲ့မောင်းနေတုန်းမိုင်တိုင်၃၂၀ကျော်လောက်မှာmark 2004 ကကျော်တက်သွားပါတယ်။ကျနော်speedထက်ပိုပြီးကျော်အတက်ရှေ့ရောက်သွားရော markX ကဘယ် ညာ လူးပီးလမ်းဘေးဆွဲသွား နောက်ကွန်ကရစ်ပေါ်ပြန်တက်လာ ထိုးရပ်သွားတော့ကျနော်လဲနောက် ကနေရပ်လိုက်ပါတယ်။

ကားထဲကြည့်လိုက်တော့ ခလေး၃ယောက် လူကြီးလေးယောက်အတော်လန့်သွားပုံရပါတယ်။ ကျနော် လဲမြင်ရော ကားမောင်းသူက ဘာဖြစ်သွားမှန်းမသိပါဘူးဗျာ မောင်းနေရင်လူးသွာဆိုလို့အနေအထာဆင်း စစ်ကြည့်တော မညီမညာဖြစ်နေတဲ့နောက်တိုးလောင်းထားတဲ့ကွန်ကရစ် နှစ်ပေကိုတက်နင်းလိုက်
ပုံရပါတယ်။နှစ်လမ်းသွားကွန်ကရစ်ကိုအရင်လောင်းပြီးမှ ထပ်တိုးလောင်းတာဖြစ်လို့စနစ်မတူတော့ ကျွံကုန်ကြတာပါ

ကျနော်လဲ စမ်းချင်တာနဲ့70ကီလိုလောက်နဲ့စမ်းနင်းကြည့်တာ ကျနော့ကားလူးသွားပါတယ် အဲဒီမှာ ကားတွေဒါကိုနင်းမိလို့မှောက်နေကြတာဆိုတာသိလိုက်ရပါတယ်။

အောက်ပိုင်းကောင်းမွန်လှတဲ့saloonကားငယ်တောင်လူးသွားရင် ရှော့ဘားကမကောင်း 4/4 pickup တို့ဆိုရင်အန္တရယ်များသွားပါပြီ။

ဆောက်လုပ်ရေးဝန်ကြီးဠာနအနေဖြင့်လည်းလမ်းပခုံးသားနှစ်ပေတွေအားလုံးကို အမြန်ပြင်စေချင်ပါတယ်
မိတ်ဆွေတို့လဲမောင်းရင်မခုံးသားကိုမနင်းမိအောင်သတိပြုကြစေလိုပါတယ်။အန္တရယ်ကိုကြိုရှောင်ရင်း လိုရာခရီးချောမွှေ့စွာရောက်အောင်မောင်းနိုင်ကြပါစေ။

မန္တလေးသတင်းပုံရိပ်များ
cd





No comments:

Post a Comment