Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, May 26, 2017
ထိုင်းနိုင်​ငံတွင်​ တိုက်​ကြက်​တစ်​​ကောင်​ ဘတ်​တစ်​​သန်းဖြင့် စံချိန်တင်​ အရောင်းအဝယ်​ဖြစ်
ထိုင်းနိုင်​ငံတွင်​ တိုက်​ကြက်​တစ်​​ကောင်​ ဘတ်​တစ်​​သန်းဖြင့်
စံချိန်တင်​ အရောင်းအဝယ်​ဖြစ်​ ။( ၂၄ ​မေ ၂၀၁၇ ,)
 ထိုင်းနိုင်​ငံတွင်​ ကြက်​တိုက်​ပြိုင်​ပွဲ သုံးပွဲဆက်​အနိုင်​ရရှိထား​သော ၁၆ လသားအရွယ်​ တိုက်​ကြက်​တစ်​​ကောင်​ကို စံချိန်​တင်​​ကြေး ဘတ်​ တစ်​သန်းဖြင့်​ အ​ရောင်းအဝယ်​ ဖြစ်​ခဲ့​ကြောင်းသိရသည်​ ။Bangkok Post သတင်း
    ဆရာဖီ Saraphi ခရိုင်​​မြောက်​ပိုင်းရှိ 
မြန်​မာနှင့်​ထိုင်း မျိုးစပ်​ထား​သော တိုက်​ကြက်​ကို ဝါသနာအိုးများ​ရှေ့​မှောက်​တွင်​ အ​ရောင်းအဝယ်​ဖြစ်​ခဲ့သည်​ ။
 ကြက်​တိုက်​ကွင်းပိုင်​ရှင်​ အသက်​ ၃၆ နှစ်​အရွယ်​ Charnnarong Chuenjit က အ​လေးချိန်​ ၂.၆ ကီလိုဂရမ်​ရှိ 
၁၆ လသားတိုက်​ကြက်​သည်​ သူပိုင်​ဆိုင်​​သော 
တိုက်​ကြက်​ ၅၀ ထဲမှ တစ်​​ကောင်​ဖြစ်​​ကြောင်း​ပြောသည်​ ။ ထိုတိုက်​ကြက်​ကို တစ်​နှစ်​သားမပြည့်​မီက
 ဘတ်​ ၈၀၀၀၀ ဖြင့်​သူက ဝယ်​ခဲ့သည်​ ။ ထိုတိုက်​ကြက်​သည်​ ကြက်​တိုက်​ပြိုင်​ပွဲ ၃ ပွဲဆက်​တိုက်​နိုင်​​သောအခါ 
ကြက်​​တန်​​ကြေးက မြင့်​တက်​လာခဲ့သည်​ ။ 
ပထမတွင်​ ကြက်​ပိုင်​ရှင်​ကို ဘတ်​ ၅၀၀၀၀၀ ဖြင့်
ရောင်းရန်​ကမ်းလှမ်းရာ သူကပယ်​ချခဲ့သည်​ ။ 
ထို​နောက်​ ဘတ်​​ငွေ တစ်​သန်းဖြင့်​​ရောင်းရန်​ ကမ်းလှမ်းပြန်​ရာ သူက ​ရောင်းချရန်​ သ​ဘောတူခဲ့သည်​ ။ 
     ဂုဏ်​ယူ​နေ​သော တိုက်​ကြက်​ပိုင်​ရှင်​အသစ်​မှာ 
Sirikanya ကြက်​တိုက်​ကွင်းပိုင်​ရှင်​ Seksan Nanta 
ဆိုသူဖြစ်​သည်​ ။ သူက သူဝယ်​ခဲ့​သောတိုက်​ကြက်​၏ 
ဒုတိယ နှင့်​ တတိယ ပြိုင်​ပွဲကို ကြည့်​ရှုခဲ့ပြီး 
ထိုတိုက်​ကြက်​​၏ တိုက်​ခိုက်​မှုပုံစံကို သ​ဘောကျ
၁၆ မိနစ်​သာကြာခဲ့ရာ ပြိုင်​ပွဲပြီး​နောက်​ သူက 
ထိုတိုက်​ကြက်​ကို ဝယ်​ယူချင်​သွားခဲ့ရ​လေသည်​ ။
ကြက်​တိုက်​မည်​ဖြစ်​​သော်​လည်း အဓိက မှာ 
သူ့တိုက်ကြက်နှင့် ​​​​​ကြက်​မျိုးပွားရာတွင်​ အသုံးချရန်​ဖြစ်​သည်​ ။သူသည်​ သူပိုင်​ဆိုင်​​သော မြန်​မာ ကြက်​ဖများနှင့်​ ကြက်​မများကို မျိုးစပ်​ ရာတွင်​ ဘတ်​​ငွေ ၄ သန်းရရှိထားပြီးဖြစ်​​လေသည်​ ။
 Ref ----- Bangkok Post  
Fighting cock sold for B1 million
24 May 2017 at 17:55 
WRITER: CHEEWIN SATTHA
The 16-month-old fighting cock with a 3-0 winning streak poses next to the 1 million baht paid for him at a farm in Chiang Mai. (Photo by Cheewin Sattha)
CHIANG MAI - A 16-month-old fighting cock with a record of three straight victories has been sold for one million baht.
ဘာသာပြန်​ ----- Z W M
អរគុណវេបសាយសប្បាយដែលបានចុះផ្សាយពីបក្សីកីឡា 
សត្វ​មាន់​ជល់ អាយុ ១៦ ខែ​មួយ​ក្បាល ដែល​មាន​កំណត់ត្រា​ជល់​ឈ្នះ ៣ ដង​ជាប់​គ្នា ត្រូវ​បាន​គេ​លក់​ក្នុង​តម្លៃ​រហូត​ដល់​ទៅ ១ លាន​បាត ឬ​ជិត ៣០ ០០០ ដុល្លារ។
ក្រុម​អ្នក​និយម​ការ​ជល់​មាន់ បាន​នាំ​គ្នា​ធ្វើ​ដំណើរ​យ៉ាង​អន្ទះអន្ទែង ទៅ​កាន់​កសិដ្ឋាន​ប្រជល់​មាន់ Sum-an នៅ​ក្នុង​ស្រុក Saraphi ប្រទេស​ថៃ ដើម្បី​ធ្វើ​ជា​សាក្សី​ក្នុង​ការ​លក់​មាន់​ជល់​រោម​មាស ជា​ពូជ​កូន​កាត់​ថៃ-មីយ៉ាន់ម៉ា Phama Mahwing។
Credit Sabay News
Credit Bangkok Post 
ဘာသာပြန် Zaw Win Maung
No comments:
Post a Comment