Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 12, 2017

ပြင်ဦးလွင် ဓာတ်တော်ချိုင့်ရေတံခွန်၌ ရေနစ်မှုဖြစ်ပွား ၂ ဦး သေဆုံး

ပြင်ဦးလွင် ဓာတ်တော်ချိုင့်ရေတံခွန်၌ ရေနစ်မှုဖြစ်ပွား
ပြင်ဦးလွင် မေ ၁၁

ပြင်ဦးလွင်မြို့ ဓာတ်တော်ချိုင့်ရေတံခွန်၌ မေ ၁၁ ရက် မွန်းလွဲ ၁ နာရီက ရေနစ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်ပွားပုံမှာ ရှမ်းပြည်နယ်တောင်ပိုင်း မိုးနဲမြို့နယ် မယ်ဇလီမြိုင်နေ မောင်အာဆာ (၂၂ နှစ်) နှင့် မိုးနဲမြို့နယ် သာသနပါလ ကျောင်းနေ ရှင်နာလိန္န သက်တော်(၁၆ နှစ်) တို့သည် မိုးနဲမြို့နေ ဦးပဉ္စင်းတစ်ပါး၊ ရှင်သာမဏေ တစ်ပါး၊ အမျိုးသားသုံးဦးတို့နှင့်အတူ ဓာတ်တော်ချိုင့်ရေတံခွန်သို့လာရောက်ပြီး ရေကူးကြရာ ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာသို့ ရပ်ကွက်ကြီး (၁၇) အနီး စခန်းရွာအုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေ၊ နယ်မြေခံရဲကင်းမှူး ရဲအုပ်ဆုရှင်တို့နှင့်အတူ ရဲတပ်ဖွဲ့ဝင်များ၊ အနီး စခန်းကျေးရွာမှ ရပ်မိရပ်ဖများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြပြီး အလောင်းများ ပြန်လည်ဆယ်ယူရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

သက်နိုင်(ပြင်ဦးလွင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment