Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 21, 2017

စတော့အိတ်ချိန်းတွင် အများပိုင်ကုမ္ပဏီနှစ်ခု ထပ်မံဝင်ရောက်ရန် တင်ပြထား


 
စတော့အိတ်ချိန်းတွင် အများပိုင်ကုမ္ပဏီနှစ်ခု ထပ်မံဝင်ရောက်ရန် တင်ပြထား

ရန်ကုန်စတော့အိတ်ချိန်း တွင် အများပိုင်ကုမ္ပဏီနှစ်ခု ထပ် မံ  ဝင်ရောက်ရန် တင်ပြထား ကြောင်း ချေးငွေသက်သေခံလက် မှတ်လုပ်ငန်းကြီးကြပ်ရေးကော် မရှင် (SECM) တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ကုမ္ပဏီနှစ်ခုအနက် တာမိုးညဲ ကုမ္ပဏီကို SECM က စစ်ဆေးနေပြီဖြစ်ကြောင်း အဆိုပါ ကော်မရှင်အဖွဲ့ဝင် ဦးဌေးချွန်က ပြောသည်။ ကျန်ကုမ္ပဏီတစ်ခု၏ အမည်ကို ထုတ်ဖော်ပြောကြား ခြင်းမရှိပေ။

‘‘အရင်က အများပိုင်ကုမ္ပဏီ ခြောက်ခုအပြင်  နောက်ထပ်ထပ်လျှောက်ထားတာ နှစ်ခုရှိနေ တယ်။ အရင်လျှောက်ခွင့်ပြုထား တဲ့ ကုမ္ပဏီနှစ်ခုကလည်း လုပ် ငန်းစဉ်တွေ လုပ်နေဆဲပါ’’ဟု ဦးဌေးချွန်က ဆက်လက်ပြောကြားသည်။ ရန်ကုန်စတော့အိတ်ချိန်း တွင် အများပိုင်ကုမ္ပဏီခြောက်ခု ကို စာရင်းဝင်ကုမ္ပဏီအဖြစ် ခွင့် ပြုထား၍ ယင်းတို့အနက် FMI, MTSH (သီလဝါအထူးစီးပွားဇုန် အများပိုင်ကုမ္ပဏီ)၊ မြန်မာနိုင်ငံ သားများဘဏ် (MCB)နှင့် ပထမ ပုဂ္ဂလိကဘဏ် (FPB) တို့သည် ရန်ကုန်စတော့အိတ်ချိန်း၌ ရှယ် ယာများ အရောင်းအဝယ်ပြုလုပ် နေသည်။ ကျန်ရှိသည့် Great Horkham နှင့် MACPO ကုမ္ပဏီ တို့သည် စာရင်းဝင်ရန် ဆောင် ရွက်နေသည်ဟု ဆိုသည်။

လက်ရှိ ရန်ကုန်စတော့အိတ် ချိန်းတွင် ရှယ်ယာတန်ဖိုးကျဆင်း ၍ အရောင်းအဝယ်အေးစက်နေ ကာ ရန်ကုန်စတော့အိတ်ချိန်း စတင်ဖွင့်လှစ်သည့် ၂၀၁၆ မတ်လတွင် ကျပ် ၂၄ ဘီလီယံကျော် အရောင်းအဝယ် ဖြစ်ခဲ့သော်လည်း ၂၀၁၇ ဧပြီ၌ ကျပ် ၁ ဒသမ ၂ ဘီလီယံသာ အရောင်းအဝယ်ဖြစ်ခဲ့သည်ဟု ရန်ကုန်စတော့အိတ်ချိန်းက ထုတ်ပြန်သော စာရင်းများအရ သိရသည်။

ထိုသို့ ကျဆင်းနေခြင်းသည် ရန်ကုန်စတော့အိတ်ချိန်းတွင် စာ ရင်းဝင် ကုမ္ပဏီနည်းပါးခြင်းနှင့် ရှယ်ယာ ရင်းနှီးမြှုပ်နှံသည့် လူ တန်းစားအလွှာနည်းပါးနေခြင်း တို့ကြောင့်ဖြစ်သည်ဟု ဂျပန် Dai−wa Securities က ဆိုသည်။

ထိုသို့ ကျဆင်းနေခြင်းအ ပေါ် စနစ်တကျလေ့လာခြင်းမရှိ ဘဲ သုံးသပ်မှုများရှိ၍ ရင်းနှီးမြှုပ် နှံသူများနှင့် မြန်မာနိုင်ငံ၏ စတော့ဈေးကွက် အောင်မြင်ရေးကိုပါ ထိခိုက်မှုအချို့ရှိလာကြောင်း၊ ထို့ ကြောင့် တရားဥပဒေအရ အရေး ယူရန် စီစဉ်နေကြောင်း ရန်ကုန် စတော့အိတ်ချိန်း  ဒါရိုက်တာ Mr.Yukio Narita က ပြောသည်။

ရန်ကုန်စတော့အိတ်ချိန်းကို ၂၀၁၅ ဒီဇင်ဘာတွင် စတင်ဖွင့် လှစ်၍ ၂၀၁၆ မတ်လ၌ FMI ကုမ္ပဏီက စာရင်းဝင်ကုမ္ပဏီအဖြစ်အရောင်းအဝယ် စတင်ခဲ့သည်။ လက်ရှိတွင် အများပိုင် ကုမ္ပဏီလေးခုနှင့် Securities ကုမ္ပဏီခြောက်ခုဖြင့် လည်ပတ်နေသည်။ ၂၀၁၆ တွင် စတော့ရှယ်ယာ စုစုပေါင်း ကျပ်ဘီလီယံ ၇၀ ကျော်ဖိုး အရောင်းအဝယ်ဖြစ်ခဲ့သည်။

7Day News Journal
http://www.7daydaily.com/story/96781

No comments:

Post a Comment