Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 15, 2017

ဘီးလင်းမြို့တွင် (၆)ဘီးယာဉ်တိမ်းမှောက် လူ(၃)ဦးသေ (၅)ဦးဒဏ်ရာရ ယာဉ်မောင်းမှာ ထွက်ပြေးနေ



မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ဗိုလ်တေဇရပ်ကွက်တွင် မေ ၁၄ ရက်က (၆)ဘီးယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သဖြင့် (၃)ဦး သေဆုံးကာ (၅)ဦးဒဏ်ရာရရှိခဲ့ပြီး အဆိုပါ ၆ ဘီး ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရှိရသည်။
“ယာဉ်ကအရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကိုထိုးမှောက်သွားတာ။ ယာဉ်ပေါ်ပါလာတဲ့လူတွေထဲမှာ (၃)ဦးကသေ ဆုံးပြီး (၅)ဦးကဒဏ်ရာရသွားတယ်။ ယာဉ်မောင်းကတော့ ထွက်ပြေးသွားတယ်။ ယဉ်မောင်းဖြစ်သူကို ဖမ်းဆီးရ မိရေး ဆောင်ရွက်နေပါတယ်။”ဟု ဘီးလင်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

ဘီးလင်း-နတ်ကြီးသွားလမ်းအတိုင်း ဖာပွန်မြို့နယ်၊ ဝါးကော်ကျေးရွာနေသူ ယာဉ်မောင်းကညောထူး(အသက်၊ အဘအမည်စိစစ်ဆဲ)မောင်းလာသော အပြာရောင် (၆)ဘီးယာဉ်သည် ဘီးလင်းမြို့၊ ဗိုလ်တေဇရပ်ကွက်အ ရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်ဘေးသို့ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါလာသူ ဘားအံမြို့နေသူများဖြစ်သည့် စောကလို့မယ်(၄၀)နှစ်၊ စောဘော်လုံး(၁၅)နှစ်၊ စောဇူမူအေး(၁၅)နှစ်တို့ (၃)ဦးမှာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားပြီး ဘားအံ မြို့နယ်နေသူများဖြစ်သည့် မဖောအယ်မှူး၊ ဒေါ်လှယူ၊ အဲမုဒါး၊ ကျော်ဇင်မောင်၊ သက်စိုး ဦးတို့ (၅)ဦးမှာ ဒဏ်ရာအသီးသီးရရှိခဲ့ကာ ယာဉ်မောင်းမှာထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

 ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ ကညောထူးအား ဘီးလင်းမြို့မ ရဲစခန်းမှ ယာဉ် (ပ) ၂၄ /၂၀၁၇ ရာဇ သတ်ကြီးပုဒ်မ ၃၀၄- က/၃၃၈/ ၃၃၇ အရ အမှုဖွင့်လှစ်ထားပြီး ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper/

No comments:

Post a Comment