Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 27, 2017

န၀တအဖွဲ့ဝင် အငြိမ်းစားဒုဗိုလ်ချုပ်ကြီး မျိုးညွန့်ကွယ်လွန်


န၀တအဖွဲ့ဝင် အငြိမ်းစားဒုဗိုလ်ချုပ်ကြီး မျိုးညွန့်ကွယ်လွန်
    By ဒီဗွီဘီ
    28 May 2017


စစ်အာဏာသိမ်း နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (န၀တ) အစိုးရအဖွဲ့ဝင် အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး မျိုးညွန့်ဟာ မေလ ၂၆ ရက် သောကြာနေ့ ညပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံမှာ ကွယ်လွန်သွားပါတယ်။

ဒုဗိုလ်ချုပ်ကြီးဟောင်း မျိုးညွန့်ဟာ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတာဝန်၊ န၀တ အစိုးရအဖွဲ့မှာ သာသနာရေး ၀န်ကြီးတာဝန်နဲ့ အမျိုးသားညီလာခံကျင်းပရေး တာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်။

ဒုဗိုလ်ချုပ်ကြီးဟောင်း မျိုးညွန့်ကို မြစ်သားမြို့ တရုတ်တန်းနေ ဦးဘလေးနဲ့ ဒေါ်စောချယ်တို့ကနေ မွေးဖွားခဲ့တာဖြစ်ပြီး  ကွယ်လွန်ချိန်မှာ အသက် ၉၀ ရှိပြီဖြစ်ပါတယ်။

သူ့ရဲ့ဈာပနကို ဒီကနေ့ မွန်းလွဲပိုင်းမှာကျင်းပဖို့ရှိပြီး မင်္ဂလာဒုံ စစ်သင်္ချိုင်းမှာ မီးသဂြုင်္ိဟ်ဖို့ရှိနေပါတယ်။

No comments:

Post a Comment