Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 22, 2017

ဝင့်ဝါမော်ကြွား အသိပညာနည်းပါးသည့်လူသား


"ဟေ့ကောင် ငါ ဗိုလ်မှူးအငြိမ်းစားနော်" တဲ့
ကြည့် ဘာမှတောင်မပြောရသေးဘူး
ကားလေးတားမိတာနဲ့တန်းပြောတာ
ငါဗိုလ်မှူးအငြိမ်းစားနော်တဲ့ ဝိတ်သုံးတဲ့
သဘောလား ခြောက်လှန့်လိုက်တဲ့သဘောလားတော့မသိ
"ဟုတ်ကဲ့ ဗိုလ်မှူးခင်ဗျာ လိုင်စင်နဲ့ဝှီးတတ်လေး ပြပေးပါဗျ"
ထိုလူကအမောင်းလိုင်စင်ထုတ်ပြတယ် ဝှီးတတ်ကတော့မပါဘူးတဲ့

ဝှီးတက်ပါမလာဘူးဆိုတော့ ထုံစံအတိုင်းကျွန်တော်ကတော့
ယာဉ်တစ်စီးမှာပါလာရမဲ့ လိုင်စင်ဝှီးတတ်တို့အကြောင်းရှင်းပြမိတယ်
မပါလာခဲ့ပြန်ရင်လဲ ချလန်လေးတွေဖြတ်ကြရပီး
သက်ဆိုင်ရာရုံးမှာပြန်လည်ရွေးယူရမဲ့အကြောင်းရောပေါ့

" မင်းချလန်ဖြတ်မလို့လား"
"ဟုတ်ကဲ့ဗိုလ်မှူးခင်ဗျ တပည့်တို့ဒီလိုတာဝန်ထမ်းဆောင်ရတာပါဗျ"
"မင်းဖြတ်စရာမလိုဘူး ငါ ဖုန်းဆက်မယ်"
ထိုသူဖုန်းဆက်တယ် ကျွန်တော်စောင့်နေပေးပါတယ်
ဘာမှတော့ထူးူမလာပါဘူး
" မင်းတို့ကိုဝှီးတတ်မပါရင်ချလန်ဖြတ်ဖို့ ဘယ်သူကခိုင်းတာလဲ" တဲ့
"ဗိုလ်မှူးခင်ဗျာ ဒါချမှတ်ထားတဲ့ဥပဒေပါခင်ဗျာ"
"ဒါဆိုသတင်းစာထဲကနေငြော်ငြာလေ" တဲ့
ဒါတော့နည်းနည်းများသွားပီ ကျွန်တော်ကိုတင်မဟုတ်
လည်ပတ်နေတဲ့စည်းကမ်းစနစ်ကိုပါအပြစ်ပြောချင်တဲ့သဘော
ဆက်ပြောနေရင်လဲဆန့်ကျင်ဘက်တွေချည်ပဲ ဖြစ်လာမှာ
မို့လို့ကျွန်တော်မြိုသိပ်နေလိုက်တယ်

ဒါပေမဲ့ချလန်လေးတော့ရေးလိုက်ပါပီ
ထိုလူကဆက်ပြောတယ်
" နောက်ခန်းမှာဘယ်သူလဲသိလား"
"ခင်ဗျာ"
"နောက်မှာ ဒုဝန်ကြီးအငြိမ်းစားကွ မင်းချလန်ဖြတ်ချင်ရင်
ဒုဝန်ကြီးနာမည်နဲ့ဖြတ်"
" ဗိုလ်မှူးကလက်ရှိယာဉ်မောင်းသူပါခင်ဗျ ယာဉ်မောင်းသူမှာ
တာဝန်ရှိတာပါဗျ"
" မင်းဖြတ်ချင်ရင် ဒုဝန်ကြီးနာမည်နဲ့ဖြတ်" တဲ့

ကျွန်တော်ရေးပီးသားချလန်လေးကို ကားထဲ ထည့်ပေးလိုက်တယ်
တော်ပီလေပေါ့ ရှင်းလေရှုပ်လေလုပ်နေသူမို့ ဆက်မပြောချင်တော့ပါဘူး
အခြားကားတွေဘက်စစ်ဖို့ထွက်ခဲ့လိုက်တယ်
မကြားပါဘူ ထိုလူလိုက်လာတယ်
" ငါ့ရဲ့လိုက်စင်မင်းယူထားတာလား"
ု" ဟုတ်ကဲ့ ရုံးမှာစောစောကချလန်နဲ့ ပြန်ရွေူးရမှာပါဗျ"

"ငါကရန်ကုန်ကကွနောက်တစ်ခေါက်မလာနိုင်ဘူး
မင်းမှာအဲ့လိုလုပ်ပိုင်ခွင့်ရှိလားကွ" တဲ့
ဲကဲ နည်းနည်းမဟုတ်တော့ဘူး များသွားပီဗျာ
သီးခံနှိမ့်ချလို့ ဆက်ဆံနိုင်တဲ့အတိုင်းအတာ ဘောင်ကျော်သွားပါပီ

" ခင်ဗျားကဗိုလ်မှူးအငြိမ်းစားလား"
"အေး"
"ဒါကခင်ဗျားအပြောလေ ထားပါဗိုလ်မှူးအငြိမ်းစားတစ်ယောက်ဖြစ်ခဲ့ပါလျှက်နဲ့ ဒီလောက်လေးတောင် လေ့လာမှု အသိပညာနည်းလှချည်လား လက်ရှိနိုင်ငံတော်မှာ ဘယ်လိုစည်းကမ်း ဘယ်လိုဥပဒေတွေနဲ့ ဆောင်ရွက်ကျင့်သုံးနေတယ်ဆိုတာလောက်ကိုမှ ခင်ဗျားလေ့လာမထားဘူးလား
ပြောတော့ဗိုလ်မှူးအငြိမ်းစား ကားလေးမောင်းတာလောက်တောင် စည်းမရှိ ကမ်းမရှိ ဟိုရာထူးနဲ့ခြောက် ဒီရာထူးနဲ့ခြောက် စည်းကမ်းမဲ့သူခြောက်တဲ့စကား ဘယ်သူမှ အကြောက်တရားမရှိတော့ဘူးဆိုတာခင်ဗျားမှတ်ထား"
ကျွန်တော်အသံလေးနည်းနည်းကျယ်လာတော့ ကားပေါ်ကအခြားသူတွေပါဆင်းလာကြတယ်
ဒါပေမဲ့မျက်နှာထားတွေကတော့ ဒီလူနဲ့တခြားစီ
ပြောမှတော့မထူးဘူးဆိုပီး အရင်ကပြောခဲ့တဲ့စကားတွေကိုပါတစ်ခုချင်းပြန်ဖြေပြောပစ်လိုက်တယ်
ဗိုလ်မှူးဆိုပီးမထမဝိတ်သုံး
ဒုဝန်ကြီးအငြိမ်းစားဆိုပီးဒုတိယခြိမ်းခြောက်
ကျွန်တော်ကမကြောက်တတ်တဲ့အပြင် ကိုနားလည်တဲ့ဘာသာရပ်မို့ ကလောင်သွားထက်ထက်တွေနဲ့ ပြန်ထိုးနပ်ပါတယ်
နည်းနည်းလျှော့သွားတယ်
ပိုပျော့လာတယ်
ညှင်ညှင်သာသာလေးဖြစ်သွားတယ်
ငါ့ညီတဲ့
တော်ပါဗျာ လို့
ကားပေါ်ကအမကြီးကတော့ အမတို့ဘယ်အချိန်မှာရွေးလို့ရပါသလဲတဲ့ ယဉ်ယဉ်လေးမေးတာပါ
ငါ့အမရေ ရုံးဖွင့်ရက်ကြိုက်တဲ့အချိန်သွားရွေးပါ
မောင်လေးတို့မှာ အများနဲ့တာဝန်ထမ်းဆောင်ရတာမို့ လုပ်ငန်းသဘောလေးကိုနားလည်ပေးပါနော်အမ လို့

ဒါ ဒီနေ့အတွေ့အကြုံလေးပါ
သူငယ်ချင်းတွေဒီစာလေးဖတ်ပီး စကားအပြောအဆိုအတွက် ရွေးချယ်တတ်စေချင်ပါတယ် ယဉ်ယဉ်ကျေးကျေးပြောလဲဒီပါးစပ် ကြမ်းကြမ်းတမ်းတမ်းပြောလဲဒီပါးစပ်
ချိုချိုလေးစပြောလဲဒီပါးစပ်
မာထန်ထန်စပြောလဲဒီပါးစပ်ပဲလေ
လူဆိုတာ သူသူကိုကို ချိုချိုလေးပြောတာကြိုက်ကြတာမို့ ဘယ်လိုအနေအထားပဲဖြစ်ဖြစ် ချိုချိုသာသာပြောဆိုဖြေရှင်းကြရမယ်လေ
နောက်တစ်ခုက
ရာထူးနိမ့်တဲ့အောက်ခြေဝန်ထမ်းဆိုတာ အထက်လူကြီးတွေရဲ့ နွေးထွေးတဲ့ဆက်ဆံရေးကို သိပ်မျှော်လင့်တာ
အေးမြတဲ့စကားလေးတစ်ခွန်းပြောထားခဲ့ရင် ကြည်နူးပီတိဖြစ်လို့ကိုမဆုံးနိုင်ဘူးလေ
ဒါကြောင့် ဒီ post ရဲ့သာဓကလေးကိုယူပီး
မှာယွင်းတဲ့ဖြေရှင်းနည်း မှားယွင်းတဲ့ဆက်ဆံရေးကို ရှောင်လွှဲနိုင်ပါစေ
အမှားသရုပ်ပြဆက်ဆံဖြေရှင်းသွားတဲ့ ဗိုလ်မှူး(အငြိမ်းစား)ကို ကျေးဇူးတင်ရင်း အဆိုး အကောင်း ခွဲခြားမှတ်ယူနိုင်ပါစေ

ယခုလောက်ဆိုလျှင်အဆိုပါဗိုလ်မှူးအငြိမ်းစားသည် ကျွန်တော်ရေးပေးလိုက်သည့်ချလန်အား ကြည့်ရှုကာ ဒေါသထွက်နေမည်လား အမှန်မြင်နိုင်မည်လား ကျွန်တော်မသိ ကျွန်တော်ကတော့ ထိုအဖြစ်အပျက်အား မှတ်တမ်းတင်ဖမ်းယူထားသည့် ကားအတွင်းမှ cctv မှတ်တမ်းလေးအားပြန်လည်ကြည့်ရှုလျှက်..

ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ
4.12.2016
တဆင့်ပြန်လည်မျှဝေပါတယ်
လေးစာစွာဖြင့်
MS

No comments:

Post a Comment