Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, May 13, 2017

ထိုင်းနိုင်ငံ စာမွတ်စာခွန်ခရိုင်တွင် မြန်မာအလုပ်သမတစ်ဦး လမ်းဘေး၌ သေဆုံးမှုဖြစ်ပွား



စာမွန်စာခွန် ၊ မေ ၁၂ ရက်

ထိုင်းနိုင်ငံ ၊ စာမွတ်စာခွန်ခရိုင် ၊ အုန်းနွဲ့နယ်မြေ တွင် မြန်မာအလုပ်သမတစ်ဦး မေလ ၁၁ ရက်နေ့ ည ကိုးနာရီခန့်က လမ်းဘေးရေမြောင်းထဲတွင် သေဆုံးမှုဖြစ်စဉ်တစ်ခု ဖြစ်ပွားကြောင်းသိရသည်။

သေဆုံးသူ မြန်မာအမျိုးသမီး အလုပ်သမ မှာ အသက် ၃၇ နှစ်အရွယ် မသန္ဒာမြင့် ဆိုသူ ဖြစ်ပြီး ဆွေမျိုးသားချင်းမရှိ သူငယ်ချင်းမိန်းကလေးနှင့် အတူနေထိုင်၍ စာမွတ်စာခွန်ခရိုင် အုန်းနွဲ့နယ်မြေ ဆင်နှစ်ကောင်လမ်းရှိ ဆိုဖာပြုလုပ်သည့် အလုပ်ရုံတွင် အလုပ် လုပ်ကိုင်နေပြီး အခင်းဖြစ်ပွားသည့် ညပိုင်း က သူမနေထိုင် ရာ ဖိကဆင် ၁၂၄ လမ်း မှ ညစာစားရန် ကွတ်တီယိုသွားဝယ်ရာမှ အခန်းပြန်မရောက်လာသဖြင့် သူငယ်ချင်းများ လိုက်ရှာရာ လမ်းဘေး ရေမြောင်းအတွင်း သေဆုံးနေသည်ကို တွေ့ရကြောင်း သိရသည်။


သူမသေဆုံးသည့် အခင်းဖြစ်နေရာအနီးဝန်းကျင် နေထိုင်သူများ၏ပြောကြားချက်အရ အခင်းမဖြစ်ပွားမှီ ရန်ဖြစ်နေသည့်အသံတစ်ချို့ကြားရကြောင်း ၊ တစ်ချို့မှလည်း ကားတိုက်ခံရပြီး ရေမြောင်းထဲ ပြုတ်ကျသေဆုံးခြင်း ဖြစ်နိင်ကြောင်းပြောသည် သေဆုံးသူမ၏ ခြေသလုံးတွင် ဒဏ်ရာအနည်းငယ်တွေ့ရှိရကြောင်း ၊ သေဆုံးသူရုပ်အလောင်းအား ကထုဘန်မြို့နယ်ဆေးရုံရေခဲတိုက်တွင် ထားရှိကြောင်း ၊ မြန်မာနိုင်ငံရှိ မသန္ဒာမြင့် ၏ မိဘဆွေမျိုးများ ဆက်သွယ်နိုင်ရန် ထိုင်းအခြေစိုက် မြန်မာအလုပ်သမားများအကူအညီပေး ရေးအဖွဲ့ AAC မဟာမိတ်အဖွဲ့မှ ထိုင်းတာဝန်ရှိအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ အမှုမှန်ဖေါ်ထုတ်နိုင်ရေး လိုအပ်သည်ကူညီဆောင်ရွက်မှုများပေးလျှက်ရှိကြောင်း ထိုင်းနိုင်ငံမှလာသည့်သတင်းများအရသိရသည်။

ကော့သောင်း (ပြန်/ဆက်)

No comments:

Post a Comment