Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 9, 2017

ညသန်းခေါင်ယံ ချိန်းတွေ့တဲ့စုံတွဲ ဆိုင်ကယ်ရိုက်လုခံရ


မုံရွာ၊ ​မေ ၉။

မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်၊ သုံးပေါက် တံတားအနီးတွင် မေလ ၇ ရက် ည သန်းခေါင်ယံအချိန် ၁၁နာရီခွဲတွင် ချိန်းတွေ့နေသော စုံတွဲတစ်တွဲမှာ အရိုက်ခံရပြီး ဆိုင်ကယ် လုပြေးခံရမှုဖြစ်ပွားခဲ့ကြောင်း ကာယကံရှင်များရဲစခန်းသို့ တိုင်ကြားချက်အရ သိရသည်။

၎င်းတို့သည် ဆိုင်ကယ်အား ကျောပေး၍ စကားပြောနေခိုက် လူငယ်နှစ်ဦးရောက်လာပြီး ရိုက်နှက်ရာ သတိလစ်မေ့မျောသွားခဲ့ကြောင်း သိရသည်။ နံနက်ပိုင်းရောက်ချိန်တွင် ပြန်လည် သတိရခိုက် ၄င်းတို့၏ ဆိုင်ကယ်နှင့်ပစ္စည်းများမှာ မရှိတော့သဖြင့် မုံရွာဆေးရုံကြီးသို့ တက်ရောက်၍ ဆေးကုသခံပြီး ရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အမှုကို မုံရွာမြို့မရဲစခန်းတွင် အမှုကြီးအမှတ် ၃/၁၇ ပုဒ်မ ၃၉၄ ဖြင့်အမှုဖွင့်ပြီး စခန်းမှူး ဒုရဲမှူး ကျင်စိန်မှ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

ဟိန်းလင်းသန့်
Central News Myanmar
https://www.facebook.com/CNMyanmar/

No comments:

Post a Comment