Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, May 26, 2017

ပင်လုံ ညီလာခံဆိုတာ ဘယ်ပါတီ ဘယ်အဖွဲ့အစည်း အတွက်မှ မဟုတ်ပဲ တိုင်းပြည် အတွက်ပဲဖြစ်ပါတယ်.....


NLD ကိုမကြိုက်ဘူး.. ရတယ်..
ဒေါ်အောင်ဆန်းစုကြည်ကို မကြိုက်ဘူးရသေးတယ်...

NLD ကို ဝေဖန်မလား.. ရတယ်.. ဝေဖန်..
ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန် တိုက်ခိုက် ရသေးတယ်.. တိုက်ခိုက်

ခုတော့ဗျာ..

ပင်လုံ ကို ခင်ဗျားတို့တတွေ ဟာသ တစ်ခုအဖြစ်..
ရီစရာ တစ်ခု အဖြစ် တိုက်ခိုက် ကန့်ကွက်နေတာကတော့
တော်တော်လွန်သွားပြီ..

ပင်လုံ ညီလာခံဆိုတာ .....

ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်စားမပြုသလို
NLD ပါတီ အတွက်လည်း မဟုတ်ဘူး...

ပင်လုံ ညီလာခံဆိုတာ

ဘယ်ပါတီ ဘယ်အဖွဲ့အစည်း အတွက်မှ မဟုတ်ပဲ
တိုင်းပြည် အတွက်ပဲဖြစ်ပါတယ်.....

တိုင်းရင်းသား ပေါင်းစုံ တော်ပေါ်မြေပြန့် အားလုံးကို ကိုယ်စားပြုနေတာ ဆိုတာ
ခင်ဗျားတို့ မသိနိုင်စရာ အကြောင်းမရှိဘူး....

အဲ့ဒါကိုဗျာ.. ခင်ဗျားတို့တတွေ လုပ်ရက်ကြတယ်...

အတိတ်ဆိုတာ ပြန်ပြောပြဖို့ မဟုတ်သလို... မေ့ပစ်ဖို့လည်း မဟုတ်ဘူး...

ရှေ့တန်း သွားနေတဲ့ အဖေ ကို စိတ်ပူစွာနဲ့ အိမ်ပြန်လာမယ့် အချိန် ရင်တစ်ထိတ်ထိတ် မျှော်နေရတဲ့ သား/သမီး တစ်ယောက်ရဲ့ စိတ်ကို ခင်ဗျားတို့ ခံစားဖူးလား..

ရှေ့တန်းထွက်နေတဲ့ ယောက်ျား ဘေးမသီရန်မခဖို့ ဘုရားဆင်ရှေ့ ဆုတောင်းမပျက် တဲ့ မိန်းမ တစ်ယောက် ခံစားချက် မြင်ကွင်း ခင်ဗျားတို့မြင်ဖူးလား......

အိမ်ကို စာပို့သမားလာမှာကို သေမင်းထက် ကြောက်ခဲ့ရတဲ့ မိသားစုရဲ့စိတ်ခံစားချက်တွေ ခင်ဗျားတို့ ခံစားဖူးလား.....

ပတ်ဝန်းကျင်မှာ ဖခင်ဆုံးရှုံးသွားလို့ ငွေကြွေးနေကြတဲ့ သား/သမီးတွေ ရဲ့ ငိုသံတွေကို ခင်ဗျားတို့ ကြားဖူးလား...

စစ်တွေဖြစ်လို့ လွတ်ရာ ထွက်ပြေးရတဲ့ ဘ၀တွေကို ခင်ဗျားတို့ ဖြတ်သန်းဖူးလား..

ဆန်ထည့်တဲ့ စဥ့်အိုးထဲမှာ မိသားစုက ဖွက်ခဲ့ရတဲ့ ကလေးတစ်ယောက်ရဲ့ ဘ၀ကို ခင်ဗျားတို့ ကိုယ်ချင်းစာနိုင်မလား...

ခုက ခင်ဗျားတို့က အစိုးရကို တိုက်ခိုက်နေတာလည်း မဟုတ်သလို NLD ပါတီ ကို စော်ကားနေကြတာ မဟုတ်တော့ဘူး..

တမျိုးသားလုံးကို စော်ကားနေကြတာ... Keyboard လေးမှာ မြန်မာလို ရိုက်တတ်ရုံနဲ့အဟုတ်ထင်နေကြတာ.... နေရာတိုင်း အကျိုးအကြောင်းရှိတယ်..

အခု ခင်ဗျားတို့ ဖြစ်နေတဲ့ စိတ်က အသားထဲကလောက်ထွက် အမျိုးဖျက်
သစာဖောက် တစ်ယောက်ရဲ့ စိတ် ဖြစ်နေတယ် ဆို ခင်ဗျားတို့ တွေးမိကြရဲ့လား...

ပင်လုံ ဆိုတာရော ခင်ဗျားတို့ကောင်းကောင်းသိရဲ့လား...
ပင်လုံ ရဲ့ ရည်ရွယ်ချက်ဆိုတာ ဘာလဲရော သိကြလား...

ကျုပ်တို့ အတွက်လည်းမဟုတ်သလို ခင်ဗျားတို့ အတွက်လည်းမဟုတ်ဘူး..

ခင်ဗျားတို့ ကျုပ်တို့ နောက်.....
နောင်လာမယ့် မျိုးဆက်သစ်တွေ အတွက်

အခုလက်ရှိ ကျုပ်တို့ ခင်ဗျားတို့ခံစားနေရသလို.. ဖြတ်သန်းနေရသလို
နောင်လာမယ့် မျိုးဆက်သစ်တွေ မခံစားရအောင် မဖြတ်သန်းရအောင်

တောင်ပေါ်မြေပြန့် အားလုံး ပူးပေါင်းလုပ်ဆောင်နေတဲ့ အချိန်မှာ
ခင်ဗျားတို့တတွေက ပင်လုံ ကို ဟာသတစ်ခုလို ပြက်လုံးတစ်ခုလုံး
ဟားတိုက်ရယ်မောနိုင်တာ တော်ရုံ စိတ်နဲ့ တော့ မရဘူး....

ခင်ဗျားတို့ မပူးပေါင်းရင်နေကြပါ......
ဒါပေမယ့် ခင်ဗျားတို့ အသားထဲက လောက်တော့ မဖြစ်ချင်ကြစမ်းပါနဲ့....

ဒါဟာ ကမ္ဗည်းတင်မည့် သမိုင်း တစ်ခု ...
အဲ့သမိုင်း ထဲမှာ ခင်ဗျားတို့ အမည်းစက် အဖြစ် တစ်ခုအနေနဲ့ပါသွားချင်လား....

ခင်ဗျားတို့ ကိုယ့်ကိုကိုယ်ပြန်မေး...
နိုင်ငံအတွက် မပြောနဲ့....
ခင်ဗျား ရဲ့မိသားစု
ခင်ဗျားရဲ့ ပတ်ဝန်ကျင် အတွက်
ခင်ဗျားတို့ လက်ရှိရောက်နေတဲ့ အသက်အရွယ်ထိ
ဘာတွေပေးဆပ်ပြီးပြီလည်း..
ဘာတွေ စွန့်လွတ် အနစ်နာခံခဲ့သလည်းဆိုတာ.. ပြန်တွေး ကြစမ်းပါ...
ရှက်တတ်ပါစေ...

ခင်ဗျားတို့ လုပ်နေတဲ့ လုပ်ရပ် NLD ပါတီတိုက်ခိုက်နေတာလည်း မဟုတ်သလို.
ဒေါ်အောင်ဆန်းစုကြည် ကို တိုက်ခိုက်နေကြတာမဟုတ်ဘူး..

တတိုင်းပြည်လုံး မျှော်လင့်တောင်းတနေကြတဲ့ ငြိမ်းချမ်းရေး ငှက်ကို ခင်ဗျားတို့ ရိုက်သတ်ဖို့ ကြံနေကြတယ်ဆိုတာ ခင်ဗျားတို့ သိလား...

မြန်မာစာလေး ရိုက်တတ်ရုံနဲ့ ... နိုင်ငံရေး သိနိုင်မယ် မထင်နဲ့.....

ခင်ဗျားတို့ ပြန်တွေးကြစမ်းပါ သေချာ..

ဒီမြေနေ ဒီရေကိုသောက် ဒီလေကို ရူရှိုက်နေပြီ..
ဒီမြေ ကို သစ္စာဖောက်ဖို့ ကြံနေရင်တော့
ခင်ဗျားတို့ တော်တော်မှားသွားပြီ.... ..

ပင်လုံ ဆိုတာ.... ဘာလဲ

■ပင်လုံ ဆိုတာ....
သေနတ်တွေကို ချ
လက်တွေကို ပြလို့
တချိန်က
ကျားတက်ထိုးကြတဲ့ နယ်မြေမှာ
ရိုးရာအကတွေနဲ့
ညတွေကို တန်ဆာဆင်ဖို့...
.
.
■ပင်လုံ ဆိုတာ....
မိုင်းတွေကို ရှင်း
လမ်းတွေ ခင်းလို့
တချိန်က
အသက်ပြင်းပြင်း မရှုရဲခဲ့တဲ့ နယ်မြေမှာ
သီချင်းဆိုကြရင်းနဲ့
တောတောင်ရှုခင်းတွေကို ငေးမောခံစားကြဖို့
.
.
■ပင်လုံ ဆိုတာ....
ဘိန်းခင်းတွေကို ဖျောက်
စာသင်ကျောင်းတွေ ဆောက်လို့
တချိန်က
ကျည်ဆံတွေကိုကြောက်နေရတဲ့နယ်မြေမှာ
အလံတလူလူနဲ့
ကျောင်းသားတွေရဲ့ စာအံသံတွေ ကြားစေရဖို့
.
.
■ပင်လုံ ဆိုတာ....
ဗုံးခိုကျင်းကထွက်
ကျောင်းတွေတက်လို့
တချိန်က
အသက်လုပြေးခဲ့ဖူးတဲ့ နယ်မြေမှာ
သူငယ်ချင်းတွေနဲ့
စိမ်ပြေးတမ်း ကစားကြဖို့
.
.
■ပင်လုံ ဆိုတာ....
သံသယတွေကို ချိုး
ယုံကြည်မှုတွေ တိုးလို့
တချိန်က
အတ္တချင်း စီးချင်းထိုးခဲ့ကြတဲ့ ဒီမြေမှာ
နားလည်မှုတွေနဲ့
တိုင်းပြည်အကျိုးကို သယ်ပိုးကြဖို့
.
.
■ပင်လုံ ဆိုတာ....
လက်ညိုးတွေကို ရုတ်
လက်ဖဝါးချင်း ဆုပ်လို့
တချိန်က
အချင်းချင်း အမျိုးယုတ်တွေလို့ဆဲခဲ့ဖူးတဲ့ ဒီမြေမှာ
ငြိမ်းချမ်းမှုတွေနဲ့
မေတ္တာပို့ဆုတောင်းပွဲတွေကို ပြုလုပ်ကြဖို့....
.
.
■ပင်လုံ ဆိုတာ....
ဗုံးသံတွေ ရပ်
အမုန်းရန်တွေ ဖြတ်ဖို့
အပြုံးအမှန်တွေနဲ့ တက်ခဲ့ကြတဲ့
ဒီညီလာခံကြီးပြီးရင်တော့
အပူအပင်ကင်းတဲ့
သွေးချင်းတို့ရဲ့ သီချင်းသံတွေကို
ကမ္ဘာမြေအနှံ့ လွင့်ပျံသွားစေချင်လို့.........

ဒီမြေပေါ်မှာနေ ဒီမြေပေါ်ကလေကို ရူရှိုက်ရင်း

ခင်ဗျားတို့တတွေ လိပ်ပြာသန့်နိုင်ကြပါစေဗျာ.......

မြတ်ဟိန်းခန့်
Remark.. ကဗျာ Credit : YaeTayZa

No comments:

Post a Comment