Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 28, 2017

အောင်​​မြေသာစံရပ်​ကွက်​၊ အကွက်​ ၁၁၉ တွင်​ မီး​လောင်​မှုဖြစ်ပွား


မေ ၂၇

မေလ ၂၇ ရက်​​နေ့ နံနက်​ ၁၁ နာရီ ၂၀ မိနစ်​ အချိန်​ခန့်​က မန္တ​လေးမြို့၊ ​အောင်​​မြေသာစံမြို့နယ်​၊ အကွက်​ ၁၁၉၊ ၂၀×၂၁လမ်းကြား၊၈၆×၈၇လမ်းကြား ​နေအိမ်​​အ​ပေါ်ထပ်​ မီးဖိုခန်းမှ မီး​လောင်​မှုဖြစ်​ပွား​ကြောင်း သိရသည်။

မီး​လောင်​မှုဖြစ်​ပွားရာသို့ တိုင်း​ဒေသကြီးမီးသတ်​ဦးစီးမှူးဦးသန်း​ဇော်​ဦး ဦးစီးသည့်​ သ​န္ဓေနှင့်​ အရံမီးသတ်​တပ်​ဖွဲ့ဝင်​ ၁၉၀ ဦး၊ မီးငြှိမ်းသတ်​ယာဉ်​ ၂၅ စီး၊ ​ရေသယ်​ယာဉ်​ (၅)စီး၊ အုပ်​ချုပ်​မှုယာဉ်​ ၂ စီး၊ ကြက်​​ခြေနီတပ်​ဖွဲ့ဝင်​ ၂၆ ဦးဖြင့်​ဝိုင်းဝန်းငြှိမ်းသတ်​ခဲ့ရာ ၁၁နာရီ ၃၀ မိနစ်အချိန်​တွင်​ မီးငြိမ်းကြောင်း မီးသတ်မှတ်တမ်းများအရ သိရသည်​။

မီး​လောင်​မှုတွင်​ ၃၅ ပေ × ၂၂ ​ပေရှိ နံကပ်​ နှစ်​ထပ်​ အ​​ပေါ်ထပ်​ မီးဖိုခန်းမှ စတင်​​လောင်​ကျွမ်း​ကြောင်း သိရပြီး မီးလောင်​မှုဖြစ်​ပွားရသည့်​အ​ကြောင်းအား စုံစမ်းဆဲဖြစ်​ကာ (၁၅၀၀၀၀)ကျပ်​ မီး​လောင်​ဆုံးရှုံး​​ကြောင်းသိရသည်​။

မီး​လောင်​မှုနှင့်​ပတ်​သက်​၍ မီး​ပေါ့ဆစွာအသုံးပြုသူ ဦး​မောင်​​မောင်​​ထွေး ၄၇နှစ်​၊ (ဘ) ဦးစိုးမင်း တွင်​ခုံလုပ်​ငန်း လုပ်​ကိုင်​သူကို ​အောင်​​မြေသာစံမြို့နယ်​၊ မြို့မရဲစခန်း (ပ) ၂၅၂/ ၂၀၁၇၊ ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ ၂၈၅ဖြင့်​ အမှုဖွင့်​ အ​ရေးယူထားရှိကြောင်း သိရသည်​။

Ah Lin Nge
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/

No comments:

Post a Comment