Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 3, 2017

၂၀၁၇ ခုနှစ်မဟာသင်္ကြန်တွင် IRON CROSS အဖွဲ့ ကိုယ်ပိုင်မဏ္ဍပ်ဖြင့် မန္တလေးတွင် Show ပွဲပြုလုပ်ဧည့်ခံမည်

 
၂၀၁၇ ခုနှစ်မဟာသင်္ကြန်တွင် IRON CROSS အဖွဲ့ ကိုယ်ပိုင်မဏ္ဍပ်ဖြင့် မန္တလေးတွင် Show ပွဲပြုလုပ်ဧည့်ခံမည်

၂ဝ၁၇ ခုနှစ် မန္တလေး မဟာသင်္ကြန်တွင် IRON CROSS တေးဂီတအဖွဲ့သည် ကိုယ်ပိုင်မဏ္ဍပ်ဖြင့် ဧပြီလ ၁၄ ရက်နေ့ မှ ၁၆ ရက်နေ့ အထိ ဧည့်ခံဖျော်ဖြေမည်ဖြစ်ကြောင်းသိရသည်။
 
IRON CROSS အဖွဲ့ မဏ္ဍပ်တည်နေရာမှာ မန္တလေးမြို့ ကျုံးမြောက်ဖက် တိရိစ္ဆာန်ဥယျာဉ်ရှေ့ တွင်ဖြစ်ပြီး ပင်တိုင်တေးသံရှင်များ ဖြစ်သည့် လေးဖြူ၊ အငဲ၊ မျိုးကြီး၊ ဝိုင်ဝိုင်း နှင့်အတူ အခြား တေးသံရှင်များလည်း ပါဝင်သီဆို ကြမည်ဖြစ်သည်။
 
၂၀၁၇ သင်္ကြန် မန္တလေးမြို့တွင် IRON CROSS အဖွဲ့၏ ကိုယ်ပိုင်မဏ္ဍပ်ဖြစ်မြောက်ရေးအတွက် KBZ BANK က အဓိကပံ့ပိုးပေးထားပြီး Strong Source Holding Co.,Ltd. လက်အောက်ရှိ Hotel SS (Aung Ban) ၊ CNC Men’s Wear တို့က ပါင်ပံ့ပိုးပေးထားကြောင်းသိရသည်။
ပံ့ပိုးကူညီမှုများအတွက် IRON CROSS အဖွဲ့ သားအားလုံးမှ အထူးကျေးဇူးတင်ရှိကြောင်း IRON CROSS အဖွဲ့၏ လူမှုကွန်ရက်တွင်ရေးသားဖော်ပြထားသည်။
MUNA

No comments:

Post a Comment