Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 3, 2017

လာဘ်စားမှုမှာ ပြတ်သားတဲ့ လီကွမ်ယု

"လာဘ်စားမှုမှာ ပြတ်သားတဲ့ လီကွမ်ယု"
 


စင်္ကာပူဝန်ကြီးချုပ် လီကွမ်ယုဟာ ၁၉၈၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ကျင်းပတဲ့ စင်္ကာပူလွတ်တော် အစည်းအဝေး စစချင်းမှာပဲ သူ့အိပ်ထဲက စာတစောင်ကို ထုတ်ပြီး တက်ရောက်လာသူ ကိုယ်စားလှယ်များကို ဖတ်ပြလိုက်ပါတယ်။

စာထဲမှာ ရေးထားတာက -

ဝန်ကြီးချုပ် ခင်ဗျား
ကျနော် လွန်ခဲ့တဲ့ ၂ ပတ်အတွင်းမှာ အရမ်းစိတ်ဓါတ်ကျ၊ စိတ်ဆင်းရဲခဲ့ပါတယ်။ ကံမကောင်းတဲ့ အဖြစ်ဆိုးအတွက် ကျနော့်မှာ လုံးဝ တာဝန်ရှိပါတယ်။ ဒါကြောင့်မို့ အဲဒီ အမှားအတွက် ကျနော် အကြီးဆုံးပြစ်ဒဏ်ကို ကျခံသွားပါမယ်။
လေးစားစွာဖြင့်
တေးချင်ဝမ် (Teh Cheang Wan)

အဲဒီစာကို ဖတ်ပြပြီးတော့ လီကွမ်ယုက ခုလို ဆက်ပြောပါတယ်။ "ကျနော် ဒီစာကို ရတဲ့ အချိန်မှာ သူ လူ့လောကြီးမှာ မရှိတော့ပါဘူး။ သူ့ကိုယ်သူ အဆုံးစီရင်သွားပါပြီ"တဲ့။

တေးချင်ဝမ်ဆိုတာ ဘယ်သူလဲ။ 
သူဟာ စင်္ကာပူနိုင်ငံ ထူထောင်စမှာ လူနေအိမ်တွေ၊ အဆောက်အဦတွေ တည်ဆောက်ရေးမှာ တာဝန်ယူရတဲ့ National Development Ministry ရဲ့ ဝန်ကြီးပါ။ သူ မကွယ်လွန်ချိန်ထိ ၇ နှစ်ကြာ ဝန်ကြီးဖြစ်ခဲ့ပါတယ်။

ဘာလို့ သူ့ကိုယ်သူ အဆုံးစီရင်သွားတာလဲ။ 
လာဘ်စားမှုအတွက် အစစ်ဆေးခံရလို့ပါ။ ၁၉၈၆ ခုနှစ်မှာ လာဘ်စားမှုတိုက်ဖျက်ရေးအဖွဲ့ (CPIB) ရဲ့ ညွှန်ကြားရေးမှူးက လီကွမ်ယုဆီကို စာတစောင်ပို့လိုက်တယ်။ စာထဲမှာ ဝန်ကြီးတေးချင်ဝမ်ဟာ ၁၉၈၁ ခုနှစ်နဲ့ ၁၉၈၂ ခုနှစ်ကြားမှာ ဆောက်လုပ်ရေးကန်ထရိုက်တာတွေဆီက လာဘ်ငွေစင်္ကာပူဒေါ်လာ ၅ သိန်းစီ ၂ ကြိမ်ယူခဲ့ကြောင်း အထောက်အထားခိုင်လုံစွာ တွေ့နေလို့ သူ့ကို ခေါ်ယူစစ်ဆေးချင်တယ်တဲ့။ တေးနဲ့ လီကွမ်ယုတို့ဟာ စင်္ကာပူနိုင်ငံကို မလေးရှားနိုင်ငံက ခွဲမထွက်ခင်ကတဲက နိုင်ငံရေးကို အတူဒုက္ခခံပြီး လက်တွဲလုပ်ခဲ့လို့ အရမ်းရင်းနှီးကြသလို သူတို့မိသားစုတွေဟာလဲ အရမ်းရင်းနီးကြတယ်။

ဒါပေမဲ့ လီကွမ်ယုဟာ လာဘ်စားမှုကို ဆက်စစ်ဖို့ CPIB ကို ညွှန်ကြားလိုက်တယ်။ CPIB က စစ်ဆေးရင်းနဲ့ ကန်ထရိုက်တာတွေကလဲ ဝန်ကြီးတေးကို လာဘ်ပေးခဲ့တာ မှန်ကြောင်း ဝန်ခံတယ်။ စစ်ဆေးဆဲကာလမှာ ဝန်ကြီးတေးဟာ လီကွမ်ယုကို လာတွေ့ချင်တယ်လို့ စာပို့တယ်။ လီကွမ်ယုက လာဘ်စားတဲ့အမှု စစ်တာပြီးသွားမှ အတွေ့ခံမယ်လို့ အကြောင်းပြန်လိုက်တယ်။ အမှုစစ်တာ မပြီးခင်မှာပဲ တေးဟာ သတ်သေသွားတယ်။

CPIB အဖွဲ့ကြီးဟာ ဝန်ကြီးချုပ်တဦးထဲကိုပဲ တာဝန်ခံရတာမို့ အဲဒီလာဘ်စားမှုကို လီကွမ်ယုက မစစ်နဲ့လို့ ပြောလိုက်ရင် ဆက်စစ်လို့မရတော့သလို အဲဒီကိစ္စကိုလဲ အစိုးရအဖွဲ့ရော လူထုပါ လုံးဝမသိနိုင်ပါဘူး။ 

ဒါပေမဲ့ လီကွမ်ယုဟာ မှားနေတဲ့ သူငယ်ချင်းကို ကာကွယ်ပေးမလား။ လာဘ်စားမှုကို တိုက်ဖျက်မလား ဆိုတဲ့ကိစ္စမှာ တိုင်းပြည်နဲ့ လူထုအတွက် အမှန်တရားဖက်ကိုလိုက်ပြီး  ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့ပါတယ်။

လီကွမ်ယုက သူ့စကားအဆုံးမှာ လွှတ်တော်ကို အခုလိုပြောခဲ့ပါတယ်။ "ဘယ်ဝန်ကြီးဖြစ်ဖြစ် လာဘ်စားမှုနဲ့ပတ်သက်ရင် အစစ်ခံရပါမယ်"။ အမှန်ကတော့ လွှတ်တော်ကို ပြောသလိုလိုနဲ့ သူ့ဝန်ကြီးအားလုံးကို တပ်လှန့်သတိပေးလိုက်တာပါ။

မှတ်ချက်။ CPIB ရဲ့ အရှည်က "Corrupt Practices Investigation Bureau" ပါ။

Credit, ဗန်းမော်သိန်းဖေ
 

No comments:

Post a Comment