အစိုးရအလုပ်ထဲ ၀င်တော့မည် သမ္မတ ဒေါ်နယ်ထရမ့်၏သမီး ၄င်း၏ ပိုင်ဆိုင်မှုမျာကို ကြေညာ
Monday, April 3, 2017
အမေရိကန် သမ္မတသစ် ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့ရှိ ပုဂ္ဂိုလ်တို့၏ ပိုင်ဆိုင်မှုများကို ဥပဒေကြောင်း လိုအပ်ချက်အရ ပိုင်ဆိုင်မှု ကြေညာချက်များ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ထိုသို့ကြေညာရာတွင် သမ္မသစ် ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့ဝင် အားလုံး၏ ပိုင်ဆိုင်မှု စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ နီးပါး ရှိသည်ဟု လည်း ခန့်မှန်းပြောကြားခြင်းများ ရှိသည်။
အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုများထဲတွင်လည်း သမ္မတ ဒေါ်နယ်ထရမ့်၏ လက်ထောက်အဖြစ် ခန့်ထားသည့် သမ္မတထရမ့်၏ သမီး အီဗန်ကာထရမ့်နှင့် သူ၏အမျိုးသားတို့၏ ပိုင်ဆိုင်မှုသည်လည်း အပါအ၀င်ပင်ဖြစ်သည်။ ၄င်းတို့နှစ်ဦး၏ ပိုင်ဆိုင်မှုစာရင်းအရ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်ရှိကြောင်း သိရသည်။
ထို့အပြင် ပိုင်ဆိုင်မှုကြေညာရာတွင် အစိုးရအဖွဲ့ဝင်အဖြစ် ပါဝင်သည့် ထိပ်တန်း စီးပွားရေး အကြံပေး ဂယ်ရီကုံးန်အနေဖြင့်လည်း အမေရိကန် ဒေါ်လာ သန်း ၂၀၀ ကျော် ပိုင်ဆိုင်မှုရှိကြောင်းလည်း ဘီဘီစီ သတင်းစာမျက်နှာအရ သိရသည်။
The Ladies News
No comments:
Post a Comment