Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 15, 2017

မွှား

 ၃ လပိုင်း ၆ ရက်နေ့က ကျောကုန်းအပေါ်နားက ဒဏ်လိုမျိုးဖြစ်ပြီး အရမ်းနာနေတယ်, ကိုယ်လည်း အမှုမဲ့ အမှတ်မဲ့ပဲနေနေလိုက်တာ နောက်နေ့မနက် ရေချိုးတော့မှကြည့်လိုက်မိတာ မှဲ့အလုံးလေးဖြစ်နေတယ်, လုံးဝအထိမခံနိုင်ဘူး အရမ်းနာတယ်, အသားပိုကို ကုတ်လိုက်မိလို့ နာနေတယ်ပဲထင်တာ,
ညနေလောက်ကျတော့ အရမ်းနာလာလို့ အိမ်နားက မြန်မာအရေပြားဆေးခန်းကို သွားပြလိုက်တယ်, ဆေးခန်းကဆရာဝန်ရော ဆေးပေးတဲ့ဆရာမတွေကပါ ဘာမှန်းမသိလို့ မလုပ်ပေးရဲဘူးပြောတယ်, မှဲ့လား အသားပိုလားဆို မသိဘူးတဲ့,
 ဒါပေမယ့် လုံးဝအထိမခံနိုင်အောင် အရမ်းနာနေတာ, သူတို့က SSC ဒါမှမဟုတ် သျှင်ပါကူသွားလိုက်ပါညွှန်းတယ်, ဒါနဲ့အလုပ်ကိုပြန်လာပြီး SSC သွားမယ်လုပ်တော့ ဆိုင်ကကလေးတစ်ယောက်က အကိုကြီးအဲ့ဒါ အကောင်ကိုက်နေတာတဲ့, အကောင်လား မှဲ့လားသေတော့မသေချာဘူးတဲ့, ကျွန်တော်လည်းမထူးဘူး ဖြစ်ချင်ရာဖြစ် ရအောင်ဖဲ့ချလိုက်ကွာဆိုတော့ သူတို့လည်းတစ်ရှုးနဲ့အတင်းဆွဲခွာကြတယ် (အဲ့အချိန်မှာနာတဲ့ခံစားမှုက ဘာနဲ့မှနှိုင်းပြမရအောင်တော်တော်နာတယ်), သူတို့လက်ထဲပါလာတာက မှဲ့လည်းမဟုတ် အသားပိုလည်းမဟုတ်ပဲ အကောင်လေးတစ်ကောင်ပါ, စာရွက်ပေါ်ပြစ်ချလိုက်တော့ အဲ့အကောင်က လျှောက်ပြေးနေသေးတယ်, အဲ့အကောင်က ကျွန်တော့်ကို တစ်ညနဲ့တစ်ရက် ကိုက်နေတာ, အကောင်ကလည်း တော်တော်မြုတ်နေပြီအသားထဲကို, အကောင်ထွက်သွားပြီး ၂ ပတ်လောက်ထိ အထိမခံနိုင်အောင် တော်တော်နာပြီးကျန်ခဲ့တယ်, အဲ့အကောင်ဘယ်ကရောက်လာလည်း စဉ်းစားတော့ အဲ့နေ့ညနေက အင်္ကျီအသစ်တစ်ထည်ဝယ်ပြီး မလျှော်ပဲတန်းဝတ်လိုက်တာ, အဲ့ကပါလာတယ်ထင်တာပါပဲ,



ဒါပေမယ့် ဒီနေ့မနက် အနာက နီရဲပြီး ဖောင်းတက်လာလို့ အမေကပါစိတ်ပူပြီး ဆေးခန်းသွားဆိုလို့ SSC က အရေပြားဆရာဝန်ကြီးသွားပြတော့ minor operation တန်းလုပ်ရမယ်ပြောပါတယ်, ဒါနဲ့ ဒီနေ့ညနေ ၆:၃၀ မှာ ခွဲခန်းဝင်ခဲ့ရပါတယ်, အခုတော့ ပိုက်ဆံလည်းကုန်ပြီဆိုတော့ သက်သာသွားပါပြီ.. သူငယ်ချင်းတွေကိုသတိပေးချင်တာက အင်္ကျီအသစ်တွေဘာတွေဝတ်မယ်ဆို လျှော်ပြီးမှဝတ်ကြပါ... ကိုယ်တွေကတော့ အကောင်သေးသေးလေးတစ်ကောင်ကြောင့် အီစိမ့်သွားတာပဲ 😢😢
Aung Pyae Phyo
https://www.facebook.com/AungPyaePhyo1985/posts/1369890303032573

No comments:

Post a Comment